Chapter - 24

418 69 8
                                    

(Unicode)

ဆေးရုံခန်းထဲမှာပဲ နေရတာကြာတော့ လူက ငြီးစီစီကြီးဖြစ်လာရတယ်.....။ ဒါကြောင့် အပြင်ကိုထွက်ကာ လမ်းလျှောက်လိုက်တော့မှ စိတ်လည်း အနည်းငယ် ကြည်သွားလေတယ်....။ လတ်ဆတ်တဲ့ အပြင်က လေထုကလည်း သူ့စိတ်ကို လန်းဆန်းသွားစေတယ်...။

"နေလို့ကောင်းသွားပြီလား....??"

"အင်း ကောင်းသွားပြီ.... အခုမှပဲ အသက်ရှူချောင်တော့တယ်...."

"လေလေး နည်းနည်းတိုက်နေတယ်.... အနွေးထည်လေး ဝတ်ထားလိုက်ဦး...."

Jungkook ကအသင့်ယူလာတဲ့ အနွေးထည်ကို ဝတ်ပေးလေတယ်....။ အနားမှာ အရိပ်လိုရှိပေးပြီး အကုန်ဂရုစိုက်ပေးနေတဲ့ Jungkook ကြောင့်သာ Yoongi အခုချိန်ထိ တောင့်ခံနေနိုင်တာဖြစ်တယ်....။ Jungkook သာမရှိရင် Yoongi ဖြစ်လာသမျှ ဝေဒနာတွေကို အားတင်းထားနိုင်မယ် မထင်ပေ...။

အခုလည်း ဆေးရုံဝန်းထဲ လမ်းလျှောက်ထွက်ချင်တယ်ဆိုတော့ လိုလိုမယ်မယ်ဆိုပြီး Yoongi ရဲ့အနွေးထည်ယူပြီး အနောက်ကလိုက်လာပေးခဲ့တာလေ....။ ဆေးရုံဝန်းထဲက သစ်ပင်စိမ်းစိမ်းစိုစိုလေးတွေ ပန်းလေးတွေကို ကြည့်ပြီး Yoongi ရဲ့စိတ်တွေ အေးချမ်းသွားရတယ်....။

"Omma ဒီ ပန်းလေးလှတယ်နော်.... သမီး လိုချင်တယ်....."

"ဒီပန်းတွေက ခူးလိုမရဘူးလေ သမီးလေးရယ်..... Omma မနက်ဖြန်ကျမှ ဝယ်လာပေးမယ် ဟုတ်ပြီလား....."

"ဟုတ်ကဲ့ Omma....."

Yoongi ပန်းလေးတွေကိုကြည့်နေတုန်းမှာပဲ သူ့အနားက သားအမိနှစ်ယောက်ရဲ့ စကားပြောသံကြောင့် ကြည့်လိုက်မိတယ်....။ ဆေးရုံဝတ်စုံကိုဝတ်ထားတဲ့ ကလေးလေးဟာ သမီးလေးနဲ့ မတိမ်းမယိမ်းသာရှိလေတယ်....။ ဆံပင်နှစ်ဖက်ခွဲစည်းထားတဲ့ ထိုကလေးမလေးကြောင့် Yoongi သမီးလေးကို သတိရမိသွားတယ်....။

"Jungkook ငါ သမီးလေးကိုသွားတွေ့ချင်တယ်....."

Jungkook က လက်ကနာရီကို ကြည့်လိုက်ပြီးမှ Yoongi ကိုပြန်ကြည့်လာတယ်....။

"အင်း.... သွားကြမယ်လေ.... သမီးလေး ကျောင်းဆင်းချိန်နီးနေပြီဆိုတော့ ကျောင်းကိုလိုက်သွားကြတာပေါ့....."

First Love (Completed)Where stories live. Discover now