Part - 45

1.9K 36 0
                                    

💥အမုန်းတော်ခံ သတို့သမီး💥

[ Part - 45 ]

"ဘာ!!!အသက်....အသက်...မှာကို့_ရဲ့ရင်သွေးကို
လွယ်ထားရတယ်ဟုတ်လား!!!"

"ဟုတ်တယ်"

မင်းတိမ်တိုက်၏ အဖြေစကားသံကသူမရဲ့အတွေးကို
ပြောင်းလဲစေဖို့ လမ်းစဖြစ်နေသလိုပင်။
အိပ်ရာပေါ်အရုပ်ကြိုးပြတ်လဲကျသွားပြီး
အံ့သြစိုးရိမ်မှုအထင်းသားနဲ့အတွေးတွေကပိုပြီး
နက်နဲလာတော့သည်။အသက်မှာကို့_ရဲ့ရင်သွေးကို
လွယ်ထားရပြီဆိုရင် ကြွေကအသက်အပေါ်အမုန်းတွေနဲ့မျက်ရည်ကြွေကျရအောင်ထပ်လုပ်နေသေးတဲ့အခါ
သူမကသူများမိသားစုဘဝကိုဖျက်စီးတဲ့အဖျက်သမားဖြစ်တော့မည်မဟုတ်လား။

အရင်ကတွေးထားခဲ့သမျှ 'ရင်သွေး'ဆိုတဲ့အမည်လေးက
ပျက်သုဥ်းစေခဲ့ပြီ။အခု ကြွေ နောင်တရမိတယ်ဆိုမလားပဲ
စိတ်တွေတည်ငြိမ်လာပြီး အသက်ရဲ့ရင်သွေးလေးကို
စိတ်ထဲကအခါခါတောင်းပန်နေမိသည်။သူမ စောသိခဲ့လို့
မဟုတ်ရင် အသက်ဘဝကိုဒုက္ခပေးနေမိလောက်ပြီ။

"မ"

"……"

"မ"

"ဟင်....ပြောလေ...."

တစ်ခုခုအားလေးလေးနက်နက်စဥ်းစားနေဟန်ရှိသည့်
'မ'ကို ပခုံးအသာလှုပ်ယမ်းလိုက်မှသတိပြန်ဝင်လာသည်။
တိုက် သေချာကြည့်လိုက်တော့ 'မ'မျက်နှာကစောနကလို
တင်းမာခက်ထန်မနေပဲ အနည်းငယ်အေးချမ်းနေ၏။
တိုက်လည်း အံ့သြနေမိပြီးဘာအကြောင်းက'မ'ကို
စိတ်အေးချမ်းစေလည်း စဥ်းစားနေမိသည်။

"မ''က...တေးဆက်ဘဝကိုအခုထိနှောင့်ယှက်ဖို့
စဥ်းစားနေတုန်းလား??"

သူက ကြွေရဲ့အတွေးတွေကိုကြိုသိနေသလားပင်။
မျက်နှာထက်အပြုံးအေးအေးလေးနဲ့ကြွေကို
ကြည့်၍မေးလာသဖြင့် သက်ပြင်းတို့အားအခါခါချ၍

"မင်း ငါ့ကိုပြောပြပေးတာကျေးဇူးတင်ပါတယ်
မဟုတ်ရင် အသက်ကိုငါဒုက္ခပေးနေမိအုံးမှာ
ကြိုတင်သိလိုက်တာကအသက်ရဲ့ကံတရားလား
မပြောတတ်တော့ဘူး"

သူမအသံက တင်းမာခက်ထန်မနေပဲတစ်ပါးသူနားထဲကို
သာယာနာပျော်ဖွယ်ကောင်းစွာဝင်ရောက်လာသည်။
မ ရဲ့စကားကြောင့် တိုင် ရင်ထဲပြောမပြတတ်အောင်
ပျော်နေမိပြီး မ မျက်နှာဝိုင်းဝိုင်းအားမြတ်နိုးစွာကြည့်ရင်း

💥 အမုန်းတော်ခံ သတို့သမီး 💥 { Completed)Where stories live. Discover now