လှောင်အိမ်ထဲက ဥဩငယ် unicode

2.4K 212 15
                                    

ဥဩ ဆီသို့...
လှမ်းလာသော...သူမ၏ ခြေလှမ်း‌များ....
ထိုသို့ လှမ်းလာခြင်းမှာ....
တီချယ့်အတွက်တော့ ဒုတိယအကြိမ်
ဖြစ်လိမ့်မည်....
အကြားအာရုံက တစ်ဆင့်....နှလုံးသားက ပုံဖော်မိလို့.
ဒါဟာ...တီချယ် မှန်း....ဥဩ
တပ်အပ်သိနေခြင်းသာ......

ခပ်နွမ်းနွမ်း...အကျီအပါး တစ်ထည်နှင့်....
အရောင် ဖျော့တော့ နေသော..ထမီတို့ကို
ဝတ်ဆင်ကာ.... တောင်တက် လမ်းဘေးရှိ
လမ်းကြားငယ်လေးဆီမှ ထွက် လာသော...
သူမ....
သူမနာမည်...ဒေါ်ရှင်အိမ်စည်သွယ်.....
နာမည်လေးနှင့် မလိုက်အောင်...
ဆင်းရဲနွမ်းပါးလှသည့် တီချယ်....
သို့ပေမဲ့ ဥဩ အတွက်တော့...ထိုအမျိုးသမီးဟာ...
အရှင်ဘုရင် တစ်ပါးတဖွယ်....စိုးမိုးလိမ့်မည်....

"လာ...လာ...ဒီလမ်းက ခွေးအတော်များတယ်...."

လက်မောင်းကို...လာ ခိုတွယ်တဲ့ သူမ၏လက်တွေကြောင့်....ဥဩ လန့်သွား၏....

ဒါကို သိတဲ့ သူမက...

"တီချယ့်ထက် ဒီလမ်းက ခွေးတွေက ပိုကြောက်ဖို့ကောင်းလို့....လာပါ...ကြောက်မနေနဲ့ တီချယ်
တစ်ယောက်လုံးရှိတယ်...."

တီချယ်...တဲ့....

"တီ..ချယ်..."

လေသံ ဖျော့တော့တော့နဲ့.....
ဥဩ...လှမ်းခေါ်လိုက်သည်.....

"ပြောလေ...ကလေး...ဘာလိုချင်လို့လဲ..."

ဘာလိုချင်လဲ...ဆိုတာထက်...ဘာလုပ်ချင်သလဲလို့...
မမေးတတ်တဲ့...တီချယ့်ကို ဥဩ မေးခွန်း
ထုတ်ဖူးခဲ့တယ်...

"တီချယ် ဘာလို့ ဥဩကို...ဘာလုပ်ချင်လဲလို့...
မမေးတာလဲ...."

"ဥဩ လုပ်ချင်တာ မှန်သမျှ တီချယ်ပဲ လုပ်ပေးချင်လို့ပေါ့...."တဲ့.....

ဟုတ်ပါသည်....တီချယ် ပြောတာ အလွန် မှန်သည်...
အကြောင်းကတော့....ဥဩက အခုချိန်မှာ....
ဘာမှ မလုပ်နိုင်တော့တဲ့...မျက်မမြင် တစ်ယောက်
ဖြစ်နေခဲ့ပြီ.....

မွေးရာ ပါ အမြင်ချို့တဲ့ ခဲ့တာတော့ မဟုတ်....
တစ်စုံ တစ်ရာသော....ဖြစ်ရပ်တစ်ခုကြောင့်သာ....

ဒိုင်ယာရီထဲက တစ်စုံတစ်ခုသော...
အငြင်းပွားခြင်းတဲ့......

"ဘယ်လို ခေါ်လိုက်တာ...."

လှောင်အိမ်ထဲက ဥဩငယ် One Shot Where stories live. Discover now