memory 1

2.6K 31 0
                                    

"တိမ်လိုနိမ့်ဆင်းလိုက် တိမ်လိုမြင့်သွားလိုက်
နာကျင်မယ့် ငရဲအလား ကောင်းကင်ဘုံလေးလား အမြဲတို့နှစ်ယောက်ရွက်လွှင့်ခဲ့"

အဆက်မပြတ်မြည်လာတဲ့ ph ring toneသံကြောင့် ကျတော်ဟာ လန့်နိုးရင်း
"ဟုတ်သားပဲ ဒီနေ့ သခင့်ကို သွားကြိုရမှာလေ"

"ဟုတ်...ဆောင်းနိုးပြီ ထပြီနော်"

ထုံးစံအတိုင်းပါပဲ time managementမရှိတဲ့ကျတော်ဟာ ပျာယာခတ်တော့တာပါပဲ။မျက်နှာသစ်ရင်း ရေတစ်ခါတည်းချိုးပြီး စိတ်က ဒီနေ့ဘာ၀တ်သွားရမလဲဆိုတာကို တခါတည်း အလုပ်ပေးထားလိုက်တယ်။

သခင်...
ကျတော့်ရဲ့သခင်အကြောင်း ပြောပြရရင် သူဟာ အရမ်းနွေးထွေးပေးတဲ့သူတစ်ယောက်ပါပဲ။သူ့မှာ ကျတော် မတွန်းလှန်နိုင်တဲ့ အကြည့်စူးစူးတွေ ကျတော့်ကို အေးစက်သွားစေတဲ့ တည်ကြည်မှုတွေ ကျတော့်ရဲ့အရာရာအားလုံးကို ဂရုစိုက်ပေးနိုင်တဲ့ နွေးထွေးမှုတွေနဲ့ပြည့်စုံတဲ့ သူတစ်ယောက်ပါပဲ။ဒေါသလည်း အရမ်းကြီးတတ်ပါသေးတယ်☹️။

အာ...shit
နောက်ကျပါပြီဆို အတွေးက ပြန့်တုန်း ....
ဆံပင်ရှည်တွေကို သေချာစည်းနှောင်ပြီး hair clipလှလှလေးတွေ ဘေးမှာ တစ်ဖက်တစ်ချက်တွယ်လိုက်တယ်။ပန်းရောင်အရမ်းကြိုက်တဲ့ကျတော်က ဒီနေ့မှာ ပန်းရောင် ထဘီပြောင်လေးနဲ့ ခါးတိုလက်ပွအကျီလေးကိုပဲ ၀တ်ဆင်ရင်းနှုတ်ခမ်းနီပါးပါးဆိုးပြီးတော့ အလှပြင်ခြင်းကို အဆုံးသတ်လိုက်တယ်။

ယူရမယ့်ပစ္စည်းတွေထဲမှာ သခင့်အတွက် လိုအပ်တာတွေ စုံမစုံစစ်ကြည့်ရင်း ကားဂိတ်ကို သွားဖို့ ကျတော့်ရဲ့ဆိုင်ကယ်စီ ဦးတည်လိုက်တယ်။ဆိုင်ကယ်လေးကို တစ်ချက်ကြည့်ရင်း စိတ်ထဲက ပြောမိတယ်"ဒီနေ့ နင်ဟာ ငါ့လက်ထဲ နောက်ဆုံးပဲ ကလေးရဲ့"။တဖက်မှာလည်း ရင်တွေခုန်လို့ပေါ့။ သခင်ဟာ ကျတော်ရှိတဲ့ မြို့လေးကို သူ့အလုပ်အတွက် တမင်တကာရွေးချယ်ပေးလို့ ကျေးဇူးတင်ရ။ကျတော့်ရဲ့rs lifeလေး အသက်၀င်တော့မယ့် နေ့ရက်တွေအကြောင်း တွေးမိတော့ ကြည်နူးရ။

ကားဂိတ်ကိုရောက်တော့ ဘေးပတ်၀န်းကျင်ကို ကြည့်ပေမယ့် သခင်စီးလားတဲ့ ကားက မရောက်သေးဘူးထင်တာပဲ။အဲ့ဒါနဲ့ အေးဆေး phကြည့်ရင်း စောင့်မယ်ဆိုတာကမှ ...
ရှေ့တည့်တည့်မှာ ရပ်လာတဲ့ ခြေထောက်ဖြူဖြူလေးရယ် ပြီးတော့ မွေးညင်းလေးတွေ ရှက်သန်းနေတဲ့ ကတ္တီပါသဲကြိုးအောက်က မြင်ကွင်းလေးမှာ ကျတော်ဟာ တဒဂ် ငေးမောနေမိခဲ့။

Memories Where stories live. Discover now