{27}

2.9K 91 0
                                    

အင့် ကျွတ် ကျွတ်  နာ လိုက်တာ အဟင့် အား

  ရှောင်းကျန့် မျက်လုံး မဖွင့်သေး နာကျင်နေတဲ့ ခါးလေးကို ပွက်ပြီး မျက်ခုံးတွေ တွန့်ချိတ်နေသည်
ရှောင်းကျန့် နာကျင်နေတာတောင် သူ့ဘေးက နေရာလပ်ကို စမ်းကြည့်ဖို့မမေ့ ပုံမှန်လိုပါပဲ အိပ်ယာခင်း အေးစက်စက် တစ်ခုကလွဲလို့ ဘာမှ ရှိမနေ

  ရှောင်းကျန့် မျက်လုံး မဖွင့်ပဲ ကုန်းရုန်းထလေသည်

"ဒေါက် ဒေါက် ဒေါက် (တခါးခေါက်သံ)

"သခင်လေး

  ရှောင်းကျန့် မျက်လုံးပင်မဖွင့်သေးပဲ ခန ထိုင်နေချိန် အပြင်က အသံတစ်ချို့ ကြားလိုက်ရသည်

"ဘာကိစ္စ ရှိလို့လဲ

"သခင်ကြီး က ရေချိုးပြီး အောက်ဆင်းလာပါတဲ့ မနက်စာ စားဖို့ စောင့်နေပါတယ်

  အပြင်ကလူအသံ ဆုံးသွားတာနဲ့ ရှောင်းကျန့် အတွေးထဲဝင်လာတာက ရိပေါ်က သူ့ကို မနက်စာ စားဖို့ စောင့်နေတာတဲ့ ဒါက ထူးဆန်းတယ်မလား အရင်ကဆို စောင့်ဖို့မပြောနဲ့ ထမင်းစားပြီးပြီ လားလို့တောင် မမေးဘူးဘူးလေ "

"ဟုတ်ပြီ ကျွန်တော် ခနနေလာခဲ့မယ်လို့ ပြောပေးပါ

"ဟုတ်ကဲ့ သခင်လေး

  အပြင်က လူရဲ့ တစ်ချပ်ချပ် ခြေသံ အဝေးရောက်မှ ရှောင်းကျန့် ကုတင်ပေါ်က ကုန်းရုန်းထကာ ရေချိုးဖို့ ပြင်ရပြန်ပြီ ရေချိုးခန်းထဲ ရောက်တော့ အရန်သင့်ပြင်ထားရန်တူတဲ့ ရေချိုးကန်လေးထဲ ဝင်စိမ်နေလိုက်သည်

  ရှောင်းကျန့် ရေချိုးနေရင် ညက အရာတွေ ခေါင်းထဲ တန်းစီ လို့ ဝင်လာလေသည် ထိုအရာတွေ ပေါ်လာတိုင်း ရှောင်းကျန့် သူ့မျက်နှာ ဘယ်ထားရမှန်းပင် မသိတော့

"အားယား  ငါ့ဘက်ကတောင် အဲ့လိုကြီး တောင်းဆိုခဲ့တာလား ဒါက ဘယ်လိုတောင် အရှက်မရှိတာလဲ အားးးး ငါရှက်လိုက်တာ

  တွေးနေရင်း ညကပုံရိပ်တွေက သူ့ရှေ့ထပ်မှန် ပေါ်လာလေသည် ရှက်လွန်းလို့ ထိုအရာတွေကို ခေါင်းထဲက ထုတ်ရန် ခေါင်းတွေကို ဘက်ညာ လှုပ်ခါပြစ်လိုက်သည် ဒါပေမဲ့ အတွေးထဲက ပုံရိပ်တွေကတော့ ပျယ်ပျောက်သွားခြင်းမရှိ "

(ဦး"Oo Wang🚨🔞⚠️)(ဦး"Oo Wang🚨🔞⚠️)Complete Where stories live. Discover now