𝔖𝔠𝔢𝔯𝔢𝔱 𝔏𝔬𝔳𝔢

239 27 4
                                    

"‌ဘောမ်!?"

လက်တစ်ကမ်းမှာ ပြုံးပြီးကြည့်နေတဲ့ နွေးထွေးမှုတချို့ဟာ မယုံနိုင်စွာ တည်ရှိလို့နေသည်။တဆတ်ဆတ် တုန်ယင်သော နှုတ်ခမ်းထူထူမှ ထွက်ကျလာသော အမည်နာမသည် တစ်စွန်းတစ်စဖြင့် နွေးစေသည်။

ဖြူလွလွပုံရိပ်ကို လက်လှမ်းလိုက်သော် လေဟာနယ်မှလွဲ ကျန်တာကို ထိတွေ့ခွင့်မရှိ။ခုနလေးတင် ပြုံး၍ကြည့်နေသော ပုံရိပ်တစ်ခုသည် ပျောက်ကွယ်ကာ နွေးထွေးနေသော အိမ်ငယ်ဟာလည်း ခြောက်ကပ်လို့ သွားသည်။

စီးကရက်လိပ်များ ၊ အမှိုက်များ ၊ အဝတ်အစားများ အပုံလိုက်ဖြင့် သူဟာ အလဲလဲအပြိုပြို။သူပြိုလဲခဲ့တာ ရက်တွေ ကြာခဲ့ပါပြီ။

အရင်လို ' ထယ်ဟျွန်းနား ' လို့ ရွှန်းရွှန်းစားစား ခေါ်မည့်သူ မရှိကတည်းက ဖြစ်မည်ထင်။အကြိမ်ကြိမ်အခါခါ လက်လွှတ်ဖို့ စဉ်းစားပြီးခဲ့ပေမယ့် တကယ်တမ်း လက်လွှတ်ခဲ့တဲ့ အချိန်မှာ ဘာလို့ ဒီလောက် နာကျင်ခဲ့ရပါသနည်း။

အောင့်တက်လာသော ရင်ဘတ်နှင့်အတူ အမြင်အာရုံတွေ စပ်ဖျဉ်းလာခဲ့သည်။သူ မငိုနိုင်တော့။အမှန်ဆုံးပြောရလျှင် ငိုဖို့ အားအင်တွေ ကုန်စင်နေခဲ့ပြီ ဖြစ်သည်။

မုန်းလိုက်တာ။ဖွင့်ပြောဖို့ သတ္တိမရှိတဲ့ ကိုယ်ကိုကိုယ် မုန်းသည်။သူငယ်ချင်းဆိုတဲ့ စည်းလေးနောက်မှာ ကျေနပ်ပျော်ရွှင်နေခဲ့တဲ့ ကိုယ့်ကိုကိုယ် မုန်းသည်။

တစ်သက်လုံး ဒီအတိုင်းရှိနေမည်ဟု တွေးထားသည့် အခြေအနေတို့ဟာလည်း အပျက်ပျက်အယွင်းယွင်း။အထပ်ထပ် ချည်နှောင်ခဲ့တဲ့ သံယောဇဉ်ကြိုးတို့သည် ယခုမူ မည်သို့မည်ပုံ ပျောက်ကွယ်သွားသည် မသိ။

လပိုင်းလေးအတွင်း နှစ်လရှည်ကြာ တည်ဆောက်ထားတဲ့ ဆက်ဆံရေးတွေဟာ ပျက်ပြားမှန်းမသိ ပျက်ပြားလာခဲ့ပြီ။

လွမ်းတယ်။သိပ်လွမ်းတာပေါ့။ချစ်ခဲ့မှန်း သိစကတည်းက မျက်လုံးအောက်က အပျောက်မခံနိုင်ခဲ့တာ လပိုင်းနီးပါး အထိ ဘယ်လိုစိတ်နဲ့ မတွေ့ဘဲ နေနိုင်မှာလဲ။

' ဘောမ် 'ဆိုတဲ့ သူအနားက ထွက်သွားပြီးချိန်တည်းက အခုထိ လုံးဝကို မတွေ့မမြင်ရသေး။

𝔖𝔠𝔢𝔯𝔢𝔱 𝔏𝔬𝔳𝔢Where stories live. Discover now