12Z

953 20 4
                                    


Part ♡ 12 ♡

ကားများပြည့်နှက်နေသော Highwayလမ်းမကြီးထက် အနက်ရောင်ပြိုင်ကားတစ်စီးကလျင်မြန်စွာမောင်းနှင်နေလေသည်
ကားထက်မှာ အံကိုကြိတ်လျက်အနေအထားဖြင့် ဒေါသတို့မထိန်းနိုင်စွာ တောက်အားခေါက်နေမိသည်
အစကထဲက ပိုသတိထားခဲ့မိသင့်တာ
မဆိုင်းမတွအလုပ်ကိစ္စတွေအဆင်မပြေကထဲက စိတ်ထဲခုနေခဲ့တာ
ဒါ​ကြောင့် မင်းဟိန်းကိုခေါ်မသွားဘဲ စံအိမ်ကအခြေအနေကို စောင့်ကြည့်ခိုင်းခဲ့တာမှန်သွားတယ်
ဦးဝေစိုး.....ခင်ဗျားကခင်ဗျားသေတွင်းခင်ဗျားတူးနေတာပဲ
ရာရာစစ ငါ့အပိုင်ကိုများထိရဲသေးတယ်
စိတ်ထဲ ကြိမ်းဝါးရင်း ဦးဝေစိုးနောက်လိုက်ခိုင်းထားသည့်မင်းဟိန်းထံဖုန်းဆက်နေမိသည်
တီ....တီ....
သိပ်မကြာလိုက် တစ်ဖက်လူကဖုန်းကိုင်လေသည်
"အဲ့လူဘယ်မှာလဲ"
"........."
"အေး မျက်ခြေမပြတ်စေနဲ့ ငါလာခဲ့မယ်"
ဖုန်းအားချပြီး စိတ်တို့တိုစွာ ရင်ဘတ်မှကြယ်သီးများအား တစ်ဝက်လောက်ထိဆွဲဖြုတ်မိသည်
ဖုန်းscreenမပိတ်သေးသဖြင့် မကြာသေးမီက မင်းဟိန်းပို့ထားသည့်ပုံများက ဖွင့်လျက်ပင်
"ရှင်းပကတိ...ရှင်းပကတိ မင်းကတော်တော်ကိုအာရုံစားတာပဲ အဲ့လောက်အလှတွေပြင်ထားတာ ဘယ်အကောင့်အတွက်လဲ"

🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ဦးဝေစိုး ကားအားမောင်းနေရင်း စိတ်တို့အစိုးမရစွာ လက်တစ်ဖက်က ပကတိ၏အင်္ကျီဖုံးမထားသည့် လည်တိုင်ထက်တို့ထိနေမိသည်
"မင်းလေးက သိပ်ကိုလှတာ"
ထိုစဉ် သူ့ကားရှေ့တိုးဝင်လာသည့် ကားတစ်စီးကြောင့် လက်တို့ကိုပြန်သိမ်းရင်း ဘရိတ်အားအတင်းအုပ်လိုက်ရသည်
"ဘယ်က မသာလဲ"
ကြည်နူးနေချိန် ဖျက်သလိုဖြစ်သွားသဖြင့် စိတ်တို့ကမကြည်
ဒါကြောင့် ကားပေါ်ကဆင်းကာ တစ်ဖက်ကားသမားအား အပြတ်ဆော်ရန်တွေးလိုက်ပေမယ့်
"ဘယ်ကေ-ာက်ကောင်လဲ!!!!!"
စကားတို့မဆုံးခင် မြင်လိုက်ရသောသူအား မယုံနိုင်ဖြစ်နေတုန်း လက်သီးချက်များကဆက်တိုက်မျက်နှာပေါ်သို့ကျရောက်လာသည်
"လူယုတ်မာ ခင်ဗျားကများရာရာစစ"
ခွပ်!!!!!
ခွပ်!!!!!!
"ငါ့အပိုင်ကိုထိရဲတယ်ပေါ့ မင်းမှာအသက်ပိုနေလား"
ခွပ်!!!!!
" ခွေးသူတောင်းစား######"
ပါးစပ်ကဆဲရေးတိုင်းထွာနေရုံမျှမက လက်ကလဲအထိုးမပြတ်
လမ်းမကြီးတွင်ဖြစ်သော်လည်း ဘယ်သူမှဝင်မပါရဲသည်က
ဓန နောက်ဘက်တွင်နေရာယူထားသည့် ဝတ်စုံပြည့်လူများကြောင့်ပင်

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now