13U

3.3K 100 4
                                    

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘

Part ♡ 13 ♡

"ကျွန်တော်နဲ့အတူရှိနေခဲ့တာ"
ခပ်ရှရှအသံကြောင့် အားလုံးရဲ့အကြည့်တွေဟာ ထိုနေရာသို့စုပြုံသွားရင်း
ပကတိကိုယ်တိုင်မှာလဲ ရင်းနှီးလှသည့်အသံကြောင့် အားကိုးရာတွေ့သွားသည့်နှယ်
အားလုံးရဲ့အကြည့်တွေလားရာအရပ်၌ရပ်နေသူသည်
Body fitရှပ်အပြာဖျော့ကိုမှ ဂျင်းPantဖြင့်တွဲဖက်ဝတ်ထားပေသည်
ကော်ဖီရောင်ဆံပင်ရှည်တို့အားအနောက်တွင်ဖြစ်သလိုစုစည်းထားပုံပေါ်ပါရဲ့
အချို့တစ်ဝက်က မျက်နှာထက်ဝဲကျနေစွာ
စံအိမ်မှာပြသနာတွေဒီလောက်ဖြစ်နေတာကို သူကတော့ဂရုမစိုက်ဟန် ဝင်ပေါက်ကနံရံအားမှီလျက်
မည်သူ့ကိုမျှ ဂရုမစိုက်
လက်ဖျံထက်မှတက်တူးတွေရယ် လည်ပင်းထက်တစ်စွန်းတစ်စပေါ်နေသော တက်တူးတွေက ကြောက်စိတ်များကိုထပ်လောင်းပေါင်းထည့်ရင်း
လက်ထဲမှရွှေအိုရောင်မီးခြစ်အား လှည့်ပတ်ဆော့ကစားနေပုံက မီးခြစ်နေရာတွင်သေနတ်ကိုမြင်သည့်နှယ်
ဓနရောက်လာကထဲက စပ်စုနေကြသည့်အလုပ်သမားတွေဟာ အနောက်သို့သိသိသာသာဆုတ်သွားကြလေသည်

မျက်နှာထက်ဘာအမူအရာမှမရှိဘဲ ခပ်အေးအေးပြောလိုက်ပေမယ့်
ပကတိပါးပြင်ထက်က နီရဲနေသော အရာများအားတွေ့လျှင် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားလေသည်
၆ပေ၂လက်မကျော်သောအရပ်ကြီးဖြင့် ပကတိအနားရောက်သွားသည်မှာလွှားခနဲ

