Episode-1

813 56 9
                                    

တစ်ဖျက်ဖျက်နှင့်တောက်ပနေ​ေသာကင်မရာမီးရောင်အောက်တွင်....

"ခုလို ရှင်းလုပ်ငန်းစုနဲ့ လက်တွဲလုပ်ဆောင်ခွင့်ရလို့အများကြီးဝမ်းသာပါတယ်ဗျ.."

"ဂျောင်လုပ်ငန်းစုနဲ့ရှေ့လျှောက်အကြာကြီးလက်တွဲလုပ်ဆောင်ချင်ပါသေးတယ်.."

"ဟုကဲ့..ေမျှာ်လင့်ပါတယ်ဗျ.."

ပြီးနောက် ​အပြုံးချိုချိုတို့ကိုချိတ်ဆွဲလိုက်ပြီး လက်ဆွဲနှုတ်ဆက်လိုက်လေသည်။

ဂျောင်လုပ်ငန်းစုဆိုတာဟာ ကိုးရီးယားနိုင်ငံမှာမသိသူမရှိတဲ့ စီးပွားရေးလောကမှာဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့လုပ်ငန်းစုတစ်ခု..။သူတို့နည်းတူ စီးပွားရေးလောကမှာထိပ်တန်းတစ်ခုဖြစ်တဲ့ရှင်းအုပ်စုနဲ့ပူးပေါင်းလိုက်ပြီဆိုကတည်းကရှယ်ယာစျေးတွေဟာလည်းအရင်ကထက်အဆမတန်သုံးလေးဆလောက်တဟုန်ထိုးထိုးတက်လာလေသည်။

စာချုပ်ချုပ်ဆိုပြီးတဲ့နောက်...

ဟိုဆော့လက်ထဲကစာချုပ်ကိုခပ်ပြုံးပြုံးလေးကြည့်လိုက်ပြီး..

"အဖေကတော့ငါ့ကိုချီးကျူးတော့မှာပဲ..အဟင်း~"

"ဒါရိုက်တာကြီး...ကုမ္ပဏီကိုပဲသွားမှာလားဗျ.."

အတွင်းရေးမှုးဆို ကအမေးပြုလာတော့..သူလက်ကနာရီကိုတစ်ချက်ကြည့်ကာ...

"အိမ်ကိုပဲသွားမယ်.."

"ဟုကဲ့..သိပါပြီဗျ..."

ထို့နောက်အဆင်သင့်ဖွင့်ပေးလာတဲ့ကတံခါး..။အနက်ရောင် BMW ပေါ်ကိုစမတ်ကျကျတက်လိုက်ပြီး အနည်းငယ်စပ်နေသောမျက်လုံးအစုံတို့ကိုသက်သာစေရန် ခေတ္တခဏမှိတ်ထားလိုက်လေသည်။

ရှင်းလုပ်ငန်းစုနဲ့လက်တွဲရဖို့အတွက် သူနေ့မနားညမနားနဲ့အစွမ်းကုန်ကြိုးစားခဲ့ရသည်မဟုတ်ပါလော။ပင်ပန်းနေသည်ဆိုသော်ငြားလည်း အောင်မြင်မှုရရှိခဲ့သည့်အတွက်သူပင်ပန်းရကျိုးနပ်ခဲ့လေပြီလေ။

မာနပြိုင်ချစ်ခြင်း// ---------EPISODE-1-------------

"အိုက်ဂူးးးးးး...ဒီနေ့ရာသီဥတုကတော်တော်ပူတာပဲ.."

ကျယ်ဝန်းလှတဲ့အိမ်တော်ကြီးထဲမှထွက်ပေါ်လာသော ညီးသံတစ်ခု..။

မာနပြိုင်ချစ်ခြင်း//🔥Where stories live. Discover now