Not Your Kitty | WonJake

842 81 27
                                    



🐝



"အစ်ကို... ကျွန်တော့်ကို ကြည့်ဦးဆိုနေ"

"အစ်ကို ညနေကျ ကျွန်တော် ဟိုကဖေးမှာစောင့်နေမှာ"

"အစ်ကို ကျွန်တော့်ကိုစာပြပေးဦး"

"အစ်ကို ဒါလေး အစ်ကို့တွက်ဝယ်လာတာ"

"အစ်ကို"

"အစ်ကို"

"အစ်ကို"

"အစ်ကို"

နောက်ကနေ အမြဲတကောက်ကောက်လိုက်ပြီး နေ့တိုင်းနားမထောင်နိုင်အောင် ကြားနေရတဲ့ အသံစာစာတွေ။

ခေါင်းကိုက်စရာကို ရှောင်ကာမှ ရှောင်တဲ့ခေါင်းကိုက်စရာထက် ပိုပြီး ဆိုးတဲ့ဟာလေးနဲ့ တည့်တည့်တိုးနေရတယ်။ ဒီလိုမှန်းသိ အိမ်မှာပဲ ကြိတ်မှိတ်နေပြီး စိတ်ညစ်ခံခဲ့ပါတယ်။ ခုတော့ ဂျယ်ယွန်းဘဝလေးက သနားစရာ။

🐝

ဂျယ်ယွန်းအထက်တန်းနောက်ဆုံးနှစ်မှာ ဖေဖေနဲ့မေမေကွာရှင်းခဲ့တယ်။ ဂျယ်ယွန်းဟာ တိတ်ဆိတ်တဲ့ကလေးဆိုတဲ့အတိုင်းပဲ သဘောအတိုင်း အဆင်ပြေရာလုပ်ကြပါဆိုတဲ့ တစ်ခွန်းတည်းနဲ့ ရှောင်ထွက်ခဲ့တယ်။ သူဟာ ဒီလိုကွဲကွာခြင်းတွေကို စိတ်ဒဏ်ရာအနေနဲ့ ယူပြီးခံစားရမဲ့ အရွယ်လေးမဟုတ်တော့ပါဘူး။

မခံစားတတ်တာတော့မဟုတ်ပေမဲ့ပေါ့။

သူ့စကားကြောင့် ကွဲရကွာရတယ်၊ ဒါမှမဟုတ် ကွဲချင်တိုင်းလဲမကွဲရဘူးဆိုတာမျိုး ဂျယ်ယွန်းမဖြစ်ချင်ဘူး။ ဖေဖေက ဂျယ်ယွန်းဆီ မျက်ရည်တွေဝေ့ပြီး ရင်ဖွင့်လာတိုင်း၊ မကွာရှင်းချင်ပါဘူးလို့ပြောလာတိုင်း ဂျယ်ယွန်းဟာ ကျဉ်းထဲကြပ်ထဲရောက်သလို နေရခက်ပြီး အဖြေတွေပျောက်ရတယ်။ ဂျယ်ယွန်းဝင်စွက်ဖက်သင့်ရဲ့လား၊ ဝင်တားသင့်ရဲ့လားဆိုတာလဲ ဂျယ်ယွန်းမဆုံးဖြတ်တတ်ပါဘူး။ သူတို့ကိုယ်ရေးကိုယ်တာက သူတို့ကိစ္စပဲပေါ့။

You've reached the end of published parts.

⏰ Last updated: Apr 25 ⏰

Add this story to your Library to get notified about new parts!

𝖯𝗎𝗉𝗉𝗒'𝗌𝖳𝖺𝗅𝖾𝗌•[𝖩𝖺𝗄𝖾 𝖢𝖾𝗇𝗍𝗋𝗂𝖼 𝖲𝗁𝗈r𝗍s]Where stories live. Discover now