4. ဆူးကို

11 0 0
                                    

ဆောင်နေကျဓါးမြောင်လေးကို ခါးမှာချိတ်ပြီး ချိန်းဆိုထားတဲ့နေရာသို့.......

ဆူးကိုက နန်းရဲ့သူငယ်ချင်းဖြစ်ပြီး နန်းထက် ၂နှစ်ကြီးသည်။ တစ်ဦးတည်းသောနှင့်အချစ်ရဆုံးသူငယ်ချင်းလည်းဖြစ်ပါသည်။ ဆူးကိုကနူးညံ့သည်။သိမ်မွေ့သည်။ မိန်းကလေးဆန်ပြီး သစ်အယ်သီးပုံစံမျက်လုံးကြောင့်ညိှု့အားပြင်းစွာလှပသော မိန်းကလေးဖြစ်သည်။ အသားအရည်မှာအဝါဖောက်လေးဖြစ်ပြီး ပန်းနုရောင်ခရမ်းနုရောင်ဝတ်စုံကိုသာအမြဲဝတ်ဆင်တတ်သည်။ လှပလွန်းတဲ့သူငယ်ချင်းအကြောင်းတွေးမိတော့ နန်းကိုယ့်ကိုကိုအားမရ။ မိန်းကလေးမဆန်တဲ့အပြင် အသားအရည်ကလည်းဖွေးဆုပ်နေသည်။ အဝေးကကြည့်ရင် ဖြူဖြူကြီးပဲမြင်ရတယ်လို့မားကပြောသည်။

"နန်း"
တွေ့ပါပြီ။ နန်းကိုပြုံးပြပြီးလျှောက်လာတဲ့ ဆူးကို။
"ဆူးကို စောင့်ရတာကြာသွားလား"
"နည်းနည်း"
"နန်းနည်းနည်းကြာသွားတယ်။ တောင်းပန်တယ်နော် ဆူးကို"
"နင်ကလည်း တောင်းပန်စရာလား ။လာ ဂူထဲသွားမယ်။ ငါ့သူငယ်ချင်းအသစ်နဲ့မိတ်ဆက်ပေးမယ်"
"အင်း...အင်း "
ဆူးကိုက ကျွန်မကိုတွဲခေါ်သွားသည်။ ဆူးကိုတွဲခေါ်ရာနောက်လိုက်ရင်း သူငယ်ချင်းအသစ်ရတယ်ပြောတဲ့ သူမကိုကြည့်ရင်းကျွန်မနည်းနည်းတော့စိတ်မကောင်းချင်သလိုလို ။

