Arc1(အပိုင်း7)

1K 209 6
                                    

အပိုင်း7(ဆိုင်ရမ်မြို့)

လူစီသည်အိပ်ယာမှအပြည့်အဝမနိုးကြားသေးသောပုံစံဖြင့် ဟိုတယ်ထမင်းစားပွဲတွင်ထိုင်လိုက်၏။သူမသည် ပိုင်လျိုအားမှီကာဖြင့်သန်းဝေလိုက်သည်။ဂျက်မှာမူတစ်မနက်လုံးငိုက်မျည်းနေလျက်ရှိသည်။ဂျက်၏ မျက်လုံးအောက်ဘက်တွင်အမဲရောင်အကွင်း၂ကွင်းဖြစ်တည်နေပြီးမျက်တွင်းများလည်း ချောင်ကျနေသည့်အပြင် သူ၏အသားအရေမှာမီးခိုးပြာရောင်သမ်းနေ‌‌လေသည်။ဤသည်မှာပိုင်လျိုသူ၏စိတ်အထင်လားမသိသော်လည်း အန်ဒရီ၏မျက်စံများမှာမနေ့တုန်းကထက်ပို၍ကျုံ့သွားသည်ဟု ခံစားမိနေ၏။အန်ဒရီမှာမူ အလွန်အမင်းစိတ်လှုပ်ရှားနေကာသက်တောင့်သက်သာမရှိဖြစ်နေသည့်အပြင် စိတ်မရှည်သည့်အငွေ့အသက်များလည်းထွက်နေ၏။ထို့အပြင် သူ၏ကိုယ်ပေါ်၌ အရင်ရက်များကမရှိခဲ့ပါသော ငါးညှီနံပြင်းပြင်းသည်လည်းစိမ့်ထွက်ပျံလွင့်နေသည်။

ပိုင်လျိုအကြွေစေ့အားထုတ်လိုက်ပြီး အန်ဒရီရှိရာဘက်သို့ညွှန်လိုက်၏။

[NPCနာမည် : အန်ဒရီ(စိတ်ပိုင်းစိတ်ရာအမှတ်များကျဆင်းနေပါသည်။ကူးပြောင်းပေးခြင်းခံနေရ။]

အန်ဒရီကြည့်ရသည်မှာအလွန်အမင်းအစားစားချင်စိတ်ဖြစ်ပေါ်နေပုံပေါ်သည်။သူ၏ ပန်းကန်အကြီးကြီးပေါ်တွင် ဟိုတယ်မှကျွေးသောမနက်စာဘူဖေးများနှင့်ပြည့်နပ်နေကာ မြိန်ရည်ရှက်ရည်ရှိစွာဖြင့်စားသောက်နေ‌လေ၏။အန်ဒရီအားကြည့်ရသည်မှာ စိတ်မရှည်သောကြောင့်အစားအစာများအားသူ၏လည်ချောင်းအတွင်းသို့တိုက်ရိုက်လောင်းထည့်ချင်နေသည့်‌ပုံတောင်ပေါက်သည်။

ဤဟိုတယ်မှာပင်လယ်ကမ်းစပ်နှင့်နီးသောကြောင့် မနက်စာများမှာမူများသောအားဖြင့် ကင်၍ချက်ထားသော၊ပြုတ်ထားသောငါးများနှင့် ငါးကြော်များသာဖြစ်လေသည်။ငါးစွပ်ပြုတ်၏အနံမှာမွှေးပျံ့နေပြီး ငါးကင်မှာမူရွှေရောင်းသမ်းနေကာကြွပ်ရွနေ၏။၎င်းတို့အားမြင်ရသည်မှာအလွန်အမင်းအစားစားချင်စိတ်အားဖြစ်‌ပေါ်စေ၏။သို့သော်လည်းပိုင်လျိုနှာခေါင်းထဲ၌ ပုတ်နေသောငါးညှီနံအားရလိုက်သည်။ထိုအနံမှာမူ ငါးစိမ်းတန်း၌ငါးဖမ်းသမားများမှ ယင်ကောင်များဝိုင်းအုံနေသောအမှိုက်ပုံးထဲသို့လွှင့်ပစ်ထားသော ငါးအသေကောင်အနံနှင့်တူ‌လေ၏။ပိုင်လျိုမှာမူ ထိုလှပလွန်းသောငါးဟင်းလျှာများ၏အနားသို့ကပ်လိုက်သောအခါတွင် သူ၏အန်ချင်စိတ်အားမထိန်းနိုင်သကဲ့သို့နီးပါးဖြစ်သွား၏။

ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်းWhere stories live. Discover now