Part-5🍇🖼

515 37 0
                                    

😁
မင့် ပန်းချီတွေကို ရှင်သန်စေတဲ့သူက ဘယ်သူဖြစ်မလဲ.....

သေချာတာတော့ ဂျောင်မဟုတ်လေဘူး...

လူတွေက အချစ်နဲ့တွေ့ရင် နူးညံ့သွားတတ်ကြတယ်တဲ့။
အဲ့လိုပဲ ဂျောင်ကလည်း သူချစ်ရတဲ့ မင်းသမီး Yeonsuနဲ့တွေ့တဲ့အခါ နူးညံ့ခြင်းလေးတွေ ရှိလာပါတယ်။

မင့် အပေါ်ကိုပေါ့...

မင့်ကို လက်ဆောင်အဖြစ် ဂျောင်ဟာ လက်စွပ်လေးတစ်ကွင်း လက်ဆောင်ပေးခဲ့တယ်။

စိန်တွေနဲ့စီခြယ်ထားတဲ့ ထိုလက်စွပ်လေးဟာ အတော်လဲလှသလို စျေးလည်းအတော်ကြီးမည့်ပုံ။

မင်သည်ထိုလက်စွပ်လေးကို အလွန်တရာမြတ်နိုးလွန်းလှသည်။
စိန်တွေနဲ့လုပ်ထားတဲ့ စျေးကြီးတဲ့လက်စွပ်မို့လို့ မဟုတ်။
ဂျောင် ပထမဆုံးပေးတဲ့ လက်ဆောင်လေးမို့လို့ပါ။

ဂျောင်နဲ့မင်ဟာ လူကြီးတွေအိမ်ကို မကြာမကြာ သွားလည်ရတတ်တယ်။
အိမ်မှာ ဂျောင်ဟာ မင့်ကို ခါးခါးသီးသီးမုန်းတယ်ဆိုပေမဲ့ လူကြီးတွေဆီရောက်ရင်တော့ ဂျောင်ဟာ မင့်ကို ကြင်ကြင်နာနာရယ်။

မင်ဟာ လူကြီးတွေရှေ့မှာပဲ နေလိုက်ချင်သလို။

ယခုလဲ ဂျောင့်ရဲ့ဘိုးဘိုးတို့၊ ဖေဖေတို့၊ မေမေတို့ အိမ်ကိုသွားနေခြင်း။

ဂျောင်က ရေပြင်ညီလို ငြိမ်သက်တဲ့ မျက်နှာထားနဲ့ စကားတစ်ခွန်းမှ မပြောဘဲ ကားကိုသာ မောင်းနေသည်။

မင်ကတော့ ကြည့်မဝရှုမဝ ဂျောင့်ကိုသာ မရဲတရဲ ခိုးကြည့်နေသည်။

လူကြီးတွေအိမ်ရောက်တာနဲ့ ဂျောင်ဟာ သိပ်ကြင်ကြင်နာနာဟန်တွေ ထုတ်ပြပါတော့သည်။

မင့်အတွက် ကားတံခါးကို ဂျောင်ကိုယ်တိုင်ဖွင့်ပေးလေတော့ မင့်ရင်တွေလှိုက်ကာပျော်ရတာပေါ့။

ဂျောင့်မိဘတွေကတော့ သဘောတကျကျရယ်ပေါ့။

ဂျောင်'s Omma:အမလေး...ငါ့သားလေး ချစ်တတ်နေလိုက်တာ အစတုန်းကတော့ မယူချင်ပါဘူး ဘာညာနဲ့ ပြောနေပြီး ခုကျတော့ကြည့်ပါဦး

ဂျောင်'s ဘိုးဘိုး:ဟုတ်ပအရင်ကအကြောက်အကန်ငြင်းနေခဲ့တာဘယ်သူလဲမသိဘူး

မကြွေခဲ့သောပန်းချီ🍇🖼Where stories live. Discover now