Zawgyi

59 6 0
                                    

"တောင်ကိုရီးယားနိုင်ငံရှိ အထက်တန်းလွှာတချို့ ပါတီကျင်းပ​ရာ​နေရာ" လို့​ အမည်တပ်ခံထားရတဲ့ ဒီ​ဟောခန်းမထဲ
လူတိုင်းလူတိုင်းက စီးပွား​ရေးဆိုင်ရာအမြတ်ထုတ်နိုင်ရေးကိုသာ အားစိုက်​လို့နေကြတယ်။ လက်​ချောင်းဖြူသွယ်သွယ်တွေကဖန်ဆင်းလိုက်တဲ့ ပီယာနိုတီးလုံးသံငြိမ့်ငြိမ့်လေးက လူအများဆီက အာရုံစိုက်ခြင်းမခံရတာ​တော့ နှ​မြောစရာပဲ။

Classic, Jazz စတဲ့ သီချင်းအမျိုးအစား​တွေကို သေချာခွဲခြားမ​နေတတ်တဲ့သူ့အတွက်​တော့ အဖြူ​ရောင်ပီယာနို​ရှေ့ ၊ အဖြူ​ရောင်ဝတ်စုံပြည့်ကိုဝတ်ဆင်ထားတဲ့​ကောင်က​လေးရဲ့ သီချင်းသံက လွမ်းဆွတ်တ​မောဖွယ်ရာ သိပ်ကောင်း​ရဲ့။

ဂျွန်​ဂျောင်ဂုဆိုတဲ့ အမည်နာမတစ်ခုကို ပိုင်ဆိုင်ထားတဲ့ ထိုလွမ်း​မောဖွယ်ရာ​တေးသံပိုင်ရှင်က ထူးခြားတဲ့ဖြစ်တည်မှုနဲ့ မွေးဖွားလာခဲ့တယ်။ ဒီတစ်​လောကလုံးမှာ ပတ်ခ်ဂျီမင်တစ်​ယောက်တည်းသာသိနိုင်တဲ့ ထူးခြားတဲ့ဖြစ်တည်မှုနဲ့။

ဘေးတ​စောင်းသာမြင်​နေရတဲ့မျက်နှာက အ​မှောင်ရိပ်ထဲကို​ကျ​ရောက်​နေတာ​ကြောင့် ထို​ကောင်​လေးရဲ့ရုပ်ရည်​ချော​မောမှုက ဘယ်လိုရှိမလဲမသိနိုင်ကြ​တာ​တောင် ပီယာ​နို​ရှေ့က ခါးမတ်မတ်ထိုင်လျက်ရှိတဲ့ ခန္ဓာကိုယ်အချိုးအစား​ကြောင့်လားမသိ​။ ဟောခန်းမ​ထဲက မိန်းက​လေးတစ်​ချို့ရဲ့အကြည့်​​တွေက အဖြူ​ရောင်​ကောင်က​လေးဆီရစ်ဝဲ​လို့နေတယ်။

နှုတ်ခမ်း​လေးတွန့်​ကာပြုံးရင်း ရှမ်ပိန်တစ်ငုံကို သူငုံလိုက်တယ်။

အချိန်ကျပြီပဲ။

ပီယာနိုသံကြားဖြတ်ကာ​​ပြေးသွားမဲ့ လေချွန်သံတိုးတိုးက ဂျွန်​ဂျောင်ဂုရဲ့နားထဲတိုက်ရိုက်စီးဝင်သွားမယ်ဆိုတာကို သူသိတယ်။
ကြည့်လေ...။ သူ့​​​လေချွန်သံအဆုံးမှာ တိကနဲရပ်တန့်သွားတဲ့
ပီယာနိုအသံကသက်​သေပဲ။

ဂျီမင် ထပ်ပြုံးလိုက်မိရဲ့။
ဒီတစ်ခါ​တော့ အပြုံး​​တွေက ပီပီပြင်ပြင်။
ခြေလှမ်း​တွေကို​​​တော့ အ​ပေါ်ထပ်​လှေကားရှိရာဆီ ဦးတည်လိုက်တယ်။

You've reached the end of published parts.

⏰ Last updated: Mar 24, 2023 ⏰

Add this story to your Library to get notified about new parts!

 Take My BLOOD & Be MineWhere stories live. Discover now