Chapter 2: Day 1.02

90 18 3
                                    

ပရိုဂရမ်အဖွဲ့နှင့်ဆွေးနွေးပြီးနောက် လေဆိပ်၏ပါကင်၌ ငှါးထားသည့်ကားကို နှစ်ယောက်သားရပ်စောင့်နေကြ၏။

ဖုန်းသိုက်ချွမ်းက ခရီးဆောင်အိတ်များအား ကြိုးစားပမ်းစား ရွက်တိုက်ဆွဲလာပြီး ရှောင်ကျို့မှာမူ အနောက်မှ သူ့အပေါ်ထီးမိုးပေးလျှက် လိုက်လာသည်။

သည်းထန်စွာရွာနေသောမိုးက ထီးကို လေးဖက်လေးနံရိုက်ခက်နေရာ ခဏအတွင်းပင် သူတို့နှစ်ယောက်လုံး စိုရွဲ ကုန်၏။ ဝေးကွာသည့်အကွာအဝေးတွင် မည်းမှောင်နေသည့်ကောင်းကင်။

ဖုန်းသိုက်ချွမ်းက ခရီးဆောင်အိတ်၏ဘီးများအား ရေစိုမည်စိုးကာ လူသွားလမ်း ပေါ်တွင်ထားပြီး သူကမူ ရေမြှပ်နေသောဖက်တွင်ရပ်လိုက်သည်။ ဤသည်က ရှောင်ကျို့အတွက် ထီးမိုးပေးရန် ပိုအခွင့်သာစေ၏။

" ဟေး! အဲ့တာအဲ့ကားလား!!? " အမြင်ကောင်းသော ဖုန်းသိုက်ချွမ်းမှာ မိုးသည်းထဲတွင် သေချာမြင်ရသည်။
သူတို့ဆီဦးတည်လာနေသော ရှန်းတုံကားနံပါတ်ဖြင့်ဗန်ကိုသာအာရုံစိုက်ကြည့်ရာ သတိထားမိသည်က ကားတစ််ကိုယ်လုံးအမည်းသုတ်ထား၏။ သူတို့ဘေးနားမှဖြတ်သောအခါ တွေ့ရသည့်စာတန်းနီကြီးကား " Werewolf game "

ရှောင်ကျို့မှာရုတ်တရက်ထအော်လေ၏။

" ဟုတ်တယ်! ဒီဟာ! ဒီရှိုးပဲ! ကားဆရာ! " သူမကနောက်ကပြေးလိုက်ကာ " ကားဆရာ! ခဏနေပါအုံး! ရပ်!ရပ်! "

ကားသမားက အနောက်ခုံကိုဝေ့ကြည့်ကာ တုံ့ဆိုင်းနေသော်လည်း ကားကိုရပ်ပေးလိုက်သည်။

ရှောင်ကျို့က ဖုန်းသိုက်ချွမ်းလက်ထဲ ထီးကိုထိုးထည့်ပေးကာ ခရီးဆောင်အိတ်များကိုသယ်ရန်နောက်သို့ ပြန်ပြေးသွား၏။ ထို့နောက် ကားဆရာကို ခေါင်းငြိမ့်ပြကာ အရိုအသေပေး၏။

" ကားဆရာ! ဦးလေးက werewolf ဂိမ်းပရိုဂရမ်အဖွဲ့က မှလား? ကျွန်မတို့ ဖုန်းသိုက်ချွမ်းကစာချုပ်ချုပ်ထားတဲ့ ကစားသမားပါ! ခေါ်ဆောင်သွားပေးပါအုံး! "

ကားသမားက အံ့အားသင့်သွားကာပြော၏။

" ဒါပေမယ့် ကျွန်တော့်ကို လူတစ်ယောက်ကိုပဲသွားခေါ်ဖို့ ပြောထားတာ....အဲ့လူကိုခေါ်ပြီးသွားပြီ "

စုန်းမ မင်းမျက်လုံးတွေဖွင့်ထား [ U ]Where stories live. Discover now