6>

143 33 2
                                    

Uni

"ဂယောင်ဆူး..ကလေး.."

"ကိုကို့ကိုမသနားဘူးလားဟင်.."

"ကလေးမျက်နှာလေး တစ်နေကုန်သေချာမတွေ့ရသေး​တော့ လွမ်းလို့ဟာကို..တံခါးဖွင့်မပေးတော့ဘူးလားး..."

ဂယောင်ဆူးအခန်းရှေ့မှာ မျက်နှာငယ်လေးနဲ့ရပ်ကာ စကားပြောနေတဲ့ ချန်းယောလ်။...

"ပြီးတော့ ကိုကိုမသွားခင် ကလေးကိုပြောစရာလေးရှိလို့ပါဆို..."

"ကိုကိုက မနက်ဖြန်ပဲ အမေရိကားကိုသွားရတော့......"

ဒုန်း!..

"ဘာ!!!.."

ရုတ်တရက် အရှေ့ကအခန်းတံခါးကြီးပွင့်လာပြီး အလောတကြီး အော်သံထွက်လာတာကြောင့် ချန်းယောလ်ကိုယ်တောင် တုန်သွားသည်ထင်။...

"က..ကလေး.."

"ခုနကဘာပြောတာလဲပြန်ပြော..."

"ကလေးကို လွမ်း..လွမ်း..."

"ကျစ်!..ကိုကို!!..မနက်ဖြန်သွားရမယ်ဆိုတာ!!..??"

ဂလုကနည်း ချန်းယောလ်တံထွေးမြိုချမိလိုက်သည်။..

"ဟို..ဟုတ်တယ်..မနက်ဖြန်သွားရတော့မှာ.."

"......"

"ကိုကိုလဲမသွားချင်ပါဘူးကွာ..ဒါပေမယ့်လဲ ဒီတစ်ခါမရတော့လို့လေ.."

ဘာစကားမှမပြောတော့တဲ့ ကလေးကို ချန်းယောလ်အနောက်ကနေသိုင်းဖက်လို့ ပုခုံးခေါ်မေးတင်တာ အသာချော့ပြောမိသည်။...

"ကလေးကိုလွမ်းနေတော့မှာပဲ..."

"ကိုကို့ကိုလဲ လွမ်းနေမယ်မလား..ကလေး..ဟင်"

"မလွမ်းဘူး...မသွားနဲ့"

ချက်ချင်းထွက်လာတဲ့ စကားလေးကြောင့် ချန်းယောလ်ပြုံးလိုက်မိသည်။...

"ကိုကိုပြန်ရောက်ရင်လေ..ကလေးကို ပြော..."

"ဘာမှမပြောနဲ့..မသိချင်ဘူး.."

"အဟင်း..ဟုတ်ပါပြီကွာ မနက်ဖြန်ကျရင်တော့ ကိုကို့ကိုလိုက်ပို့ဦးနော်..အကြာကြီးခွဲရတော့မှာ..တအားလွမ်းနေရမှာပဲ.."

အင့်..

ရင်ခွင်ထဲရောက်နေတဲ့ကိုယ်လုံးလေးကို ပိုတိုးကာဖက်ထားလိုက်သည်။...ဘယ်လိုလုပ်ကြမလဲ..ဒီကလေးနဲ့ ချန်းယောလ်နည်းနည်းလေးမှ ခွဲမနေနိုင်ဘူး။..

Ko Ko'sWhere stories live. Discover now