Chapter (14)

1.6K 157 10
                                    

~ အိမ်မက်စေတမန် ညင်းသွဲ့ဝန်းရံလေသွေးပြန်
ဥသြတွန်သံ ကြားရလေမှ နိုးထလာခဲ့ပြန်
အော် သင်္ကြန် အော် သင်္ကြန်
တီးကြ ဆိုကြ ကကြရပေအုံးတော့အမှန်
နှစ်အကူး ရွှင်မြူးလေတဲ့သင်္ကြန်~


သင်္ကြန်မရောက်ခင်တည်းကပင်
သင်္ကြန်သီချင်းများနှင့်အငွေ့အသက်များ
ကို စတင်ခံစားနေရပြီ။ ဟိုမှသည်မှ သင်္ကြန်သီချင်းများကြားရလျှင် လူတိုင်းရ၏စိတ်ထဲတွင် ပျော်ရွှင်တက်ကြွသွားရမြဲ။ တစ်နှစ်တာလုံးမှာ အပျော်ဆုံးအခါသမယဖြစ်သည့် သင်္ကြန်ပိတ်ရက်ရှည်များကို ဖြတ်သန်းရန် တချို့သည်အစီအစဥ်များဆွဲပြီးကြလောက်ပြီ။ ပိတောက်ဖူးများသည်လည်း ပွင့်လန်းဖို့အတွက် သင်္ကြန််မိုးကို မျှော်လင့်နေပြီ။

နွေဦးသည်အရင်က‌ သင်္ကြန်ကိုမျှော်လင့်စောင့်စားသည့် တက်ကြွသူများထဲမှ တစ်ဦးဖြစ်ခဲ့သည်။ ဧပြီလဟာ နွေဦး၏မွေးလဖြစ်သလို နှစ်သစ်ကူးသင်္ကြန်ကျသည့်လလည်းဖြစ်တာမို့ သူဟာတစ်လပတ်လုံးစိတ်လှုပ်ရှား ပျော်ရွှင်စရာများနှင့်ဖြတ်သန်းခဲ့သည်ချည်း။

သည်နှစ်တော့ နွေဦးသည် တန်ခူးလနှင့်ပိတောက်ပန်းများကို မျက်ကွယ်ပြုထားသည်။

အသက်ရလာပြီဆိုသည့်အကြောင်းပြချက်ဖြင့် သင်္ကြန်ပိတ်ရက်များကို အိမ်ထဲအောင်းမည်ဟု ဆုံးဖြတ်ချက်ချထားသည်။

သူ့ဆုံးဖြတ်ချက်ခိုင်မာသည်မှာ သူငယ်ချင်းများက ခေါ်သည်လည်းမရ။ မဏ္ဍပ်မှာရေကစားရအောင်လေ ဆိုသည့်ဆယ်လေး၏စကားသည်လည်း အရာမထင်ပေ။ သူ့အမေနှင့်ဦးလေးထွန်းက ထုံးစံအတိုင်း တရားစခန်းတစ်ပတ်ဝင်မည်။ ထို့ဖြင့်သူဟာ အိမ်စောင့်ရင်းကျန်နေခဲ့မည်ဟုသာ တွေးထားသည်။

သို့တစေ ဆယ်မင်းဆက်ကတော့ သူ့အတွေးများပြောင်းအောင် မရမကကြိုးစားနေသည်။

သူ့ကို သင်္ကြန်ပိတ်ရက်မရောက်ခင်တည်းက အတူလည်ရန် အမျိုးမျိုးဖျောင်းဖျလို့နေသည်။ နွေဦးအတွက်ကမူ သူ့ကိုနားမလည်ဟုသာ ခံစားရသည်။

သို့နှင့် ထိုကိစ္စကြောင့်ပဲ သူတို့နှစ်ယောက်ကြားမှာ မီးပွားတွေစတင်လာပြန်တော့သည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now