1995% I Love You ( 1)

893 94 16
                                    

" oh shit 11နာရီခွဲနေပြီ "

" မင်း ဖားသားကြီး မင်းကို ကောပြီ "

"ကောရုံတင်မဟုတ်ဘူး အိမ်တံခါးပါပိတ်ပြီဟ "

"အဲ့ဆို ဒိုးတော့ Kim Taehyung ရေ "

"အေအေ bye Jimin "

ထယ်ယောင်း Bar ကနေထွက်ကာ သူရဲ့ဆိုင်ကယ်ပြိုင်ဘီးနဲ့အမြန် အိမ်ရှေ့ထိ ရောက်အောင်မောင်းလိုက်သည် ။ သူပြောသလိုပါပဲ သူ့အိမ်တံခါးရော ခြံတံခါးရောပါ အကုန်ပိတ်သွားပြီ ။

" Shit ငါနှယ့် အချိန်မကြည့်မိ "

ထယ်ယောင်း ဘယ်လိုဝင်ရမလဲ စဉ်းစားကာ  ။ ဆိုင်ကယ်ကို အိမ်ရှေ့မှာ ရပ်လိုက်ပြီး ထိုင်ခုံနဲ့ ဘီးကို ‌တွဲရပ်သော့ခက်လိုက်သည်။ ‌ထယ်ယောင်းတို့အိမ်ခြံတံခါးက ကျော်ခွတက်၍မရ ဆူးချွန်ကို နစ်ဆင့်တောင်ကာထားတာကြောင့် ထယ်ယောင်း ဘေးအိမ်ထဲခိုးဝင်ပြီး ကျော်တတ်ရန်ကြံစည်နေသည် ။

ဒါဟာ ဥပဒေချိုးဖောက်တဲ့လုပ်ရပ်ဖြစ်ကောင်းဖြစ်‌နိုင်ပါတယ် ။သို့ပေမယ့် သူအိမ်ထဲဝင်မှဖြစ်မယ် ။
အမြဲလုပ်နေကျကိစ္စရပ်ဆိုပေမယ့် ဘေးအိမ်က အခုဆို လူရှိနေပြီ ။ လွန်ခဲ့တဲ့ရက်က ပစ္စည်းတွေ ရွေ့လာတာသိတယ် ။ ဒါပေမယ့်လည်း ထားပါ သူလုပ်ချင်ရာလုပ်မှာပဲ ။

ထယ်ယောင်း ဘေးအိမ်ရဲ့ ခြံတံခါးကို အလွယ်လေး ကျော်ဝင်လိုက်တယ် ။ ခြံထဲကြည့်နေရင်းမှ လှေကားတစ်ခုတွေ့လိုက်သည် ။ သူ့အခန်းက ခြံအုတ်တံတိုင်းနားနဲ့ ကပ်‌တာကြောင့် လှေကားနဲ့တက်ရင် သူ့အခန်းအပြင်ဘက် ဝံရန်တာနဲ့ နီးသည် ။ ထယ်ယောင်းကျော်တက်ခွဖို့ရာ လှေကားအရှည်ကို ဖြည်းဖြည်းချင်း မ နေသည် ။ သို့ပေမယ့်

* ဝေ့ါင်း !!!!! မြောင့်!!! (ကြောင်အော်သံ )

လှေကားအပေါ်ဆုံးမှာ ရှိနေတဲ့ ကြောင်က ပြုတ်ကျတာကြောင့် အသံအကျယ်ကြီးထွက်လာသည် ။ ပြီးတော့ အခုသူရောက်နေတဲ့အိမ်က မီးလည်းလင်းလာသည် ။

*No ! Shit

မတက်နိုင် ထယ်ယောင်း လှေကားကို မြန်မြန် မပြီး သူ့အခန်းဝန်ရံတာကိုကပ် ကာ အမြန်တက်လိုက်သည် ။ သူလည်းအပေါ်ရောက်တာနဲ့ သူ့ကို ဓာတ်မီးနဲ့ထိုးလာတဲ့သူ အိမ်ပိုင်ရှင်ဖြစ်မည် ။

1995% I love you (Rest)Όπου ζουν οι ιστορίες. Ανακάλυψε τώρα