Episode_6

304 41 5
                                    

Yg သူ့ရှေ့ကလူကို စူးစူးရဲရဲစိုက်ကြည့်နေမိသည်..။ ဒီလူက သူသိပ်ချစ်ခဲ့ရတဲ့ဂျောင်ဟိုဆော့ရဲ့ဘာလိုလိုကောင်!..

Nj ဝင်တိုက်မိသွားတဲ့လူကို တောင်းပန်စကားဆိုရင်း‌ကြည့်လိုက်မိတော့ ဘယ်တော့မှမဆုံရတော့ဘူးလို့တွေးထားတဲ့အတွေးတွေဟာ တစ်ခဏလေးအတွင်းမှာ ကြက်ပျောက်ငှက်ဖြစ်ကုန်သည်..။

အချိန်တော်ကြာသည်အထိ တစ်ယောက်နဲ့တစ်ယောက် မကျေမချမ်းနှင့် အကြည့်ချင်းစစ်ထိုးနေကြသည်။။ထိုစဉ်..

"ကိုကိုဒီထဲဝင်သွားတာလားမသိဘူး~"

သန့်စင်ခန်းအပြင်ဘက်ဆီမှ ခပ်တိုးတိုးလေးကြားလိုက်ရတဲ့အသံချိုချိုလေးကြောင့် ဂျောင်ဟိုဆော့မှန်း ‌ယွန်းဂီအပ်တပ်သိလိုက်သည်..။

အဟွန်း!..နောက်ဆုံးတော့ ငါနဲ့တွေ့ရတော့မှာပေါ့..

Nj တစ်ယောက် ဟိုဆော့အသံကြောင့် မျက်စိမျက်နှာပျက်ဖြစ်သွားကာ ..

ငယ်သူ့ကိုတွေ့သွားလို့မဖြစ်ဘူး!!.

သူ့ကိုခပ်ရွဲ့ရွဲ့ပြုံးရင်းအပြင်ထွက်ဖို့ခြေလှမ်းလှမ်းလိုက်တဲ့ယွန်းဂီကို နမ်ဂျွန်လက်ဖြင့်တွန်းလိုက်ပြီး
အလျင်အမြန်ပင် သန့်စင်ခန်းထဲမှထွက်သွားသည်။ယွန်းဂီမှာ အနောက်သို့ယိုင်ကျသွားတော့သည်။

တောက်!!ရုပ်ပျက်လိုက်တာ..!

နမ်ဂျွန်ထွက်ထွက်လာချင်းမှာပဲ ဟိုဆော့နှင့်ပက်ပင်းတိုးမိတော့သည်။

ဟိုဆော့ သူ့ရှေ့မှာ တစ်ခုခုစိုးရိမ်‌ေနဟန်ရှိနေတဲ့ နမ်ဂျွန့်ကိုကြည့်ပြီး..

"ဘာဖြစ်လာတာလဲကိုကို.."

"အ..မဟုတ်ဘူး..ကိုကိုခေါင်းကိုက်လာလို့ပြန်ကြရအောင်နော်ငယ်..~"

ထိုသို့ပြောလိုက်တော့ သူ့ကိုအကဲခတ်ပြီးကြည့်နေတဲ့ ဟိုဆော့။ ‌နမ်ဂျွန် ဟိုဆော့ပခုံးကိုဖက်လိုက်ကာ..

"ကိုကိုဒီနေ့အရမ်းပင်ပန်းတယ်ငယ်.နားချင်ပြီ~"

"အွန်းပါ .အ့ဆိုပြန်ကြမယ်လေ.."

ထို့နောက် နှစ်ယောက်သား ထိုနေရာမှထွက်သွားကြလေသည်။

ယွန်းဂီတစ်ယောက် တံခါးအကွယ်ကနေကြားနေရတဲ့စကားပြောသံတွေကြောင့် လက်သီးကိုခပ်တင်းတင်းဆုပ်လိုက်ကာ အံကိုကြိတ်ပြီး..

မာနပြိုင်ချစ်ခြင်း//🔥Where stories live. Discover now