သစ်ပင်အနည်းငယ်ကျော်ပြီးနောက် ဂူငယ်လေးတစ်ခုကိုတွေ့ရသည်။ ဂူဘေးတွင်ဝါးတောများရှိသည်။
ဆူးကိုကကျွန်မမွေးနေ့ကိုမှတ်မိပုံမပေါ်ပေ။ ကျွန်မဝမ်းနည်းလာရသည်။ သူငယ်ချင်းအသစ်ရှေ့ိွင်လည်းမျက်နှာမပျက်ချင်သောကြောင့် စိတ်ကိုထိန်းချုပ်ပြီး ဂူထဲဝင်လိုက်သည်။
'အယ်..ချောလိုက်တာ' ဂူထဲမှာရှိတဲ့ ကျောက်စားပွဲတွင်ထိုင်နေတဲ့ ယောက်ကျားပျိုကိုကြည့်ရင်း ကျွန်မတွေးမိသည်။
"လာ ထိုင်" ဆူးကိုကအလှပဆုံးပြုံးရင်း ထိုလူဘေးတွင်ဝင်ထိုင်ကာ ကျွန်မကိုသူတို့နှင့်မျက်နှာချင်းဆိုင်နေရာတွင်ထိုင်ခိုင်းပါသည်။
ကျွန်မလည်းမျက်နှာကိုတည်ထားပြီး ထိုင်လိုက်သည်။ ထိုလူပုံစံက ကျွန်မထက်အသက်အတော်ကြီးလောက်သည်။ ထိုင်နေလို့အရပ်ကိုမသိပေမဲ့ ဆူးကိုထက်တအားမြင့်နေသေးသည် ထိုင်ရင်းတောင်မှလေ
အသားအနည်းငယ်ညိုပြီး မျက်လုံးကသိန်းငှက်လိုစူးရှနေပေမဲ့ ပေါ့ပေါ့ပါးပါးအကြည့် ...မျက်ခုံးကထူထဲပြီးဖြောင့်တန်းနေကာ အနီရောင်အနည်းငယ်သမ်းသော နှုတ်ခမ်းတို့ကခပ်တင်းတင်းစေ့လျှက်
နှာခေါင်းကချွန်သည်။လုံးဝပြီးပြည့်စုံသည်။ ဆံပင်ကိုတော့ အတိုဖြတ်ထားသည်။ နားနောက်ဘက်ကဆံပင်ကအနည်းငယ်ရှည်သလို။ အနက်ရောင်ကိုမှနက်ပြာရောင်အနည်းငယ်ရောသောဝတ်စုံကိုဝတ်ဆင်ထားသည်။
ကျွန်မဘယ်လောက်တောင်ကြည့်မိမှန်းမသိတော့ပါ။ ဆူးကို ရယ်သံကြားမှသတိဝင်မိသည်။
"ဟား ဖြည်းဖြည်းကြည့်ပါနန်းရယ် နက် ကထွက်မပြေးပါဘူး ။ သူက ယောက်ကျားဆိုလို့ သူ့အဖေနဲ့အစ်ကိုတွေပဲမြင်ဖူးတာလေ " ဆူးကိုကနန်းဘက်ကပြောသလိုလိုနဲ့ လှောင်နေတာလား။
ကျွန်မအတွက် ဆူးကိုကိုကြည့်ရတာ ပုံမှန်မဟုတ်သလိုပဲ ဒီနေ့။ ဆူးကိုကမခိုးမခန့်ပြုံးရင်း ဟိုလူကိုကြည့်နေသည်။ အပျိုဖြစ်ရင်ဒီလိုပါလားလို့ကျွန်မတွေးမိသည်။
ဟိုလူက ..ဟိုလူကကျွန်မကိုကြည့်နေသည်။
ဘယ်ရမလဲ ကျွန်မလည်းစိုက်ကြည့်ပစ်တာ။
အပြုံး ...သူကပြုံးရင်း
"မွေးနေ့မှာပျော်ရွှင်ပါစေ နန်းယွန်း "
" ..." ကျွန်မအံ့သြသွားရသည်။ ဆူးကိုကိုကြည့်တော့ မျက်နှာကွက်ခနဲပျက်တာကိုမြင်ရသော်လည်း ခဏသာကြာသည်။
"အစ်ကို့နာမည် နက်ပါ ။ နန်းထက် ၆နှစ်လောက်ကြီးပေမဲ့ နက် လို့ခေါ်လို့ရတယ်"
"နက်" ကျွန်မလည်းစကားနားထောင်မိစွာ နက်ဟုခေါ်လိုက်ရင်း နက်အသံကအရမ်းနားထောင်ကောင်းတာပဲလို့တွေးမိသည်။ ဒါပေမဲ့ ကျွန်မပါးစပ်ကပါ ထိုသို့ပြောမိတော့ နက်ကရယ်ပါသည်။
"အဟွန်း ..ဟုတ်လား ။ နန်းကြိုက်လို့တော်သေးတာပေါ့ "
"အမ်"
ဆူးကိုမှာ ထိုနှစ်ယောက်ကိုကြည့်ရင်းစိတ်တွေတိုလာရသည်။ ဒီနေ့ကနန်းမွေးနေ့မှန်းသိပေမဲ့ နက်ကနန်းနဲ့မိတ်ဆက်ပေးဖို့ပြောကတည်းက နန်းကိုမကြည်တော့တာဖြစ်သည်။ ပထမဦးဆုံးနန်းကို အမြင်ကတ်မိသည်။ နက်ကသူမရဲ့အချစ်ဦး။

