Chapter 3: Day One < Part 1 >

96 12 0
                                    

ကားထဲပြန်ရောက်သောအခါ သူ့အနေနှင့်စကားတွေပြောပြီး Screen-timeရသင့်တာကို ဖုန်းသိုက်ချွမ်းသိသော်လည်း သူ့အနေနှင့် တကယ်ပင်အိပ်ငိုက်နေလေပြီ။
တစ်ညလုံးရိုက်ကူးရေးလုပ်ခဲ့ရာ တစ်ကိုယ်လုံးနာကျင်နေသည်၊ မြင်းပေါ်ကပြုတ်ကျသောအခန်းကိုရိုက်ခဲ့တုန်းက ပေါင်တွင်ဒဏ်ရာတောင်ရရင်ရသွားအုံးမည်၊ သူကိုယ်တစ်ခုလုံး အပိုင်းလိုက်ပိုင်းခံနေရသလိုပင်။

ငါ့ကိုစိတ်မဆိုးပါနဲ့ရှောင်ကျို့ရေ၊ အခုတော့အိပ်ပြီ၊ သွားတဲ့နေရာရောက်ရင်တော့ ကောင်းကောင်းမွန်မွန်လေးနေမှာပါ ဟုဖုန်းသိုက်ချွမ်းတွေးကာ အိပ်ပျော်သွားသည်။

သူနိုးလာသော်အခါ ကားကရပ်သွားလေ၏။

ဖုန်းသိုက်ချွမ်း သူ့ဖုန်းကိုပေးထားသောကြောင့် သူ့အနေနှင့် အချိန်အတိအကျမသိပေ။ ကောင်းကင်၏အရောင်ကို ကြည့်ခြင်းအားဖြင့် ညနေ၆နာရီရှိလောက်ပြီ။ သူတို့ကားစီးနေသည်မှာ ငါးနာရီကျော်လောက်ရှိကာ ရှန်းတုံကိုအခုရောက်လေပြီ။

ဖုန်းသိုက်ချွမ်းတံခါးဖွင့်သော်အခါ လေအေးကကားထဲ ချက်ချင်းဝင်လာသည်က တစ်နေ့ခင်းလုံးရှိနေသည့် ကားထဲကလေကို ဖြိုခွင်းသွားသည်။ လေနှင့်အတူပါလာသည်က ပင်လယ်ကဆားရနံ့။ ဖုန်းသိုက်ချွမ်းကားမှ စိတ်အားထက်သန်စွာ ထွက်လာပြီး လန်းဆန်းသောပင်လယ်လေညင်းကို ရှုရှိုက်လိုက်သည်။ မူးယစ်စရာ။

" ပင်လယ်! ဒါတကယ့်ပင်လယ်ပဲ! ငါညပင်လယ်ကိုမမြင်ရတာ ငယ်ငယ်ကတည်းကပဲ! အရမ်းလှတာပဲ! "
ဖုန်းသိုက်ချွမ်း အလိမ်တစ်ဝက်၊အမှန်တစ်ဝက်အော်လိုက်သည်၊ သူ့ရှေ့ကပင်လယ်မှာ နေ့ဘက်တုန်းကလို ငြိမ်မသက်နေပေ။ နက်မှောင်သောပင်လယ်ရေက ဖုန်းသိုက်ချွမ်း၏ခြေထောက်ကိုလာရိုက်ခက်ကာ အမြုံ့တွေထွက်နေသည်။

သူနောက်လှည့်ကြည့်သော် ကင်မရာကဆက်ရိုက်နေသည်ကိုမြင်လိုက်သည်၊ ကပြားစပ်လေးက ကင်မရာကိုသယ်ထားကာ ခံစားချက်မရှိသော မျက်နှာအမူအရာဖြင့် မှတ်တမ်းတင်နေသည်။

ဖုန်းသိုက်ချွမ်းက သရုပ်ဆောင်ရန် သူ့ကိုယ်သူတွန်းအားပေးလိုက်သည်။

စုန်းမ မင်းမျက်လုံးတွေဖွင့်ထား [ U ]Where stories live. Discover now