The most painful poem of summer

245 40 10
                                    


အချိန်တွေဆီမှာ မှတ်ဥာဏ်တွေရှိတယ်။

အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်...အချိန်စက်ဝန်းတွေကလည်ပတ်နေသရွေ့ အဲ့ဒီစက်ဝန်းတွေမှာ အဖန်တလဲလဲဖြစ်ပေါ်နေတဲ့အမှတ်တရတွေကိုသိမ်းဆည်းထားသလိုမျိုး။

လူတွေကသာအသက်အရွယ်ကြီးပြင်းလာပြီး မှတ်ဥာဏ်တွေဝေဝါးလာရင်တောင် အချိန်စက်ဝန်းကတဖန်ပြန်လည်တဲ့အခါ တစ်ချိန်ကအမှတ်တရတွေကိုသတိရလာကြတယ်။

လှပတဲ့မှတ်ဥာဏ်ဖြစ်ဖြစ် ဝမ်းနည်းပြီးအကျည်းတန်တဲ့မှတ်ဥာဏ်ဖြစ်ဖြစ် အချိန်တွေကတော့အရာအားလုံးကို သိမ်းဆည်းထားမှာပါပဲ။

-
-
-

နီလာရောင်တောင်ပံတို့ တဖြတ်ဖြတ်ခတ်ကာ နေရောင်အောက်ပျံသန်းနေကြသောလိပ်ပြာငယ်တို့မှာ ဟိုကူးဒီသန်းဖြင့်။

အပင်ထက်က စိန်ပန်းပြာတို့မှာလည်း ဟိုဟိုသည်သည်ယိမ်းထိုးကာ ကိန္နရီတို့ကသည့်နှယ်။

ကျောင်းသားများမရှိတော့သည့်လမ်းမထက် တစ်စုံတစ်ယောက်ကိုစောင့်နေသောသူအနား ရောက်လာသောသူတစ်ဦး။ပွင့်ကြွေတို့ကိုခြေထောက်ဖြင့် ထိုးရှပ်ကစားနေသူမှာ ပတ်ဝန်းကျင်ကိုသတိမရသလို အနားသို့ရောက်လာသူကိုလည်းသတိမထားမိဟန်။

"စီနီယာ...အိမ်မပြန်သေးဘူးလား"

မျှော်နေပါသောသူ၏အသံကိုကြားလိုက်ချိန် ဂျီဝွန်းခေါင်းကိုမော့ကြည့်လိုက်တော့ ဆောဝန်းမှာလွယ်အိတ်ကြိုးကိုတင်းတင်းကိုင်လျက်သူ့ဘေး၌ရပ်နေခဲ့သည်။

တမင်စောင့်နေတာပေမယ့် ဝန်းရဲ့ခြေသံကိုမကြားတဲ့အထိ သူအတွေးလွန်နေမိတာလား...

"ကိုယ်မင်းကိုစောင့်နေတာလေ။မင်းနဲ့အိမ်အတူပြန်ချင်လို့"

ထိုအခါ ကောင်လေးကမျက်တောင်များပုတ်ခတ်ကာ

"မဟုတ်တာ။ကျွန်တော်နဲ့စီနီယာ့အိမ်ကတောင်နဲ့မြောက်ကို ဘယ်လိုအတူပြန်လို့ရမလဲ"

"ဒါဆို ကိုယ်မင်းကိုအိမ်လိုက်ပို့ပြီး ကိုယ့်ဘာသာပြန်လိုက်မယ်လေ"

You've reached the end of published parts.

⏰ Last updated: Mar 24, 2023 ⏰

Add this story to your Library to get notified about new parts!

The Last Poem of Summer : Two Shots Where stories live. Discover now