နန်းကတော့ဘာမှနားမလည် နက်ပြောသမျှပါးစပ်လေးဟပြီးနားထောင်နေမိသည်။

နက်ကသူ့ဘေးကဆူးကိုဆီမှ အနက်ရောင်လှိုင်းတစ်ချို့ ခံစားမိသည်။ ဆူးကိူက နန်းကိုသဝန်တိုနေမှန်းသူသိတာပေါ့။ မသိချင်ယောင်ဆောင်လိုက်မယ် ဆူးကို။ ဆူးကိုကြောင့် နန်းနဲ့ဆုံရတာလေ။
ရှေ့ကကလေးမကိုကြည့်ရင်း စကားနည်းတတ်တဲ့ကိုယ့်ကိုကိုမေ့ပြီး စကားတွေကိုယ်ကပဲစပြောမိနေသည်။ နန်းရဲ့အရာအားလုံးကိုသူသိချင်သည်။ အကြောတင်းမလေးက သူ့ကိုစိုက်ကြည့်လိုက်သေးသည်။
"အမ်း ..ဆူးကိုပြန်ချင်ပြီ နန်း"
နက်စကားပြောရင်းဖြတ်ပြောတဲ့ ဆူးကိုကိုကြည့်မိသည်။ သူမက ပြုံးပြပြန်သည်။ နက်က
"ဆူးကိုပြန်နှင့်လေ ဆူးကိုအိမ်နဲ့နီးတာပဲ"
"ဆူး ကနန်းနဲ့ ..ပြန်"
"နန်း ..နက်ပြောတဲ့နေရာကအရမ်းလှတယ်။ လိုက်ပို့ပေးမယ်"
နန်းရှေ့ကနှစ်ယောက်ကိုကြည့်ရင်း ဘာလုပ်ရမှန်းမသိ။ နက်ပြောပြတဲ့နေရာကိုလည်းသွားချင်သည်။
ဆူးကိုကနန်းကိုကြည့်နေသည်။ ကျွန်မဆူးကိုနဲ့ပြန်ဖို့ဆုံးဖြတ်လိုက်ပြီး သူမကိုခေါင်းညိမ့်ပြလိုက်သည်။
နက်ကတော့အပြုံးမပျက်ပါ။
"နေ့လည်လာခေါ်မယ်နော် နန်း"
ပြောရင်း ဓါးရှည်ကိုကိုင်ကာထသွားလိုက်သည်။ ၆ပေ လောက်ရှိတဲ့အရပ်။ နန်းက၅ပေလောက်ပဲရှိသည်။
မိမိကိုတစ်ချက်လှည့်မကြည့်တဲ့ နက်ကြောင့်ဆူးကိုဒေါသတို့ထွက်လာသည်။
နန်းကိုကြည့်တော့အေးဆေး။ သူကအမြဲအေးဆေးပဲကို။ ကောင်လေးပုံပေါက်နေတဲ့သူမကို အစ်ကိုနက်မကြိုက်လောက်ဘူးဟုတွေးမိတော့ ကျေနပ်စွာပြုံးမိသည်။
မြင်းခွာသံကြားတော့ အစ်ကိုနက်ထွက်သွားမှန်းဆူးကိုသိသည်။
"ငါသွားပြီ။ နင်မလိုက်ခဲ့နဲ့ ။ "
"ဟင် ..ဆူးကို နန်းလိုက်ပို့မယ်လေ"
"မလိုဘူး ..ဆူးဘာသာပြန်တော့မယ်။ ဝင်စရာရှိလို့'
စကားမှားမိမှန်းသိတော့ ဆူးကိုကလေသံထိမ်းပြောပြီး ထွက်သွားဖို့ပြင်လိုက်သည်။
ငါ နင်နဲ့မပြောဖူးတဲ့သူမက အဲ့လိုပြောတော့ကျွန်မကြောင်သွားတာကအမှန်။
သူမကျောပြင်ကိုကြည့်ရင်း ဝမ်းနည်းမိသည်။
တစ်ယောက်တည်းကျန်ခဲ့ပြန်ပြီ။

ဂူဘက်ကြည့်ရင်းမဲ့ပြုံးပြုံးသွားတဲ့ဆူးကိုကြောင့် အပင်ပေါ်မှာထိုင်နေတဲ့ နက်တစ်ယောက် အတွေးများစွာတွေးရင်း ..

You've reached the end of published parts.

⏰ Last updated: Apr 04, 2023 ⏰

Add this story to your Library to get notified about new parts!

Reincarnated Love Where stories live. Discover now