♡3♡

53.1K 2.3K 37
                                    

Zg//

သခင်​ ​အ​ကြောတင်းလွန်း​သော အ​ကောင်​အား အချိန်​အ​တော်​ကြာသည်​အထိ ကစား​ပေးပြီး​နောက်​ ​ရေပါတစ်​ခါတည်းချိုးချလိုက်​သည်​......။

သခင်​ ​ရေချိုး၍ အပြင်​သို့ထွက်​လာခဲ့​​ပြီး ​အောက်​ထပ်​ဆင်းရန်​အလာ ဂျီး​တော်​​ပေါက်​စ အခန်း​ရှေ့မှ ဖြတ်​​သော်​ ဘာရယ်​မဟုတ်​ ထိုအခန်းတံခါးအား လှပ်​ကြည့်​လိုက်​​သောအခါ အ၀တ်​အစားအပြည့်​အစုံလဲထားပြီး ကုတင်​​ပေါ်တွင်​ အ​ပေါက်ဝ​အား ​ကျော​ပေး၍ ငုတ်​တုတ်​ထိုင်​ကာ ငို​နေ​သော အရိပ်​​လေးအား​တွေ့ရသည်​...။...ငိုပဲငိုနိုင်​လွန်းသည်​...။...ဖွားသာဝင်​ပါမယ်​ဆိုရင်​ ဒီတစ်​​ယောက်​ကို သခင်​ မဖြစ်​မ​နေယူရမည့်​ပုံ...၊...သို့​ပေမယ့်​ သခင်​ ငြင်းဆန်​ရန်​ဆန္ဒမရှိ...ဘာ​ကြောင့်​လဲဆိုတဲ့အ​ဖြေဟာလည်း သူ့ဆီတွင်​မရှိ...သခင်​ ထိုအခန်းအား​ကျောခိုင်းပြီး ​လှေကားအတိုင်းဆင်းလာခဲ့သည်​...။

ထိပ်​​ထားမြတ်​နှင့်​​ဒေါ်ထားထားမြင့်​ ဧည့်​ခန်းထဲမှာ ထိုင်​​နေတာမြင်​​ပေမယ့်​ လျစ်​လျူရှုထားလိုက်​၏....။ ခ​လေးအကွက်​​တွေနဲ့ သင့်​သခင်​ကို အမိဖမ်းလို့ရမယ်​ထင်​​နေသည့်​ ထိုသားအမိကို သခင်​တကယ်​သနားမိသည်​.....။

ဖွားသည်​ ​ရန်​ကုန်​မှ ​တောင်​ကြီးသို့ private jet နှင့်​ ချက်​ချင်း​ရောက်​လာခဲ့သည်​။ ဖွား​ ဟိုအိမ်​​ရောက်​​နေပြီဖြစ်​​ကြောင်း The king family ၏လူယုံ ​နေစက်​ရှိန်​ဖုန်းဆက်​မှ သခင်​အိမ်​သို့ပြန်​လာခဲ့လိုက်​သည်......။

ဧည့်​ခန်းထဲတွင်​​တော့ လူစုံ​နေပြီ။ ဂျီးတော်​​ပေါက်​စကို​တော့မ​တွေ့...၊...မနက်​က ခံစားမိတဲ့အပူရှိန်​​ကြောင့်​ ​တော်​​တော်​ဖျား​နေ​ပြီ ဖြစ်​ရမည်​...။...သူ(မ)၏ ဖခင်​ဟု ထင်​ရသည့်​ ဦးမြတ်​မင်းဆိုသူပါ​ရောက်​​နေသည်​။ ဖွားနှင့်​အတူ ​တွေ့ရသည်​က ဒယ်​ဒီနဲ့မာမီ...။

မျက်​နှာပျက်​​နေပုံ​ထောက်​ရင်​​တော့ သားဖြစ်​တဲ့ကိုယ့်​ကို အမိဖမ်းခိုင်းတာ မာမီတို့လက်​ချက်​များလား။ ​ပြောရတာမဟုတ်​ ဒယ်​ဒီနဲ့မာမီက သူတို့အကျိုးအမြတ်​ရရင်​ ကိုယ့်​ကို ​ရောင်းစားရမယ်​ဆိုရင်​​တောင်​ ​ဈေးမဆစ်​မယ့်​လူမျိုး​တွေ....။

No one but you(မင်းမှမင်းပဲ){Complete}s1Where stories live. Discover now