Chapter 12.2

2.4K 452 8
                                    

Unicode

ဆိုင်အတွင်းဝယ်---

စီနီယာအစ်မနှင့် စူးယိရန်က စကားအနည်းငယ်ပြောနေရင်း သူမက ခဏမျှတွေဝေနေပြီးမှ သူမစိတ်ထဲကမေးခွန်းကို ထုတ်မေးလိုက်တော့သည်။

"ဟုတ်သား....ငါမမေးရသေးဘူး. ...ကုယွမ်းထင်..သူက နင်အပြင်ဘက်မှာ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်တာကို ခွင့်ပြုရဲ့လား"

စူးယိရန်က စီနီယာအစ်မ၏အမူအရာက အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားမိပေမဲ့ သူဂရုမထားလိုက်မိ။

ထင်ကောအကြောင်းတွေးမိချိန်မှာ သူ့နှုတ်ခမ်းထောင့်တွေက မနေနိုင်စွာကော့တက်လာကာ ပြုံးမိသွား၍ မျက်ဝန်းထဲမှာ နူးညံ့မှုတို့ရှိလာသည်။

"သူက ကျွန်တော့်ကို အများကြီးအားပေးထောက်ပံ့တယ်"

"အများကြီးအားပေးထောက်ပံ့တယ်??"

စီနီယာအစ်မဖြစ်သူက စူးယိရန်အမူအရာက အတုအယောင်မဟုတ်မှန်း မြင်မိသွားတော့ စိတ်တွင်းကနေ စိတ်သက်သာရာ ရမိသွားလေသည်။

သူမစိတ်ထဲမှာ အတော်ကြာအောင်ဖုံးကွယ်ထားခဲ့ရသော စိုးရိမ်ပူပန်မှုက နောက်ဆုံးလွှတ်ချနိုင်ပြီမို့ စိတ်အေးသက်သာလှစွာ ပြုံးလိုက်ရင်း

"ကောင်းတာပေါ့"

ကြည့်ရတာ သူမအတွေးများသွားခဲ့ဟန်ရှိသည်။ သို့ငြား ကံကောင်းစွာဖြင့် ယခင်တစ်ခေါက်မှာ ဝီချတ်မှာ စူးယိရန်နှင့် စကားပြောစဥ်က "သတိထားဦး"ဟူသောမက်ဆေ့ကို အချိန်မှီပြန်ရုတ်သိမ်းနိုင်ခဲ့၏။မဟုတ်ပါက လက်ထပ်ပြီးကတည်းက အဆင်ပြေနေခဲ့ကြသောလူငယ်စုံတွဲမှာ သူမ၏ ရှင်းပြရခက်သည့် စကားကြီးကိုသိသွားလျှင် သူမကို ဘယ်လိုလူစားလဲဟုပင် ထင်မိသွားလောက်သည်။

သူမက စိတ်သက်သာရာရစွာ သက်ပြင်းရှိုက်ရင်း စူးယိရန်နှင့် စကားတွေ ထပ်ပြောနေလိုက်သည်။ စိတ်ထဲမှာတော့ လွန်ခဲ့သည့်နှစ်တွေကို ပြန်တွေးမိသွားသည်။ ကုယွမ်းထင်ဟာ အန္တရာယ်များ၍ ကောက်ကွေ့သောလူဟု သူမအမြဲတမ်းထင်နေခဲ့သည်ပင် ဖြစ်၏။

သူမကောလိပ်မှာတုန်းက စူးယိရန်နှင့် ဆုံခဲ့ပြီး သူငယ်ချင်းတွေဖြစ်ခဲ့ကြသည်။နောက်ပိုင်း သူမဟာ စူးယိရန်လုပ်သည့် အချိုပွဲတွေကို မြည်းစမ်းခွင့်ရခဲ့၏။ သူမဟာ Apple Live မှာ အလုပ်သင်ဆင်းနေခဲ့ပြီဖြစ်တာကြောင့် စူးယိရန်အား တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ဖို့ အမှတ်မထင်ပြောဖူးသည်။
    
စူးယိရန်သည်လည်း အတော်ကြီးစိတ်ပါဝင်စားခဲ့ပေမဲ့ စာချုပ်က အပြီးသတ်နီးပါးဖြစ်နေချိန်ကျမှ အကြောင်းပြချက်မျိုးစုံကြောင့် လက်လျော့သွားခဲ့လေသည်။
    
စူးယိရန် မသိခဲ့သည်ကတော့ ကုယွမ်းထင်ဟာ သူ့နောက်မှာ သူမအား လာရှာခဲ့သည်ဆိုတာပင်။
    
စီနီယာအစ်မသည် ကုယွမ်းထင်၏ စူးရှခက်ထန်သောအကြည့်များနှင့် အေးစက်စက်ခြိမ်းခြောက်မှုများကို အမှတ်ရနေဆဲ။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now