" မင်းမပြန်သေးဘူးလား Steve Choi "
" Choi SooBin ပါဆို "
သက်ပြင်းချလျက် စိတ်ကိုလျှော့လိုက်ရသည် ၊ ကိုရီးယားနာမည်ကိုခေါ်ရင်မကြိုက်တဲ့ကောင်က ခုတော့သူ့ကို အဂ်လိပ်အသံထွက်မကောင်းပါဘူးဆိုပြီး ကိုရီးယားနာမည်ကိုခေါ်ခိုင်းနေတာက ဒေါသထွက်စရာ ၊ YeonJun သာကြောင်ဆို ရှေ့ကကောင်ကိုကုတ်ဖဲ့ပစ်ပြီးပြီ..
" မပြန်သေးဘူးလား မင်းရောက်နေတာမနက်ကတည်းက ငါ့ကိုစိတ်ရှုပ်အောင်လုပ်နေတာဘဲ "
" မောင်ဘာလုပ်လို့လဲ ငြိမ်ငြိမ်လေးထိုင်နေတာပါ "
မနက်ကတည်းက ဆေးခန်းကိုရောက်လာပြီး YeonJun နဲ့မျက်နှာချင်းဆိုင်မှာထိုင်ကာ လူကိုစိုက်ကြည့်နေသည် ၊ ဘာလာလုပ်တာလဲဆိုတာကိုလဲ ခုထိမဖြေ ၊ ပြန်ခိုင်းတော့လဲမပြန်နဲ့ တကယ်ကိုစိတ်ညစ်နေပြီ...အဆိုးဆုံးကတော့ သူ့ကိုသူ တစ်မောင်တည်းမောင်နေတာဘဲ ၊ SooBin ပါးစပ်က မောင် လို့ထွက်လာတိုင်း လက်ဖျားတွေအေးကာ ရင်တွေခုန်လာသည်မှာပေါက်ထွက်တော့မဲ့အတိုင်း ၊
" မင်းမှာဘာအလုပ်မှမရှိဘူးလား "
မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့်လူကိုကြည့်ကာခေါင်းကိုလဲ ဖြည်းဖြည်းလေးရမ်းပြသည် ၊ ချက်ချင်းပင် YeonJunမျက်လုံးတွေကိုမှိတ်ပစ်လိုက်ပြီး မနေ့ညက ကျက်ခဲ့တဲ့ဆေးစာတစ်ပုဒ်ကိုပြန်ဆိုလိုက်သည်...Choi SooBin ကချစ်စရာကောင်းလွန်းလို့ သူ့နှလုံးသားလေးပါမသွားရေးအတွက် ကိုယ်တိုင်ဘဲရတဲ့နည်းနဲ့ကာကွယ်နေရတယ်မလား ၊
" အလုပ်မရှိလဲပြန်တော့ကွာ...မင်းကငါ့ရှေ့တည့်တည့်မှာ ဘာမှမပြောဘဲအဲ့တိုင်းကြီးထိုင်နေတော့ ငါအလုပ်ဘယ်လိုလုပ်ရမလဲ "
" ခင်ဗျားက မောင်နဲ့စကားပြောချင်နေတာဘဲ "
" မင်းကိုမင်း မောင် ဆိုတာကြီးလဲပြင်စမ်းပါ "
" ဘာကိုပြင်ရမှာလဲ "
" မင်းကိုမင်း မောင် ဆိုပြီးသုံးနေတာကိုလို့ "
" ဘာကိုပြင်ရမှာလဲ "
YeonJun စိတ်မရှည်တော့ပါ ၊ ဒီကောင်ကတမင်ကိုလာရစ်နေတာမလား...