Chapter - 23

457 80 10
                                    

(Unicode)

"မြေးလေး ဘွားဘွားကိုချစ်လား....??"

"ဟုတ် ဘွားဘွား... ချစ်တာပေါ့"

မျက်လုံးဝိုင်းဝိုင်းလေးနဲ့ချစ်စရာကောင်းတဲ့ မြေးအတတ်လေးကြောင့် Mrs.Jeon တစ်နေ့တစ်နေ့အပျင်းလည်းပြေ အမောလည်းပြေနေရတယ်....။ သားနဲ့ချွတ်စွပ်တူတာကြောင့် အကြင်နာပိုရသလို စကားတတ်လွန်းတာကြောင့်လည်း အချစ်ပိုနေရပြန်တယ်....။

"ဘိုးဘိုးကြီးကိုရော မချစ်ဘူးလား မြေးရဲ့...."

"ချစ်ပါတယ် ဘိုးဘိုးရဲ့.... Jiji က ဘိုးဘိုးရော ဘွားဘွားရောကို အများကြီး အများကြီး ချစ်တယ်"

မြေးလေးက လိမ္မာပြီး စကားတတ်လွန်းတာကြောင့် တည်တည်ကြီးပဲနေတတ်တဲ့ သူ့အဖိုးဖြစ်သူကတောင် သည်းသည်းလှုပ်ချစ်နေရတယ်လေ....။ အခုလည်း Mrs.Jeon နဲ့ မြေးလေးဆော့တဲ့အနားမှာ လာထိုင်ပြီး Jiji လေးဆော့နေတာကိုကြည့်ကာ သဘောကျနေလေရဲ့....။

"အဖေနဲ့အမေနောက်ကျနေပြီလေ.... အိပ်ချင်ရင် အိပ်ကြတော့နော်.... Jiji ကိုသမီးထိန်းလိုက်မယ်"

"ရပါတယ် သမီးရယ်..... အမေလည်း မအိပ်ချင်သေးလို့ မြေးနဲ့ဆော့ပေးနေတာ.... မြေးလေးရော အိပ်ချင်နေပြီလား....??"

"ဟုတ်ကဲ့ ဘွားဘွား.... Jiji အိပ်ငိုက်နေပြီ"

မျက်လုံးလေးပွတ်ကာ ချစ်စဖွယ်ပြောတဲ့ မြေးရဲ့ဆံပင်လေးကို Mrs.Jeon ပွတ်သပ်လိုက်ပြီး ထိုင်နေရာကနေ ဆွဲထူပေးလိုက်တယ်....။

"လာ.... ဒါဆို ဘွားဘွား အခန်းထဲလိုက်ပို့ပေးမယ်"

"ဟုတ်ကဲ့ ဘွားဘွား....."

Jiji လေးရဲ့လက်ကိုဆွဲကာ မြေးအဘွားနှစ်ယောက်အတူ အခန်းထဲဝင်ခဲ့လိုက်တယ်....။ မြေးလေးကို မျက်နှာသစ် သွားတိုက်ပေးပြီးတော့ ညအိပ်ဝတ်စုံလေး လဲပေးလိုက်တယ်....။ အိပ်ရာပေါ်မှာလှဲလိုက်တဲ့ မြေးလေးကိုစောင်ခြုံပေးပြီး နဖူးလေးကိုပါ နမ်းလိုက်တယ်....။

"ဘွားဘွား ပုံပြင်စာအုပ်ဖတ်ပြရမလား မြေးလေး"

"ဟင့်အင်း ပုံပြင်စာအုပ်ကို Daddy ပြန်လာတဲ့နေ့မှ Jiji က ဖတ်ခိုင်းမှာ"

First Love (Completed)Where stories live. Discover now