I wrote a poem in summer

615 59 8
                                    


*နွေလေရူးကတဖန်ရာသီစက်ဝန်းထဲရောက်ရှိလာချေပြီ။ ရော်ရွက်တို့မှာလည်း လေဝှေ့တိုင်း မြေသို့သက်ဆင်းနေကြသည်။ အပူဒဏ်ဟာလည်း မပြင်းလွန်းမပျော့လွန်း။

အဝေးတစ်နေရာမှ ကားဟွန်းတီးသံ နှင့် စာငှက်ငယ်အသံတို့မှာ ထွေးယှက်လျက် လေလှိုင်းထဲပျံ့နှံ့လာတော့သည်။

ရောင်စုံခြယ်သောသစ်သားခုံတန်းထက်ထိုင်လျက် လက်ထဲမှစာအုပ်ကိုအယောင်ပြလျက် သူ့မျက်လုံးတို့မှာ စာအုပ်တွင်မရှိဘဲ မျက်စိရှေ့ရှိ ဘတ်စကတ်ဘောကွင်းထဲသာရောက်နေခဲ့သည်။

ရွယ်တူတွေကြား ထင်းနေသောထိုလူသားဟာ ဘတ်စကတ်ဘောကိုကျွမ်းကျင်စွာပုတ်ခတ်လိုက်တိုင်း သူ့နှလုံးသားဟာ တသိမ့်သိမ့်။ ဘတ်စကတ်ဘောခြင်းထဲ ခုန်၍ထည့်လိုက်ချိန် လစ်ဟာသွားသော ထိုသူ့၏ဝမ်းဗိုက်တစ်နေရာကြောင့် နွေနေပူမှာ သူပါးပြင်နှစ်ဖက်ကပူလောင်လာသလို။

ယောကျာ်းလေးအချင်းချင်းတောင်မှ သမင်လှည်ပြန်ကြည့်ရသောထိုသူသည် လှသည်ဆိုတာထက်ပို၍လှ၏။အကြင်သူ၏အလှကိုဖွဲ့ဆိုရန်စကားလုံးက ဤကမ္ဘာ၌မရှိသေးသလို ထိုယောကျာ်းသည် ညို့ငင်နိုင်စွမ်းပြင်းလွန်းလှသည်။

သူထိုလူသားအားမည်မျှကြာသည့်အထိငေးနေမိသလဲမပြောတတ်။သတိပြန်ဝင်လာချိန် ထိုသူနဲ့သူငယ်ချင်းများမှာ ဘတ်စကတ်ဘောကွင်းမှထွက်ခွါရန်ပြင်နေကြချေပြီ။

သူထိုင်နေတဲ့နေရာဆီအကြည့်တစ်ချက်မပို့ဘဲ သူငယ်ချင်းများနှင့်စကားပြောကာထွက်ခွါသွားသည့်သူကို သူထိုနေရာ၌ပင်ကြည့်နေမိသည်။

ထပ်ပြီးဒီလိုနဲ့နေ့တစ်နေ့ကုန်သွားပြန်ပြီ။သဘောကျနေတဲ့လူပဲ၊ကိုယ့်ဖက်ကစကားစပြောကြည့်ပေါ့ ဆိုရင် သူငြင်းဆန်မိမှာအမှန်ပင်။

အဆင်ပြေပါတယ်..ဒီလိုမျိုးကြည့်နေခွင့်ရတာနဲ့တင် သူ့အတွက်လုံလောက်နေပြီမလား။ စကားနဲ့မပြောဖြစ်ရင်တောင် သူ့ခံစားချက်တွေကို အဲ့ဒီလူကနားလည်လောက်မှာပါ။ ဘယ်သူဘယ်ဝါမှန်းမဖော်ပြတဲ့ သူပေးတဲ့စာတွေကနေတစ်ဆင့်ပေါ့။

-
-
-

*ဂျီဝွန်း...ကင်မ်ဂျီဝွန်း...သူ့ထက်(၂)နှစ်ကြီးတဲ့ထိုလူသားက မကြာခင်ဆိုအထက်တန်းပြီးလို့ တက္ကသိုလ်ကိုတက်ရတော့မယ်လူ။ ဒါပေမယ့် အဲ့ဒီလူက တက္ကသ်ုလ်မြေကိုမနင်းခင်ကတည်းက သူမတူတဲ့အလှကြောင့် နှုတ်ခမ်းနီမလေးတွေကြား နာမည်ကတော့ခပ်ကြီးကြီးရယ်။

The Last Poem of Summer : Two Shots Where stories live. Discover now