1

1.6K 75 28
                                    

" Matthewတို့ဘက်က ဒီညလဲမင်းကိုစိန်ခေါ်ထားသေးတယ် "

" ဝန်ကြီးချုပ်သားကတကယ်အမှတ်မရှိတာဘဲ "

" ငါ့အထင်တော့ မနေ့ညကရှုံးထားတာကိုအစာမကြေဖြစ်နေပုံဘဲ "

" တကယ့်ကောင်တွေကွာ ပထမဆုံးလဲမဟုတ်တော့ဘဲနဲ့ "

" ဘယ်လိုလဲ ညကြပြိုင်ပွဲကိုမင်းသွားမှာလား "

" သူတို့ဘက်ကစိန်ခေါ်ထားမှတော့သွားပေးရမှာပေါ့ "

အနီနဲ့အနက်စပ်ထားသောleather jacketကိုဝတ်ကာ helmetကို လက်တစ်ဖက်ဖြင့်ကိုင်လျက် လျှောက်လာသော Steveကို Matthewက မကျေနပ်သလိုကြည့်နေသည် ၊ တကယ်အမှတ်မရှိတဲ့ကောင်တွေက Steveကိုတစ်ခါမှမနိုင်ပေမဲ့ ခဏခဏတော့စိန်ခေါ်တတ်သေးတာ...

" အဆင်ပြေရဲ့လား Matthew... ပြေမှာပါ မင်းငါ့ကိုရှုံးတာပထမဆုံးမှ မဟုတ်တော့တာ "

Steveရဲ့လှောင်သလိုရယ်သံမှာ Matthewက ရှူးရှူးရှားရှားဒေါသထွက်ပြသည် ၊ Steve လိုချင်တာဒါမျိုးလေ

" မင်းစိတ်တိုနေတာခွေးပေါက်လေးနဲ့တူတယ် "

" မင်း.. "

" မင်းကတိမင်းတည်ပါစေနော် "

" မင်းလိုချင်တာပြော ခဏနေရင်ငါ့လူတွေကိုပို့ခိုင်းလိုက်မယ် "

" Amara "

" ဘာ "

" မင်းညီမ Amara လေ မင်းညီမကငါ့အောက်မှာအော်ငြီးနေတာမျိုးလိုချင်... "

" ခွေးစကားမပြောနဲ့ ဟေ့ကောင် "

ခွေးပေါက်လေးရဲ့မာန်ဖီချင်နေတဲ့စိတ်ကိုသက်သက်ဆွပေးလိုက်တော့ သူ့နှုတ်ခမ်းထောင့်ကိုရောက်လာတဲ့လက်သီးတစ်ချက်...ဆက်ထိုးရန်ပြင်နေတဲ့လက်တွေကိုSteveက လက်တစ်ဖက်တည်း​​ဖြင့် ဖမ်းချုပ်လိုက်သည် ၊ ခေါင်းဆောင်ကထကိုက်တော့ နောက်လိုက်ခွေးသုံးကောင်ကပါ Kai ကိုဝိုင်းဟောင်တော့တာ ၊ ဝန်ကြီးချုပ်သားဆိုတဲ့အရှိန်အဝါကြောင့် Matthewဘေးမှာ သူရဲဘောကြောင်တဲ့ခွေးလေးတွေအမြဲတမ်းရှိနေတတ်တာကအဆန်းတော့မဟုတ်..

နှုတ်ခမ်းထောင့်ကပေါက်သွားတာကြောင့်သွေးအနည်းငယ်ထွက်လာတဲ့နေရာကိုလက်နဲ့ပွတ်ဆွဲလိုက်ပြီး Matthewရဲ့ မျက်လုံးတွေထဲကိုကြည့်ကာစကားတစ်ခွန်းကိုဆိုသည်

𝗖𝗵𝗼𝗶 𝗬𝗲𝗼𝗻𝗝𝘂𝗻 𝗮𝗻𝗱 𝗛𝗶𝘀 𝗙𝗼𝗿𝗲𝗶𝗴𝗻 𝗕𝗼𝘆𝗳𝗿𝗶𝗲𝗻𝗱 Where stories live. Discover now