Author's Note

4.3K 253 3
                                    

အမှာစာဆိုတာထက် တောင်းပန်စာလို့ပဲ ပြောရမှာပါ

ဒီဇာတ်လမ်းလေးကို LGBT ဘဝသရုပ်ဖော် စာပေစာအုပ်လေးဖြစ်လာဖို့ ဘယ်လိုအကျိုးအမြတ်မှ မယူဘဲ မမွန် ရေးပေးခဲ့ပါတယ်၊ ဘယ်စာအုပ်တိုက်ကလာမေးမေး ငြင်းဖြစ်ခဲ့ပေမယ့် LGBT သရုပ်ဖော်စာပေဖြစ်တာရယ်၊ အလှူအတွက်ဆိုတာရယ် ရည်ရွယ်ထားတဲ့ ဒီပရောဂျက်လေးရဲ့ မူရင်းရည်ရွယ်ချက်လေးကို သဘောကျလို့ ပါဝင်ဖြစ်ခဲ့တာပါ

ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် စာအုပ်လေး မဖြစ်လာခဲ့ပါဘူး၊ အဲ့ဒီ့အပြင် စာအုပ်မထုတ်ဖြစ်သွားတာတောင် တစ်နှစ်လောက်ထိ မမွန် မသိခဲ့ဘူး၊ တခြားဦးစားပေးကိစ္စတွေကြားမှာ စာဖတ်သူတွေအပေါ် ပျက်ကွက်ခဲ့ပါတယ်၊ အဲ့ဒီ့အတွက် စိတ်ရင်းနဲ့ တောင်းပန်ပါတယ်နော်၊ ကိုယ့်အပေါ် ယုံကြည်အားပေးကြသူတွေအပေါ်အမြဲတမ်းအတွက် အကြွေးတင်သွားပြီလို့ပဲ ခံယူမိပါတယ်၊

ဒါလေးကို လက်ခံမိခဲ့လို့ နောင်တ မရချင်ဘူး၊ အဆိုးဆုံးကာလတွေမှာ အကောင်းဖြစ်အောင် ကြိုးစားနေကြတဲ့ လူငယ်တွေရှိတယ်ဆိုတဲ့ စိတ်ခံစားချက်တွန်းအားကြောင့် ပါဝင်ဖြစ်ခဲ့တဲ့ မူရင်းခံစားချက်အပေါ်မှာ မမွန် နောင်တမရချင်ဆုံးပဲ၊ ဒါပေမဲ့ စာအုပ်မရဘဲ အကြာကြီးစောင့်ခဲ့ရတဲ့ စာဖတ်သူတွေအပေါ်မှာ မမွန် တကယ် ပျက်ကွက်ခဲ့မိပါတယ်၊ အဲ့ဒီ့အတွက်တော့ တကယ့်ကို နောင်တရတယ်၊ စိတ်လည်းမကောင်းဘူး၊ ဒီ့ထက်အစောကြီးကတည်းက ပိုပြီး follow up လိုက်ခဲ့သင့်တယ်လို့ပဲ တွေးမိတယ်၊ ဒီ့အတွက် မမွန်ကို ကြိုက်သလို လာဆူလို့ရပါတယ်နော်၊ မကျေနပ်မချင်း တောင်းပန်ပါ့မယ်

အားလုံး အဆင်ပြေတဲ့အထိလည်း အတူရှိနေမှာပါ၊ ကိုယ့်ကိုယုံကြည်အားပေးခဲ့ကြသူတွေကို ဘယ်တော့မှ မထားခဲ့ပါဘူး၊ ဒီလိုအချိန်မျိုးမှာ ဖြစ်ရလို့ ပိုပြီးစိတ်မကောင်းဘူး၊ အခက်အခဲတွေကြားထဲက အားပေးကြသူတွေကို မမွန် အမြဲကျေးဇူးတင်နေပါ့မယ်

အကြင်နာမွန်


........................


