𝔖𝔠𝔢𝔯𝔢𝔱 𝔏𝔬𝔳𝔢

96 14 0
                                    

အနက်ရောင် တံခါးချပ်ကို ပိတ်ပြီး အရုပ်ကြိုးပြတ် ထိုင်ချမိတာက သူ။မျက်အိမ်တွေ အောက်က ကျနေဆဲ ဖြစ်တဲ့မျက်ရည်တို့က ဘယ်ချိန်ကကျနေမှန်းမသိ။သုတ်ဖယ်ဖို့ အားလည်း မရှိတော့သလို လူက ကျောက်ရုပ်တစ်ရုပ်လို။

"အား!!"

နံရံပေါ်ကို ကျရောက်သွားတဲ့ လက်သီးဆုပ်တွေ အဲ့ဒါတွေ နောက်မှာ နာနာကျင်ကျင် အော်မြည်ကာ ငိုကြွေးသည်။

ချစ်တယ် သိပ်ချစ်တယ် ဘောမ်။

ပြောခွင့်မရှိတဲ့ စကားတွေဟာ ခေါင်းထဲမှာ တဝဲလည်လည်။စပ်ဖျဉ်းလာတဲ့ လက်ဖျံတစ်လျှောက်က ခပ်ရဲရဲ သွေးတချို့ ကပ်ငြိလို့။

ထိုအရာအားလုံးကို လျစ်လျူရှုကာ ရေချိုးခန်းထဲကို ငူငိုင်စွာ ထိုင်နေမိတာ အကြာကြီး။

"တောင်!"

massageအသံကြောင့် အခန်းထဲက ဖုန်းကို သွားဖွင့်ကြည့်မိသည်။

ဟျူနှင်းခါအီ : အဆင်ပြေရဲ့လား ထယ်ဟျွန်း

ဖုန်းကို ပြန်ပိတ်ပြီး မျက်လုံးတွေ မှိတ်ချပစ်လိုက်သည်။

အရာရာတိုင်းကို မျှော်လင့်ချက် ထားတတ်တာ ဘောမ်ကို ချစ်မိတည်းက ထင်ပါရဲ့။နှုတ်ခမ်းစွန်းတို့က ကော့တတ်သွားပေမယ့် ထိုနေရာမှာ မျက်ရည်ကြောင်းတို့က အစားထိုး ဝင်ပြန်သည်။

'ဘောမ်' ဆိုပြီး မှတ်သားထားတဲ့ နာမည်လေးနဲ့ ဖုန်းနံပါတ်တစ်ခု။ဆက်သွယ်လို့ ရပေမယ့် မဆက်သွယ်ခဲ့တာ။ရူးမတတ် လွမ်းရတာလဲ သူပဲ။မဆက်သွယ်ရဲတာလဲ သူပါပဲ။ဒါပေမယ့် အခုက နောက်ဆုံး ဖြစ်သွားနိုင်တယ်လေ။လက်ချောင်းတို့က အလိုအလျောက် နှိပ်မိသွားခဲ့သည်။ဘောမ်နဲ့ ပတ်သတ်ရင် သူ့စိတ်ကိုသူ မနိုင်တော့တဲ့ အထိ ထိန်းချုပ်နိုင်စွမ်းတွေ လျော့နည်းသည်။

"ဟယ်လို"

နှစ်ခါမြောက် ခေါ်ဆိုမှု အပြီးမှာ ဩရှရှ ထွက်လာတဲ့အသံ။ဒီအသံကို လွမ်းနေခဲ့တာမလား။တောင့်တင်းသွားသော လူက ဘာပြောရမှန်းမသိ။သို့ပေမယ့် ပါးစပ်တို့က အလိုအလျောက် ပြောမိသွားသည်။

"ငါတို့ တွေ့ရအောင် ဘောမ်"

သိသိသာသာ ကြီးစိုးသွားတဲ့ တိတ်ဆိတ်မှုကြားမှာ ဘာကို စိုးရိမ်နေမှန်းမသိ။အချိန်အကြာကြီး အခန်းထဲ နာရီသံ တချက်ချက်သာ ကြီးစိုးသည်။

𝔖𝔠𝔢𝔯𝔢𝔱 𝔏𝔬𝔳𝔢Where stories live. Discover now