{Part 1}~Unicode~

31 1 0
                                    

နံနက် ၇ နာရီ~
နှိုးစက်သံ​ကြောင့် သစ္စာ နိုးလာခဲ့တယ်
ကျန်းမာ​ရေး လိုက်စားသူပီပီ ချက်ချင်းမထ​သေးဘဲ အိပ်ယာထဲမှာ အ​ကြော​လျှော့ပြီး ​ခေါင်း၊ပုခုံး ​​လေ့ကျင့်ခန်း အရင်လုပ်​သေးတယ်။
ခဏ​လောက်​နေ​တော့...
"သား​ရေ..မထ​သေးဘူးလား"
​မေ​မေ့​ခေါ်သံကြား​တော့ သစ္စာ ပြုံးမိတယ်
ငယ်ငယ်တည်းက အ​စောထတတ်တာကို သိ​ရက်နှင့် ခုချိန်ထိ အမြဲလာနှိုးတုန်း
"ထပါပြီ ​မေ​မေရာ..." လို့ပြန်​ပြောရင်း သစ္စာ အခန်းတံခါးသွားဖွင့်​ပေးလိုက်တယ်
​ဒေါ်သက်ထား တစ်​ယောက်အခန်းထဲဝင်လာရင်းနဲ့
"အမယ်...ထတယ်သာပြောတယ် ခုထိ မျက်နှာ​တောင် မသစ်ရ​သေး.."
"ဒီ​နေ့ uniတက်ရမှာလည်း သတိရဦး ကိုယ်​တော်.."

"သတိရပါတယ် ​မေ​​မေရာ...မ​မေ့ပါဘူး သားအခု မျက်နှာသစ်ပြီး​ရေချိုးမှာပါ..ပြီး​တော့ အချိန်လည်းမှီတာဘဲကို"
တကယ်​တော့ uniက ဖွင့်တာ တစ်ပတ်​လောက်ရှိပါပြီ။ ဒီမြို့ကို ​ပြောင်းလာတာ မကြာ​သေး​တာ​ရော ​မေ​မေလည်းအလုပ်ကိစ္စ​တွေ ရှုပ်​နေတာ​ရော​ကြောင့် မတက်ဖြစ်​သေး​ပေ။

"အချိန်မှီပါတယ် မလုပ်နဲ့ ကိုယ့်ဘက်က ဘယ်ကိစ္စမဆို ​စော​နေဖို့လိုတယ် ငါ့သား။သွား​....ရေမြန်မြန်ချိုး။​မေ​​မေ ​အောက်မှာ breakfastစားဖို့ ​စောင့်​နေမယ်"

"ဟုတ်ကဲ့ပါဗျာ..."
"​ပြောလိုက်ရင်​တော့ ဟုတ်ကဲ့ဆိုတာဘဲ"လို့​ပြောရင်းနဲ့ ​ဒေါ်သက်ထားတစ်​ယောက် ​အောက်ဆင်းသွား​လေသည်။

​မေ​မေက သစ္စာကို ​တော်​တော်ချစ်ရှာသည်။ ​ဖေ​ဖေဆုံးသွားပြီးကတည်းက အိမ်​ထောင်ပြုလို့ ရ​ပေမယ့် မပြုဘဲ ​ဖေ​ဖေ့ရဲ့ လုပ်ငန်း​တွေကို ဦးစီးရင်းသာ အချိန်ကုန်​နေ​တော့တယ်...
သစ္စာလည်း ​မေ​မေ့ကို ​တော်​တော်ချစ်တယ်။ အမြဲတမ်း ​မေ​မေ့ဆန္ဒကိုသာ ဦးစား​ပေးပြီး စကားအမြဲနား​ထောင်တယ်။အခုလည်း uniကို ​ဆေးအမှတ်မှီလို့ ​​မေ​မေ သ​ဘောကျတဲ့ ဆရာဝန်ဖြစ်​အောင်လုပ်မယ်လို့​ပြော​ပေမယ့် ​မေ​မေက သားဝါသနာပါတာကို ​ရွေးပါဆိုလို့ သစ္စာ law majorကို ​ရွေး​ခဲ့တယ်။
သစ္စာက ငယ်ငယ်တည်းက ​ရှေ့​နေအရမ်းဖြစ်ချင်ခဲ့တာ။ပြီး​တော့ သူ​ရှေ့​နေဖြစ်သွားရင် သူ့အတိတ်က လူ​​တစ်​ယောက်ကို သူဟာ​ပျော့ညံ့တဲ့သူ မဟုတ်ဘူးဆိုတာ သက်​သေပြလို့ရပြီ​။ မကြာခင်​တော့ သူ့အိပ်မက်​တွေ အ​ကောင်အထည်​ပေါ်လာ​တော့မှာပါ​လေ.......။

"​လေ​ပြေ​အေး နှင့် မိုးတိမ်ပြာ"Where stories live. Discover now