Hold

2.3K 194 5
                                    

💐Unicode💐

ဆေးရုံတစ်ခုရဲ့  Vipခန်းတစ်ခုမှာအသက်မဲ့စွာထိုင်နေတဲ့ကောင်လေးတစ်ယောက်

ထိုကောင်လေးရဲ့အေးစက်စက်လက်ကလေးတွေကိုကိုင်ထားတဲ့နောက်ထပ်ကောင်လေးတစ်ယောက်

"ကောသိရဲ့လား...ကျွန်တော်သိပ်ကြောက်နေခဲ့တယ်ဆိုတာ"

"......"

"ကော....ကျွန်တော်ကိုစကားလေးနည်းနည်းလောက်တော့ပြန်ပြောပါလားဗျာ"

"......"

ဘာစကားပြောပြောနှုတ်ဆိတ်နေဆဲဖြစ်တဲ့ကျန့်ကောကြောင့်ရိပေါ်ဘာဆက်လုပ်ရမှန်းမသိတော့ပေ။

အဲ့ဒီနေ့က....ကောသူ့ကိုယ်သူသတ်သေဖို့ကြိုးစားခဲ့တဲ့နေ့ကပေါ့...ဆေးရုံကိုအချိန်မှီရောက်ခဲ့တာမို့အသက်ကိုကပ်သီလေးကယ်တင်နိုင်ခဲ့တာ

ကယ်တင်ပေးခဲ့တဲ့ဆရာဝန်တွေကိုလည်း ဝမ်ရိပေါ်က ဦးကုန်းချခဲ့တဲ့အထိပဲ

သတိမေ့နေတဲ့ကောဘေးနားမှာစောင့်ပေးနေခဲ့တာ တစ်ရေးတောင်မအိပ်နိုင်ခဲ့ဘူးး

အစားအသောက်တွေကိုလည်းအခန်းထဲမှာပဲမှာစားပြီးနေခဲ့တဲ့ ရိပေါ်ရဲ့ပုံစံက ညှင်းသိုးသိုးပုံတော့ပေါက်နေလိမ့်မည်။

၄ရက်မြောက်နေ့မှာသတိရလာတဲ့ ကျန့်ကောဟာ စကားမပြောတတ်တဲ့လူတစ်ယောက်ကဲ့သို့ပင် ရိပေါ်ကိုဆိုဘာစကားမှမပြောတော့ပေ။

"ကော...ခုဆို၇ရက်တောင်ရှိနေပြီ..ဆေးရုံည်းဆင်းရတော့မယ်..."

"....."

"ကျွန်တော်ကိုစကားလေးနည်းနည်းဖြစ်ဖြစ်​ပြန်ပြောပါလား ကောရယ်"

မျက်နှာလွှဲသွားတဲ့ကောကြောင့် ရိပေါ်ရဲ့မျက်နှာဟာလည်းညှိုးနွမ်းစွာ

"ကွာရှင်းကြမယ် ဝမ်"

"!!!!!"

💭ပထမဆုံးပြောလာတဲ့စကားလုံးက ကွာရှင်းကြမယ်တဲ့လား💭

"ကောတို့ ကွာရှင်းကြမယ်ဝမ်...ကောတို့ရှေ့ဆက်ဖို့ဆိုတာမဖြစ်နိုင်ဘူး"

"ကောဘာတွေလာပြောနေတာလည်းးး ကျွန်တော်ကဘာ့ကြောင့်ကောကိုကွာပေးရမှာလဲ...ကျွန်တော့်ကိုအဲ့လို့လာပြီး မစနဲ့..."

Hold on [Completed]Where stories live. Discover now