အမွာစာဆိုတာထက္ ေတာင္းပန္စာလို႔ပဲ ေျပာရမွာပါ

ဒီဇာတ္လမ္းေလးကို LGBT ဘဝသ႐ုပ္ေဖာ္ စာေပစာအုပ္ေလးျဖစ္လာဖို႔ ဘယ္လိုအက်ိဳးအျမတ္မွ မယူဘဲ မမြန္ ေရးေပးခဲ့ပါတယ္၊ ဘယ္စာအုပ္တိုက္ကလာေမးေမး ျငင္းျဖစ္ခဲ့ေပမယ့္ LGBT သ႐ုပ္ေဖာ္စာေပျဖစ္တာရယ္၊ အလႉအတြက္ဆိုတာရယ္ ရည္ရြယ္ထားတဲ့ ဒီပေရာဂ်က္ေလးရဲ့ မူရင္းရည္ရြယ္ခ်က္ေလးကို သေဘာက်လို႔ ပါဝင္ျဖစ္ခဲ့တာပါ

ဒါေပမဲ့လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စာအုပ္ေလး မျဖစ္လာခဲ့ပါဘူး၊ အဲ့ဒီ့အျပင္ စာအုပ္မထုတ္ျဖစ္သြားတာေတာင္ တစ္ႏွစ္ေလာက္ထိ မမြန္ မသိခဲ့ဘူး၊ တျခားဦးစားေပးကိစၥေတြၾကားမွာ စာဖတ္သူေတြအေပၚ ပ်က္ကြက္ခဲ့ပါတယ္၊ အဲ့ဒီ့အတြက္ စိတ္ရင္းနဲ႔ ေတာင္းပန္ပါတယ္ေနာ္၊ ကိုယ့္အေပၚ ယုံၾကည္အားေပးၾကသူေတြအေပၚအျမဲတမ္းအတြက္ အေႂကြးတင္သြားၿပီလို႔ပဲ ခံယူမိပါတယ္၊

ဒါေလးကို လက္ခံမိခဲ့လို႔ ေနာင္တ မရခ်င္ဘူး၊ အဆိုးဆုံးကာလေတြမွာ အေကာင္းျဖစ္ေအာင္ ႀကိဳးစားေနၾကတဲ့ လူငယ္ေတြရွိတယ္ဆိုတဲ့ စိတ္ခံစားခ်က္တြန္းအားေၾကာင့္ ပါဝင္ျဖစ္ခဲ့တဲ့ မူရင္းခံစားခ်က္အေပၚမွာ မမြန္ ေနာင္တမရခ်င္ဆုံးပဲ၊ ဒါေပမဲ့ စာအုပ္မရဘဲ အၾကာႀကီးေစာင့္ခဲ့ရတဲ့ စာဖတ္သူေတြအေပၚမွာ မမြန္ တကယ္ ပ်က္ကြက္ခဲ့မိပါတယ္၊ အဲ့ဒီ့အတြက္ေတာ့ တကယ့္ကို ေနာင္တရတယ္၊ စိတ္လည္းမေကာင္းဘူး၊ ဒီ့ထက္အေစာႀကီးကတည္းက ပိုၿပီး follow up လိုက္ခဲ့သင့္တယ္လို႔ပဲ ေတြးမိတယ္၊ ဒီ့အတြက္ မမြန္ကို ႀကိဳက္သလို လာဆူလို႔ရပါတယ္ေနာ္၊ မေက်နပ္မခ်င္း ေတာင္းပန္ပါ့မယ္

အားလုံး အဆင္ေျပတဲ့အထိလည္း အတူရွိေနမွာပါ၊ ကိုယ့္ကိုယုံၾကည္အားေပးခဲ့ၾကသူေတြကို ဘယ္ေတာ့မွ မထားခဲ့ပါဘူး၊ ဒီလိုအခ်ိန္မ်ိဳးမွာ ျဖစ္ရလို႔ ပိုၿပီးစိတ္မေကာင္းဘူး၊ အခက္အခဲေတြၾကားထဲက အားေပးၾကသူေတြကို မမြန္ အျမဲေက်းဇူးတင္ေနပါ့မယ္

အၾကင္နာမြန္

ညီမျှခြင်းကင်းသောသီအိုရီWhere stories live. Discover now