Arc1(အပိုင်း18)

962 178 5
                                    

အပိုင်း18 (ဆိုင်ရမ်မြို့)

ပိုင်လျိုအား ကြည့်နေသော အန်ဒရီ၏ မျက်လုံးများသည် အင်မတန်မျှရှင်းလင်းပြတ်သားနေပေသည်။ ၎င်းတို့သည် အစား စားချင်နေသော ဆန္ဒများနှင့်ပြည့်နက်နေခြင်းဖြစ်၏။

အန်ဒရီ ဟားတိုက်ရယ်မောလိုက်၏။ " ငါလုံလုံလောက်လောက် မစားရသေးဘူး။ အကယ်၍ ဒီနေ့ ညသန်းခေါင်မှာ ငါးတစ်ကောင်က ငါ့ရဲ့လှေကိုမှောက်အောက် လာလုပ်ရင် ...ငါ အဲ့ဒီ့ငါးကို ဖမ်းပြီးတော့ စားပစ်လိုက်မယ်။" အန်ဒရီသည် ရေသူမများအား သတ်ဖြတ်၍ စားသောက်မည်ဖြစ်ကြောင်းကိုသာ ပြတ်ပြတ်သားသားပြောဆိုနေသော်လည်း သူ၏မျက်လုံးများမှာမူ ပိုင်လျို၏ လည်တိုင်ထက်သို့သာ ဆက်လက်ကျဆင်းနေကာ မသိလျှင် ပိုင်လျိုအား စား‌သောက်နေသည့်ပုံစံဖြင့် ပြောဆိုနေလေသည်။

ပိုင်လျို၏ အတွေးများသည် အနည်းငယ်နှေးကွေးလာ၏။ ၎င်းတို့မှာ စိတ်ပိုင်းဆိုင်ရာစွမ်းရည်အမှတ်များ ကျဆင်းခြင်း၏ အကျိုးဆက်ဖြစ်လေသည်။ ဤအချိန်၌ အန်ဒရီ၏ခန္ဓာကိုယ်ထံမှ အလွန်မွှေးကြိုင်သော ရနံရရှိနေသည်အား သူသတိထားမိသွား၏။ ယခုအချိန်တွင် သူသည် တစ်ဖက်လူအား ကိုက်ပစ်ချင်နေသည့်စိတ်တောင်ပေါက်နေ၏။ အန်ဒရီ၏ မျက်လုံးထဲတွင်လည်း မြင့်မားသော ကူးပြောင်းခြင်းအဆင့်သို့ရောက်ရှိနေသော ရေသူမတစ်ကောင်၌ အလွန်‌မွှေးပျံ့သောရနံရှိလေသောကြောင့် ၎င်းသည်ပို၍ ပို၍ပင် အရသာရှိပေလိမ့်မည်။

အန်ဒရီသည် သူ့ကိုယ်သူ စားပစ်ချင်နေခြင်းဖြစ်၏။

သို့သော် ယခုအချိန်တွင် ပိုင်လျို၏ ရုပ်ပိုင်းဆိုင်ရာစွမ်းရည် ၊ ဉာဏ်ရည်ဉာဏ်သွေးများအပြင် တုံ့ပြန်နိုင်မူ စွမ်းရည်များသည်လည်း သိသိသာသာကျဆင်းသွားခြင်းဖြစ်၏။ သူ၏ဂိမ်းpanelအတွင်းရှိ ကိုယ်ပိုင်အချက်အလက်များသည်လည်း စတင်၍ မြင့်တက်လာကာ စိတ်ပိုင်ဆိုင်ရာစွမ်းရည်အမှတ်များမှာမူ အမှတ်60စွန်းစွန်းသာ ကျန်ရှိ‌လေတော့သည်။ အကယ်၍ ပိုင်လျို ပင်လယ်ထဲတွင်ရှိနေသည့်အချိန်၌ အန်ဒရီသည်သာ ကူးပြောင်းခြင်းအဆင့်အား အပြည့်အဝ ပြောင်းလဲနိုင်သွားခဲ့ပါက သူတို့နှစ်ဦးတိုက်ခိုက်ကြသည့်အချိန်၌ သူသေလိမ့်မည်မှာ ဧကန်မလွဲပေ။

ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်းWhere stories live. Discover now