Part 23

3.5K 274 11
                                    

ည ၁၁ နာရီမှာကြားလိုက်ရသောလေယာဉ်သံကြောင့် အိပ်ရန်ပြင်ဆင်နေသော မကြွယ် တစ်ယောက်အိမ်မကြီးတံခါးကိုအပြေးလေးသွားဖွင့်ပေးလေသည်။

"မမ..."
တံခါးဖွင့်လိုက်သည်နှင့်မပြုံးမရယ်မျက်နှာထားနဲ့မမကိုသာတွေ့ရသည်မို့ ဘေးဘီကိုဝေ့ဝိုက်ကြည့်လိုက်မိသည်။

"ဒေါက်တာ‌မလေးရောဟင် မမ..."

ပုံမှန်တည်တင်းနေတဲ့မျက်နှာကပို၍တည်တင်းသွားသဖြင့်သူမေးမိတာမှားသွားသလားလို့တောင်ထင်လိုက်မိလေသည်။

"သူပြန်မလာတော့ဘူး.."

စကားတစ်ခွန်းသာခပ်ပြတ်ပြတ်ပြောရင်းအပေါ်ထပ်ကအခန်းကိုသာပြေးတက်မိတော့တယ်။

လှေကားရင်းတွင်ရပ်စောင့်နေသောအညိုနှင့်ဝေ မှာလည်းမမရဲ့အပြုအမူကြောင့်ကြောင်အမ်းအမ်းရပ်နေမိသည်။

"အစ်မဝေ... အစ်မဝေ"
ကြောင်တောင်တောင်နှင့်ရပ်နေသော အစ်မဝေ ကိုလက်မောင်းကလှုပ်ကိုင်ကာ ခေါ်လိုက်လေသည်။

"ဟေ.."

"မမ ဘာဖြစ်လာတာလဲ? "
အလန့်တကြားနှင့်မေးလာသော အောင်ဓနကြွယ်ကိုကြည့်ရင်း အပေါ်ထပ်သို့တက်သွားသော လှသွေးပန်းချီကိုလိုက်ကြည့်မိသည်။

"ငါမသိဘူးဟ."

"ဒေါက်တာမလေးကရော?"

"ပါမလာတော့ဘူး။ ပြန်မလာတော့ဘူးတဲ့"

"ဟင်! ထားပါတော့။ မမကိုကျွန်တော်သွားကြည့်လိုက်မယ်။ အစ်မတို့နှစ်ယောက်လည်းအိပ်တော့‌။"

အစ်မတို့နှစ်ယောက်ဆိုသည့်စကားကိုကြားတော့မှ ဘေးကိုငဲ့ကြည့်မိတော့ သူအသည်းအသက်လေး အညို ပါသူ့ဘေးမှာရပ်နေတာပင်။မျက်တောင်လေးပုပ်ခတ်ပုပ်ခတ်လုပ်နေပုံလေးကအသည်းယားစရာအတိပင်...

ဖြစ်ပျက်သမျှကမြန်ဆန်လွန်းပြီးသဘောမပေါက်နားမလည်သောကြောင့် အောင်ဓနကြွယ်ပြောသလိုနားဖို့သာဆုံးဖြတ်လိုက်တော့သည်။

"အညို..."

"ရှင်... အင်း"

အိပ်ရာဝင်ခါနီးသည့်တိုင် ဘောင်းဘီ၊စကပ်ပ်၊ဂါဝန်လုံးဝမဝတ်တတ်သောသူ၏ရှမ်းမလေးသည် ပင်လုံရောင်ချည်ထမိန်လေးနှင့်ရင်စေ့လက်ရှည်အဖြူရောင်လေးပင်ဝတ်ထားသော်လည်း အရှိန်အဝါကျသွားခြင်းမရှိသလို လှပတင့်တယ်နေဆဲဖြစ်သည်။

ချစ်ရပါသော အန်တီ (Completed)Where stories live. Discover now