1. where the story began

83 1 0
                                    

About 300 years ago ...လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်က
သက်ရှိလောကနှင့်မတူ ထူးခြားစွာဖြစ်တည်နေသောနေရာတစ်ခုရှိခဲ့သည်။ ရှေးကျတဲ့ လူမျိုးနွယ်တစ်စု အုပ်စိုးခဲ့သော ၎င်းနေရာမှာ နယ်မြေ သုံးခုကိုစုပေါင်းထားခြင်းဖြစ်သည်။ သာမန်လူတို့ရောက်ရှိရန်မဖြစ်နိုင်သော ထိုနယ်မြေသုံးခုကို သူငယ်ချင်းဖြစ်ကြသော မိသားစု ၃စုစီက အုပ်ချုပ်ပါသည်။
နယ်မြေ ၁   Water Garden
ရေဥယျာဥ်တော် မှမိသားစုသည် မှော်ပညာတွင်ထူးချွန်ကြပြီး ပရလောကမှလူများကိုထိန်းချုပ်စေခိုင်းနိုင်ပါသည်။
နယ်မြေမှာ ကျယ်ဝန်းပြီး နယ်မြေ၏၁၀ပုံ ၉ပုံမှာ ရေတွေကဖုံးလွှမ်းထားသည်။
နယ်မြေ ၂ East mountains
အရှေ့တောင်တန်း ဒေသမှ မိသားစုသည် ဆေးပညာတွင်ထူးချွန်ကြပြီး ထိုဒေသမှအဆိပ်သည် ကျော်ကြားသည်။ သိုင်းပညာတွင်လည်း ထူးချွန်ကြကာ နယ်မြေမှာ တောင်တန်း တောင်စွယ်ချိုင့်ဝှမ်းများနှင့်ဖွဲ့စည်း ထားပြီး သာယာလှပသည်။

နယ်မြေ ၃ The Grass Land
မြက်ခင်းလွင်ပြင်ဒေသမှမိသားစုသည် သိုင်းပညာ တွင်အထူးချွန်ဆုံးဖြစ်ပြီး ပရလောကသားတွေကိုပါ စေခိုင်းနိုင်ကာ မှော်အတတ်တွင်လည်း တော်ကြသည်။ နယ်မြေမှာ လွင်ပြင်များဖြင့်ဖွဲ့စည်းထားပြီး တောင်ကုန်း ရေကန်နှင့် ထူးခြားသော သတ္တဝါများပါနေထိုင်ကြသည်။

နယ်မြေသုံးခုလုံးတွင် The Grass Land ကသာယာဆုံးဖြစ်ပြီး နွေဦး နွေကာလ မိုး ဆောင်းဦးရာသီ ဆောင်းရာသီ ဆိုပြီး ရာသီ၅မျိုးရှိသည်။ နယ်မြေများက
တြိဂံပုံစံ တည်ရှိနေပြီး တစ်ဘက်နှင့်တစ်ဘက်ကောင်းမွန်သောဆက်ဆံရေးတည်ရှိသည်။
တြိဂံပုံစံအလယ်တွင် ရေတံခွန်ကြီးတည်ရှိပြီး ထိုနေရာသည် တစ်နှစ်တစ်ကြိမ်မိသားစုသုံးစု တွေ့ဆုံကြသောနေရာဖြစ်သည်။

The Grass Land နယ်မြေဘက်မှ အချက်ပြမီးနီသည် ကောင်းကင်တွင်အချိန်ကြာမြင့်စွာ ထွက်ပေါ်လာသည်။ အချိန်ကာလမှာ ညနေနေဝင်ခါစဖြစ်သည်။ 
အချက်ပြမီးကိုကြည့်ရင်း နန်းယွန်းတစ်ယောက် မြက်ခင်းလွင်ပြင်တွင်ဘာဖြစ်ပါလိမ့် ဆိုကာအသည်းအသန်စဥ်းစားနေသည်။ အလွန်အရေးကြီးမှ မီးနီသုံးတာ။ အဲ့ဘက်ဘာဖြစ်နေတာလဲ။
"နန်း ...ပါးနဲ့လိုက်ခဲ့" မြင်းဖြူကိုစီးရင်းပါးကနန်းကိုပွေ့ခေါ်သွားသည်။ ဦးတည်ရာနေရာက မြက်ခင်းလွင်ပြင်ဆီသို့

Reincarnated Love Where stories live. Discover now