Dumb Dumb • Yunki

1.2K 98 20
                                    




ဂျယ်ယွန်းရဲ့ တစ်နေ့တာက ရိုးရှင်းပေမဲ့လဲ ပြာယာခတ်လွန်းပြန်သည်။ မိုးလင်း မျက်စိပွင့်ကတည်းက အိပ်ယာထနောက်ကျတာနဲ့ တစ်ရက်တာရဲ့ အလောသုံးဆယ်ကို စဖွင့်လေ့ရှိသည်။ အသက် ၂၃နှစ်အရွယ် တစ်ယောက်တည်း နေတဲ့သူမို့ အိပ်ယာထနောက်ကျတယ်ဆိုကတည်းက ပြင်ပြီးသား မနက်စာဆိုတာလဲ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ အဲ့ဒါကြောင့်မို့လို့ ဓာတ်ဘူးထဲ ရေနွေးထည့် အသင့်ဖျော်ကော်ဖီမှုန့်လေး လောင်းပြီး ဓာတ်ဘူးခါရင်း ဘတ်စ်ကားမှတ်တိုင်ဆီ ဒရောသောပေါး ပြေးရတာချည်းပဲ။ အဲ့ကနေ ပြီးပြီလားဆိုလဲ မပြီးသေးပါဘူး၊ ဆေးရုံရောက်တာနဲ့ တန်းစီနေတဲ့ ဂျူတီတွေနဲ့ တင်ရမဲ့ Report တွေ ဖိုင်တွေ ၊ လှည့်ပတ်ကြည့်ရမဲ့ လူနာတွေက တန်းစီပြီးစောင့်လို့နေတယ်။ အရေးပေါ်ချိန်တွေကိုတော့ ထည့်မပြောတော့ပါဘူး။

ဒီနေ့လဲ အဲ့လိုပဲပေါ့..။ အဲ့လိုပဲ ပြေးရင်း ခေါင်းစုတ်ဖွားလေးနဲ့ ဆေးရုံကို ရောက်လာတာပါပဲ။ ရုပ်ရှင်တွေထဲတွေ့ဖူးသလို၊ စာအုပ်တွေထဲ ဖတ်ဖူးသလို စတိုင်ကျော့ကျော့မော့မော့နဲ့ ကားလေးမောင်းပြီး ဆေးရုံကိုလာ ဘောင်းဘီအိတ်ထဲ လက်လေးနှစ်ဖက်ထည့်ရင်း အေးအေးဆေးဆေး ဂျူတီလှည့်တဲ့ ဆရာဝန်တွေလိုမျိုး ဂျယ်ယွန်းက ဟုတ်မနေခဲ့ပါဘူး။ ရွှေဝါရောင်ခေါင်းလေးကို ဘယ်တော့မှ ဖြီးမမှီ၊ ဆေးရုံရောက်မှ ဒရောသောပါး ဂျူတီကုတ်ထပ်တဲ့ ရှပ်ပြာဒေါက်တာလေးလေ။ လူကသာ ရှပ်ပြာပေမဲ့ ဂျယ်ယွန်းက အလုပ်ကိုလေးစားပြီး တိကျတဲ့ ဆရာဝန်တစ်ယောက်ပါနော်။ ရုပ်ခံကရှိတော့ ခေါင်းစုတ်ဖွားလေးကတော့ ဂျယ်ယွန်းတွက် မပြောပလောက်ပါဘူး။

ဆေးရုံတစ်ရုံလုံးက လုပ်ဖော်ကိုင်ဖက်ဆရာဝန်တွေ၊ သူနာပြုတွေက အစ သက်ကြီးသက်ငယ် လူနာတွေရဲ့ ဝိုင်းအုံချစ်လေးလေ။ ဂျယ်ယွန်း အပြုံးလေးမြင်ရရင်ကို ရောဂါက တစ်ဝက်သက်သာတယ်ဆိုပြီး ပြောကြလို့ ဂျယ်ယွန်းက မျက်နှာချိုတဲ့ ဒေါက်တာလေးဆိုပြီး သတ်မှတ်ခံထားရတာ။ နာမည်ပြောင်လေးကလဲ ဆေးရုံရဲ့ Golden Retriever လေးတဲ့လေ။

ဂျယ်ယွန်းကို မကြည်တဲ့သူဆိုတာ ဒီဆေးရုံမှာ မရှိပါဘူး။ အဲ... ဒါပေမဲ့ တစ်ယောက်တော့ ရှိတယ်..၊ ဆေးရုံအုပ်လေ ဆေးရုံအုပ်။ ထွေထွေထူးထူးတော့မဟုတ်ပေမဲ့ Attendance လက်မှတ်ထိုးတဲ့ Report တိုင်းမှာ ဂျယ်ယွန်းနာမည်အောက်မှာ ဇယားပိတ် မျဉ်းကြောင်းပဲရှိတော့တာကိုး။ အာ့ကြောင့်ဒီနေ့လဲ ရုံးခန်းသွားပြီး အဆူခံရမယ်ထင်တယ်။ ဆေးရုံအုပ်က ဂျယ်ယွန်းကိုဆို ဆူချင်ပေမဲ့လဲ သိပ်တော့မဆူပါဘူး။

𝖯𝗎𝗉𝗉𝗒'𝗌𝖳𝖺𝗅𝖾𝗌•[𝖩𝖺𝗄𝖾 𝖢𝖾𝗇𝗍𝗋𝗂𝖼 𝖲𝗁𝗈r𝗍s]Where stories live. Discover now