Part 17

1.2K 59 0
                                    

       နတ်ရေးတဲ့ ရွှေဖူးစာ

                           or  ရွှေမင်းသားရဲ့ ကြင်ရာတော်

                               

                           အခန်း   (၁၇)
.

ညနေခြောက်နာရီအချိန်ခန့်၌...

ဂါမဏီမြို့၏ မြို့ပြင် ကားလမ်းဘေးတစ်နေရာ
အနက်ရောင်ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့
မျက်နှာချင်းဆိုင်၍ ရပ်ထားလေသည်။

ရပ်ထားတဲ့ ကားဘေးမှာ အနက်ရောင်ဘောင်ဘီနဲ့
ရှပ်တွေကို ဆင်တူသဖွယ် ဝတ်ထားသလို ဝတ်ထားတဲ့ လူနှစ်ယောက် ထိုင်ပြီး စကားပြောနေကြသည်။ထိုလူနှစ်ယောက်သည်ကာ....

" မင်းသား ခွန်းတေး ကို အနားမှာ ထပ်ခေါ်ထားတာ ဘယ်လောက်အထိ ကာကွယ်ပေးနိုင်လို့လဲ "

" မင်း UKကို ကျောင်းသွားတက်ကတည်းက ငါတို့ ဝေးသွားခဲ့တာ ဆယ်စုနှစ်တစ်ခုကြာခဲ့တယ်။အခု ပြန်တွေ့တော့ ပြောတဲ့စကားက... ငါ့တို့ အကြောင်း မဟုတ်ဘဲ... တခြားသူရဲ့ အကြောင်းတဲ့လား။မင်းက အရင်က ငါ့ရဲ့ကစားဖော်၊ကစားဖက် သူငယ်ချင်းတစ်ယောက်မှ ဟုတ်သေးရဲ့လား စျာန် "

" စကားနာထိုးပြီး၊စကားလမ်းကြောင်း လွှဲမပစ်လိုက်ပါနဲ့ မင်းသား "

" အဟင်း မင်း က တော်တော်လေး သိချင်နေမှတော့ ပြောရမှာပေါ့။သူဆံချည်မျှင်တစ်ပင်ကိုတောင် အထိမခံတဲ့အထိ ကာကွယ်ပေးမှာ။နောက်ထပ်ရော ဘာသိချင်သေးလဲ "

" မင်းသား ကာကွယ်ပေးမယ်ဆိုရင် သေချာကာကွယ်ပေးပါ။ကျွန်တော့်အဖေနဲ့ အဒေါ်အကြောင်းကို မင်းသားလည်း သိိမှာပါ။ပြီးတော့ ခွန်းတေး ကို ဘယ်အချိန်ထိ ဟန်ဆောင်ကြင်ရာတော်လုပ်ခိုင်းမှာလဲ "

" ဘယ်သူက ပြောလဲ တေး က ဟန်ဆောင်ကြင်ရာတော် လို့! "

" ခွန်းတေး ကိုယ်တိုင် ပြောတဲ့ စကား...! မဟုတ်မှ မင်းသား! "

စျာန် စကားပြောနေရင်းက အကြောင်းအရာ တစ်ခုကို တွေးမိတာကြောင့်... မင်းသား ကို မယုံကြည်နိုင်စွာနဲ့ ကြည့်လိုက်မိသည်။

" အဟင်း မင်း ထင်နေတာ ဟုတ်တယ်။ အစကတော့ ခွန်းတေးအလင်္ကာ က ငါ့အတွက် ဟန်ဆောင်ကြင်ရာတော်တစ်ယောက်ပဲ။ဒါမဲ့ အခုတော့ မဟုတ်တော့ဘူး "

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now