ဓန ပကတိမျက်နှာထက်က အရာများအားကြည့်ကာ မီးထဲလောင်စာထည့်လိုက်သည့်နှယ်
ကိုယ်တောင် သေချာမနမ်းရသေးတဲ့ပါးပြင်ကို....
"ဒါဘယ်သူ့လက်ချက်လဲ"
ခပ်အေးအေးလေသံမှာ ခုနကအသံနှင့်မတူ ဒေါသတို့စွက်နေရင်း
အကြည့်တွေက ဒေါ်ချမ်းပြည့်စုံထံဦးတည်နေသည်
"အန်တီ့ငယ်လက်ချက်လား"
ဒေါ်ချမ်းပြည့်စုံမှာလဲ မျက်နှာအားမော်ချီလျက်
"အဲ့တော့ ဘာဖြစ်လဲ ငါ့ယောက်ျားနဲ့ ပတ်သက်လို့လုပ်လိုက်တာ မင်းနဲ့ဘာဆိုင်လဲ"
ဓန လက်သီးတို့အားကျစ်နေအောင်ဆုပ်လျက်
"အားလုံးမှတ်ထားလိုက် ရှင်းပကတိဆိုတာ ငါနဲ့သက်ဆိုင်တဲ့တစ်ဦးတည်းသောသူ သူ့ကိုထိရင် ငါနဲ့ငြိမှာပဲ"
"စည်းစိမ်ဓန!!!!!"
ဒီတစ်ခါအော်သံမှာ ဒေါ်ပန်း​ဒေဝီနံဘေးမှ ဓန မိခင်ထံ၌ပင်
ဓနမှာတော့ ဘာကိုမှမဂရုမစိုက်
"အန်တီငယ်ကို တော်စပ်မှုကြောင့် ဘာမှမလုပ်သေးပေမယ့် အေး ကျွန်တော့်သက်ဆိုင်သူကို ထိတဲ့အတွက် ကျွန်တော်လဲ အန်တီ့ငယ်ယောက်ျားကိုသတ်မယ်"
"ဘာ!!!!!"
ဒေါ်ချမ်းပြည့်စုံအသံထဲ စိုးရိမ်မှုများဖြင့်
"ငါ့ယောက်ျားဘယ်မှာလဲ"
"အဟက်"
"စည်းစိမ်ဓန....ဒါမင်းအကြံတွေပဲမလား"
"Sorry စည်းစိမ်ဓနတို့က အရှက်မရှိတဲ့လုပ်ရပ်မလုပ်ဘူး အန်တီ့ငယ့်ယောက်ျားက ဘာလုပ်လဲသိလား"
ဓန ပကတိ့ဘက်လက်ညှိုးထိုးလျက်
"သူ့ကို ပြန်ပေးဆွဲခဲ့တာ အလိုမတူပဲ အဓမ္မကျင့်ဖို့ကြံစည်ခဲ့တာ"
"ဟာ.."
"ဟယ်!!!!"
အာမေဋိတ်သံများဟာ အနားမှာရှိနေသော လူတွေအားလုံးထံမှ
"မဖြစ်နိုင်တာ"
"အဟက် သက်သေတွေ ကျွန်တော့်မှာအကုန်ရှိတယ် ဘယ်သွားမလဲ ရဲစခန်းသွားမလားတရားခံကလဲ ကျွန်တော့်လက်ထဲမှာ"
"နင်....နင်!!!!ငါ့ယောက်ျားကိုလွတ်ပေး"
"လွတ်ပေးမှာ ဒါပေမယ့် ကျွန်တော့်သက်ဆိုင်သူကို ထိတဲ့အတွက် ပြန်ယူရမယ် မင်းဟိန်း အဲ့အကောင်ကိုခေါ်ခဲ့"
ဓနရဲ့ ခပ်မာမာအသံအဆုံး လူနှစ်ယောက်က ဦးဝေစိုးအား လက်ပြန်ကြိုးတုပ်ကာခေါ်ခဲ့ကြလေသည်
မျက်နှာထက် ထိုးကြိတ်ခံထားရပုံဒဏ်ရာတွေဗလပွဖြင့်
'"စည်းစိမ်ဓန ဒါမင်းလက်ချက်မလား"
"အဟွန့်"
ဓန ခပ်မဲ့မဲ့ပြုံးရင်း အင်္ကျီလက်ရှည်တို့အား တံတောင်ဆစ်ထိခပ်အေးအေးပင် ခေါက်တင်နေမိသည်
" ငါ့ယောက်ျားကိုလွတ်ပေး"
ဒေါ်ချမ်းပြည့်စုံ ပြောရင်းဆိုရင်းပင် ခင်ပွန်းဖြစ်သူထံ သွားရန်ကြံရွယ်လိုက်ပေမယ့် ဓနလူများကအနားသိူ့အကပ်မခံ
"အေးဆေးပေါ့ အကြွေးပြန်ယူရဦးမှာ"
ခပ်အေးအေးစကားသံနှင့်အတူ ဦးဝေစိုးနားတဖြည်းဖြည်းလျှောက်သွားရင်း
ရင်ဝသို့ ခြေထောက်ရှည်တို့ဖြင့် ကန်လိုက်၏
"အာ့!!!!!"
"စည်းစိမ်ဓန!!!!!မင်းတော်တော့"
လဲကျသွားသော သူအားလှောင်ပြုံးများဖြင့်စိုက်ကြည့်နေပြီး
"ခင်ဗျားပုံစံကြည့်ပြီးသနားလာပြီ"
"ငါ့ကိုခွင့်လွတ်ပါ....ငါမှားသွားပါတယ်"
"အဟက်"
ဓန ပတ်ပတ်လည်တစ်ချက်ဝေ့ဝိုက်ကြည့်ပြီး အလှပန်းအိုးအား ယူလိုက်၍ ခေါင်းအားတစ်ဆုံးရိုက်ချလိုက်လေသည်
ခလွမ်း💥
"အမလေး!!!!!!"
စံအိမ်မှ အလုပ်သမားတွေဟာလဲ အသံအစ်အစ်ပင် မထွက်ရဲကြ
ဒေါ်ချမ်းပြည့်စုံမှာလဲ ကြောင်အနေမိသည်

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now