💐Unicode💐
အချိန်အားဖြင့်၂နှစ်ကျော်ကြာပြီးတဲ့နောက်မှာရှောင်းကျန့်ရဲ့စိတ်အခြေအနေဟာပုံမှန်အတိုင်းပြန်ဖြစ်ခဲ့သည်။
ဒါပေမယ့်တစ်ချို့သောစိတ်ဒဏ်ရာတွေကတော့ ကုသနိုင်မယ့်ဆေးဆိုတာရှိပါ့မလားးး
ရှောင်းကျန့်က အိမ်ထဲကနေအပြင်ကိုငေးကြည့်သည်။ခပ်ဖွဲဖွဲကျနေတဲ့မိုးစက်တွေကိုကြည့်လို့သက်ပြင်းချလိုက်မိသည်။
ထီးတစ်ချောင်းကိုကောက်ကိုင်လို့အိမ်အပြင်သို့ထွက်ရန်ကြံစည်သည်။၁လမ်းကျော်က ကော်ဖီဆိုင်လေးဆီသို့ခြေလှမ်းတွေကိုဦးတည်လိုက်သည်။
လမ်းတစ်လျှောက် ထီးလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လို့လမ်းသွားလမ်းလာတသ်ချို့ကိုငေးကြည့်မိသည်။
စုံတွဲတစ်တွဲဟာ ထီးလေးတစ်ချောင်းအောက်မှာအတူတူရပ်နေကြကာကောင်လေးက ကောင်မလေးရဲ့ဘက်ကိုထီးကိုပိုပိုသာသာမိုးပေးထားသည်ကိုတွေ့ရသည်။
"ရိပေါ် မင်းပခုံးတွေရေစိုကုန်ပြီလေ"
"ရပါတယ်ဗျ...အရေးကြီးတာက ကျန့်ကော ရေမစိုဖို့ပဲ"
ရုတ်တရက်နားထဲကိုဝင်လာတဲ့အသံတွေက နှလုံးသားတည်ရှိရာဘယ်ဘက်ရင်အုံကိုနာကျင်စေသည်။
မွန်းကြပ်လာတဲ့စိတ်တို့နဲ့အတူရှောင်းကျန့်ကထီးလေးကိုကိုင်ထားလျက်လမ်းမပေါ်မှာစောင့်ကြောင့်လေးထိုင်လိုက်မိသည်။
"နှစ်တွေကြာသွားပေမယ့် ငါ့နှလုံးသားထဲမှာမင်းရှိနေတုန်းပါပဲဝမ်ရယ်"
တဖြည်းဖြည်းအရှိန်ပြင်းလာတဲ့မိုးစက်တွေကိုလျစ်လျူရှုလို့ရှောင်းကျန့်ကပူလောင်နေတဲ့နှလုံးသားကိုပဲဂရုပြုသည်။
"ပြန်မလာနိုင်တော့မှန်းသိနေပေမယ့်...ငါ့ရဲ့မသိစိတ်တွေက မင်းကိုစောင့်မျှော်နေမိတုန်းပဲ"
မျက်နှာပေါ်မှာကျရောက်လာတဲ့ အရည်ကြည်တွေက မျက်ရည်တွေလားး မိုးပေါက်တွေများလားပင်မသိနိုင်ပေ။
"အကူအညီလိုလားး"
မျက်စိရှေ့ကိုရောက်ရှိလာတဲ့ရှူးဖိနပ်အဖြူရောင်နဲ့အတူကြားလိုက်ရတဲ့ ခပ်သြသြအသံတစ်ခု