အပိုင်း ၁၁

255 16 0
                                    

ခပ်ဖြည်းဖြည်းနှင့်ပုံမှန်အတိုင်းမောင်းနှင်လာသောကားပေါ်တွင် သီချင်းညည်းရင်းလိုက်ပါလာခဲ့သည်။

"မနေ့ကဒီဘက်ကိုလာသေးတယ်...ကျောက်မြောင်းဝင်ပြီးမုန့်တောင်စားလိုက်သေးတယ်"

"တီနွယ်တစ်ယောက်ထဲလား"

"အသိတစ်ယောက်ပါတယ်"

"ဪ..."

"ရှေ့ဆိုရောက်ပြီ မြတ်အထဲလိုက်အုံးမလား"

"မလိုက်တော့ဘူး မြတ်ကားပေါ်ကပဲစောင့်နေတော့မယ်"

"အင်း အင်း"

ကားမှန်တံခါးအားအောက်ချကာ အပြင်ပတ်ဝန်းကျင်ဆီသို့တစ်ချက်အကြည့်ရောက်နေခဲ့စဉ်

"အင်ကြင်း"

ကားလမ်းတစ်ဖက်မှလမ်းကူးလာသော အင်ကြင်းဖြူအားတွေ့လိုက်ရသည်။ကားတံခါးအားချက်ချင်းဖွင့်ကာ သူမ၏နောက်သို့လိုက်သွားရန်အပြင်

"ဘယ်သွားမလို့လဲမြတ်"

"ခဏလေးတီနွယ် မြတ်အသိတစ်ယောက်ကိုမြင်လိုက်လို့"

မိမိရှေ့တွင်ပိတ်ကာရပ်နေသောတီနွယ်ကြောင့် မေမြတ်မှူး အင်ကြင်းဖြူအားမျက်ခြေပျက်သွားခဲ့သည်။

ထိုနေ့မှစကာ မေမြတ်မှူးတစ်ယောက်ကျောက်မြောင်းဘက်ဆီသို့ နေ့စဉ်တိုင်းနီးပါးလာခဲ့သည်။မရေရာမသေချာသောသူတစ်ယောက်အားနေ့တိုင်းလာရှာနေတတ်သည်။

"မြတ် နင်ခုတစ်လောကျောက်မြောင်းဘက်မကြာမကြာသွားနေတယ်ဆို"

"အင်း"

"ဘာသွားလုပ်တာလဲ နင်နေတဲ့နေရာနဲ့ဝေးတာကို"

"ငါ အဲ့မှာအင်ကြင်းကိုတွေ့မိလိုက်လို့'

"မြတ် ရယ်တွေ့မိတယ်ဆိုတိုင်းလည်းသူသေချာလို့လား သေချာတယ်ပဲထားကျောက်မြောင်းမှာတွေ့တယ်ဆိုပေမဲ့ သူကကျောက်မြောင်းမှာနေတာလို့နင့်ဘက်ကအသေအချာသိလို့လား'

"အဲ့တာတော့"

"ကြည့်နင်လည်းသေသေချာချာသိတာမဟုတ်ဘဲ"

"သူ့ကိုမေ့လိုက်ပါတော မြတ်ရယ်"

ဧကရီဖူးစကားကြောင့် မေမြတ်မှူးမျက်နှာအနည်းငယ်ပျက်သွား၏။မြတ် ၏စိတ်မှာအင်ကြင်းဖြူအားမေ့ဖျောက်ချင်စိတ်အလျဉ်းမျှပင်မရှိသည့်လူတစ်ယောက်သကဲ့သို့ပင်

ဖမ်းဆုပ်ခွင့်မရှိသော(ခေတ္တရပ်နား)Where stories live. Discover now