Part- 20

2.9K 35 1
                                    

အမုန်းတော်ခံ သတို့သမီး

>>>[ အပိုင်း - ၂၀ ]<<<

''ကလေးငယ်!!''

''ဟင်...ဒါက....''

မျက်လုံးတွေကမှိတ်လျက်သားဖြစ်နေပေမယ့်
ကိုကို့နှုတ်ခမ်းထက်ကခေါ်လာသည့်
နာမ်စားလေးကြောင့်အံ့သြမှုတွေနဲ့
ကိုကို့မျက်နှာချောချောအားငေးကြည့်ရင်း
စဥ်းစားခန်းဖွင့်နေမိသည်။

*ဘယ်သူ့ကိုခေါ်တာပါလိမ့်*

သေသေချာချာစဥ်းစားပေမယ့်အဖြေကပေါ်မလာ။
စဥ်းစားရလွန်းလို့ခေါင်းတွေတောင်နောက်လာ၏။
နောက်ဆုံးတော့ အတွေးတွေကိုဖျောက်ကာ
ခေါင်းကိုချာခနဲနေအောင်ရမ်းမိလိုက်စဥ်တွင်

''အာ့!!''

သူမခေါင်း နားကိုရောက်လာသည့်ကိုကို့လက်။
အရှိန်နဲ့ဖိကိုင်ခံလိုက်ရတာကြောင့်ခေါင်းလေးက
ရင်ဘတ်နဲ့ညပ်သွားလို့ အသက် နာကျင်စွာဖြင့်
ညဥ်းညူမိသည်။ခန္ဓာကိုယ်ပင်လှုပ်မရအောင်
တင်းတင်းကျပ်ကျပ် ဖက်ထားသည့်ကိုကို့ကြောင့်
အသက် အနေရခက်လာတော့သည်။

ရုန်းထွက်လို့လဲမရသဖြင့် အကြံအိုက်နေမိတယ်
ကိုကို့ရင်ခွင်ကနွေးထွေးတာမှန်ပေမယ့်
ထိုရင်ခွင်လေးကဆိုင်သူ ရှိပြီးသားလေ.....
အသက် တစ်ဘဝလုံးနားခိုခွင့်မရသော်လည်း
ခဏတာလေးခိုနားခွင့်ရတာကိုပဲ ကျေနပ်လှပါပြီ.....

အချိန်ခဏကြာတော့ သူမကိုယ်ပေါ်ဖက်ထားတဲ့
လက်တွေကတဖြေးဖြေးပြေလျော့လာသဖြင့်
အသက် ခန္ဓာကိုယ်ကိုအသာရုန်း၍ကိုကို့ရင်ခွင်ထဲမှ
ထွက်ဖို့လုပ်လိုက်သည်။သိုပေမယ့် ရင်ခွင်ထဲက
ထွက်ထွက်ချင်းမှာပင် လက်ကပြန်ပြီးအဆွဲ
ခံလိုက်သဖြင့် ဒုတိယအကြိမ်မြောက်
ကုတင်ပေါ်ကိုပြန်လဲကျသွားပြီး

''အင့်!!...''

အသက် နှုတ်ခမ်းပေါ်ကျရောက်လာသည့်
ကိုကို့နှုတ်ခမ်းတွေကြောင့် ကြောင်အစွာဖြင့်
အနမ်းကြမ်းတွေကိုဖယ်ပစ်ဖို့မေ့လျော့နေမိ၏။
ဖူးဖူးငုံငုံနှုတ်ခမ်းလေးအား အကြမ်းပတမ်း
အတင်းနမ်းရှိုက်ခံနေရတော့အသက်ရှုရတာ
ကြပ်လာပြီးလက်သေးသေးတွေဖြင့်
ရုန်းထွက်ဖို့ကြိုးစားသော်လည်းအချည်းနှီးသာ။

💥 အမုန်းတော်ခံ သတို့သမီး 💥 { Completed)Where stories live. Discover now