{9}

3K 114 1
                                    

Zawgyi
ဝမ်းလုက လှေကားက ဆင်းလာသည့် ရှောင်းကျန့် ကို မြင်တော့ လှမ်းကာ စကားဆိုသည်"

"ရှောင်းကျန့် လာသွားမယ်လေ ကျောင်းနောက်ကျနေပြီ

"ဟမ်

  "ရှောင်းကျန့် က အိမ်က ကျောင်းကားနဲ့သွားလိမ့်မယ် ထားလိုက် သွားမယ်

  ရှောင်းကျန့် ဝမ်းလုစကားကြောင့် ဟမ် ဆိုသော အသံထွက်မိကာ ရိပေါ်ကို ကြည့်တော့ ရိပေါ်က သူ့ကို မျက်လုံးလှန်ကြည့်ကာ နောက် ဝမ်းလုကို ပြုံး ပြကာ စကားဆိုသည်"

ရှောင်းကျန့် ရိပေါ် စကားကြောင့် စိတ်ထဲ မနာလိုသလို ဝမ်းနည်းသလို ဖြစ်သွားသည်" သူ့ထက် ဝမ်းလုက အရေးပါနေသည်ကိုလဲ သူထင်မိသည် တကယ်ကို သူက ဝမ်းလုလောက် ရိပေါ်ရင်ထဲမှာ အရေးမပါခဲ့ဘူးလားလို့လဲ ကိုယ့်ကို မေးခွန်းထုတ်မိနေသည်"

"ထင်တဲ့ အတိုင်းပါပဲဗျ တကယ်တော့ ကျွန်တော် တစ်ယောက်ထဲကပဲ စိတိကူးတွေယဉ်ပြီး အတွေးတွေ လွန်နေခဲ့တာ ...

  ရှောင်းကျန့် သူ့ကို ကျောခိုင်းထွက်သွားတဲ့ ရိပေါ် ကျောပြင်ကိုပဲ ငေးကြည့်နေမိသည်" တခဏကြာတော့ အိမ်ကကျောင်းကားပို့တဲ့ ဦးလေး ရောက်လာတော့ ရှောင်းကျန့် ကျောင်းကိုသွားလိုက်သည်" ရှောင်းကျန့် ကျောင်းသွား လမ်းတစ်လမ်းလုံးမှာ ကားအပြင်ဘက်ကို မျော်လင့်ချက်မဲ့စွာ ငေးကြည့်နေသည်" ပါးပြင်ထက်က မျက်ရည်ပူတွေက လေတိုက်သည့်အရှိန်ကြောင့်ပဲ လေထဲ လွင့်ပါသွားသည်"

   ရှောင်းကျန့် ကျောင်းရောက်တော့လဲ အရင်လို ဘာမှဝယ်မစားပဲ ကျောင်းခန်းက သူ့ခုံမှာ ဝင်ထိုင်နေလိုက်သည်" ထိုအချိန် ဝင်လာသော ဝမ်းလု

"ရှောင်းကျန့် ငါမင်းအတွက် ပေါက်စီဝယ်လာတယ် ရော့ ပေါက်စီကို ငါအသားနဲ့ဝယ်မလာဘူး မင်းက နေကောင်းတာမကြာသေးဘူးလေ ဒါကြောင့် အရွက်ပေါက်စီပဲ ဝယ်လာတာ ရော့ စားလိုက် ဒါက ပဲနို့

   ဝမ်းလုက ပြောပြောဆိုဆို ပင် ရှောင်းကျန့် ‌လက်ထဲကို ပဲနို့နဲ့ပေါက်စီ ထည့်ပေးသည်" ရှောင်းကျန့် ဝမ်းလုကို မော့ကြည့်တော့ သူ့ကို ပြုံးပြသည် "ရှောင်းကျန့် ဝမ်းလုရဲ့ ဒီလို ဂရုစိုက်ပေးနေတာကိုမြင်တော့လဲ သူကပဲ ဝမ်းလုကို တစ်ဖက်သက် မနာလိုဖြစ်နေသလားဟု တွေးစမိသည် "ရှောင်းကျန့် ဝမ်းလုကို ဘာစကားမှပြန်မပြောပဲ အပြုံးနုတစ်ခုနဲ့သာ တုန့်ပြန်သည်"

(ဦး"Oo Wang🚨🔞⚠️)(ဦး"Oo Wang🚨🔞⚠️)Complete Where stories live. Discover now