နံနက် ၇ နာရီ~
နှိုးစက်သံကြောင့် သစ္စာ နိုးလာခဲ့တယ်
ကျန်းမာရေး လိုက်စားသူပီပီ ချက်ချင်းမထသေးဘဲ အိပ်ယာထဲမှာ အကြောလျှော့ပြီး ခေါင်း၊ပုခုံး လေ့ကျင့်ခန်း အရင်လုပ်သေးတယ်။
ခဏလောက်နေတော့...
"သားရေ..မထသေးဘူးလား"
မေမေ့ခေါ်သံကြားတော့ သစ္စာ ပြုံးမိတယ်
ငယ်ငယ်တည်းက အစောထတတ်တာကို သိရက်နှင့် ခုချိန်ထိ အမြဲလာနှိုးတုန်း
"ထပါပြီ မေမေရာ..." လို့ပြန်ပြောရင်း သစ္စာ အခန်းတံခါးသွားဖွင့်ပေးလိုက်တယ်
ဒေါ်သက်ထား တစ်ယောက်အခန်းထဲဝင်လာရင်းနဲ့
"အမယ်...ထတယ်သာပြောတယ် ခုထိ မျက်နှာတောင် မသစ်ရသေး.."
"ဒီနေ့ uniတက်ရမှာလည်း သတိရဦး ကိုယ်တော်..""သတိရပါတယ် မေမေရာ...မမေ့ပါဘူး သားအခု မျက်နှာသစ်ပြီးရေချိုးမှာပါ..ပြီးတော့ အချိန်လည်းမှီတာဘဲကို"
တကယ်တော့ uniက ဖွင့်တာ တစ်ပတ်လောက်ရှိပါပြီ။ ဒီမြို့ကို ပြောင်းလာတာ မကြာသေးတာရော မေမေလည်းအလုပ်ကိစ္စတွေ ရှုပ်နေတာရောကြောင့် မတက်ဖြစ်သေးပေ။"အချိန်မှီပါတယ် မလုပ်နဲ့ ကိုယ့်ဘက်က ဘယ်ကိစ္စမဆို စောနေဖို့လိုတယ် ငါ့သား။သွား....ရေမြန်မြန်ချိုး။မေမေ အောက်မှာ breakfastစားဖို့ စောင့်နေမယ်"
"ဟုတ်ကဲ့ပါဗျာ..."
"ပြောလိုက်ရင်တော့ ဟုတ်ကဲ့ဆိုတာဘဲ"လို့ပြောရင်းနဲ့ ဒေါ်သက်ထားတစ်ယောက် အောက်ဆင်းသွားလေသည်။မေမေက သစ္စာကို တော်တော်ချစ်ရှာသည်။ ဖေဖေဆုံးသွားပြီးကတည်းက အိမ်ထောင်ပြုလို့ ရပေမယ့် မပြုဘဲ ဖေဖေ့ရဲ့ လုပ်ငန်းတွေကို ဦးစီးရင်းသာ အချိန်ကုန်နေတော့တယ်...
သစ္စာလည်း မေမေ့ကို တော်တော်ချစ်တယ်။ အမြဲတမ်း မေမေ့ဆန္ဒကိုသာ ဦးစားပေးပြီး စကားအမြဲနားထောင်တယ်။အခုလည်း uniကို ဆေးအမှတ်မှီလို့ မေမေ သဘောကျတဲ့ ဆရာဝန်ဖြစ်အောင်လုပ်မယ်လို့ပြောပေမယ့် မေမေက သားဝါသနာပါတာကို ရွေးပါဆိုလို့ သစ္စာ law majorကို ရွေးခဲ့တယ်။
သစ္စာက ငယ်ငယ်တည်းက ရှေ့နေအရမ်းဖြစ်ချင်ခဲ့တာ။ပြီးတော့ သူရှေ့နေဖြစ်သွားရင် သူ့အတိတ်က လူတစ်ယောက်ကို သူဟာပျော့ညံ့တဲ့သူ မဟုတ်ဘူးဆိုတာ သက်သေပြလို့ရပြီ။ မကြာခင်တော့ သူ့အိပ်မက်တွေ အကောင်အထည်ပေါ်လာတော့မှာပါလေ.......။
YOU ARE READING
"လေပြေအေး နှင့် မိုးတိမ်ပြာ"
Romance"အချစ်ဆိုတာ ကောင်းကင်က တိမ်တိုက်တွေလိုဘဲ ပိုင်ဆိုင်ခွင့်မရလည်း ငေးကြည့်နေရရုံနဲ့တင် ပြည့်စုံပါတယ်" နွေဦးသစ္စာ~ "ဟူး.....ငါ့ဘဝမှာ ဘာကိုမှ စိတ်ရှည်လေ့မရှိပေမယ့် မင်းကတော့ ချွင်းချက် ဖြစ်လာတော့မယ်ထင်တယ်....." ခွန်းဆက်မဟာ~ "အခ်စ္ဆိုတာ ကောင်းကင...