Part-3🍇🖼

523 39 1
                                    

ဂျောင်: မင်းကို ငါပြောမယ်...မင်းငါနဲ့လက်ထပ်ဖို့ကို ငြင်းမယ်ဆိုရင် ငါမင်း တောင်းသလောက်ပေးမယ်...

ပျက်ကျသွားသော မျက်နှာလှလှလေးကို ဂျောင်မခံစားတတ်ခဲ့ပါ။

မင်သည်အချိန်တွေအတော်အသင့်ကြာတဲ့အထိနှုတ်ဆိတ်နေခဲ့မိသည်။

ဂျောင်:ဒီမှာ ငါ့ကိုစကားပြန်ပြော...ငါ့မှာ အချ်န်တွေပေါလောမနေဘူး...ငါပြောတာကိုမင်း လက်ခံလိုက်! ငါ့ဘက်စပြီး ငါတို့လက်ထပ်ဖို့ကို ငြင်းဖို့အဆင်မပြေလို့

မင်:......

ဂျောင်:ငါ မင်းနဲ့ နည်းနည်းလေးမှ လက်မထပ်ချင်ဘူး...မင်းငါနဲ့ လက်ထပ်ဖို့ မငြင်းရင် မင်းတစ်ဘဝလုံး စိတ်ချမ်းသာစရာတစ်စက်မှ မရှိရအောင် ငါကထားပေးမှာ

မင်သည်ထိန်းထားတဲ့ကြားမှ မျက်ရည်တွေကျလာခဲ့တယ်။
ခေါင်းလေးကို ငုံ့ချလိုက်တဲ့အခါ

ဂျောင်:တကယ်လို့ မင်းလက်ထပ်ဖို့ငြင်းမယ်ဆိုရင်တော့ မင်းကို ငါ့သူငယ်ချင်းအနေနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးသွားမှာ...

မင်ဟာ ခေါင်းငုံ့ကာမျက်ရည်တွေ အဆက်မပြတ်ကျပြီးတဲ့အခါ မျက်ရည်တွေကို သုတ်ပစ်လိုက်သည်။

မင်:တောင်းပန်ပါတယ် ဂျောင်ကုရှီး
ကျတော် လက်ထပ်ဖို့ မငြင်းနိုင်ဘူး

ဂျောင်သည်မီးဟုန်းဟုန်းဆတာက်သောမျက်လုံးများဖြင့်အားယူပြီးပြောနေရှာသောမင့်ကိုကြည့်လိုက်ပြီး

ဂျောင်:ရတယ်လေ မင်းမှတ်ထား! မင်းဘဝလေး မျက်ရည်တွေလွှမ်းရဖို့ပြင်ထား...!!

အသံကျယ်ကြီးနဲ့ အအော်ခံလိုက်ရပြီးတဲ့အခါ မင်သည် လန့်ပြီးအိပ်ရာက နိုးသွားတော့သည်။

တစ်ကိုယ်လုံး ချွေးစေးတွေထွက်နေပြီး မျက်ရည်စတစ်ချို့လဲ ရှိနေသေးသည်။

မင်ဘေးဘက်ကရေတစ်ခွက်ကိုယူသောက်လိုက်သည်။ ထို့နောက်အသက်ကို မှန်မှန်ရှူလိုက်ပြီးနောက် နာရီကိုလှမ်းကြည့်လိုက်တော့ ၃နာရီထိုးနေပြီ....

မင်:ဟိုက်...ဂျောင်ပြန်လာတော့မှာပဲ...

အိပ်ရာပေါ်ကနေကုန်းထလိုက်တော့မင်ဟာဝေခနဲဖြစ်သွားသည်။

မကြွေခဲ့သောပန်းချီ🍇🖼Where stories live. Discover now