7>

195 37 4
                                    

Uni

"ချန်းယောလ်..ငါမေးဦးမယ်"

"ပြောလေ..ဘာတုန်း.."

"ဂယောင်ဆူးဆီဖုန်းမဆက်ဘူးလား.."

"ဘယ်လောက်ဆက်ဆက် မကိုင်ဘူးကွာ...အခုဆို ငါ့ကိုဘလော့တောင်သွားပြီ"

"မင်းရုပ်က အဲ့ဒါကြောင့် တစ်ပတ်လုံး ပုတ်သိုးနေတာပဲကိုး.."

ဆယ်ဟွန်းက ရယ်သံနှောပြောတော့ ချန်းယောလ် သက်ပြင်းလေးသာချလိုက်မိတယ်။..ဒိုဂယောင်ဆူး တကယ်အဆိုးလေး နေနိုင်လိုက်တာ..ဒီမှာတော့ တစ်ပတ်လေးအဆက်သွယ်မရတာတောင် လွမ်းလွန်းလို့ရူးတော့မှာပဲ။...

သက်ပြင်းတွေခဏတိုင်းချပြီး ဘယ်လောက်စိတ်ညစ်ပြနေလို့လဲမသိ..ဘေးနားက ဆယ်ဟွန်းဘယ်ချိန်ထထွက်သလဲပင် သတိမထားမိတော့သည်အထိ။...ဖုန်းမပြောရရင်တောင် အသံလေးကြားရရင်တင်ကျေနပ်တာမို့ အန်တီမေမေဆီဖုန်းဆက်ကြည့်လိုက်ပါဦးမယ်လေ။...

"ဟယ်လို..အန်တီ.."

"ချန်းယောလ်လီလေး.."

"ဟုတ်..သား ဂယောင်ဆူးနဲ့စကားပြောချင်လို့ သူရှိတယ်မို့လားဟင်.."

"အမယ်လေး ရှိတယ် ရှိတယ်..ပိတ်ရက်ဆိုတော့ ဘယ်သွားမလို့လဲမသိပါဘူး..အခုမှ ရှိုးထုတ်ပြီး ဆင်းလာတယ်လေ...ဟဲ့ ဂယောင်ဆူး ဒီမှာ..ချန်းယောလ်လီလေးနဲ့ စကားလာပြောစမ်း!.."

"ဟာ မားမားကလဲဗျာ..မပြောချင်ဘူး"

တစ်ဖက်ကနေ ဆူအောင့်အောင့်နဲ့ အသံလေးထွက်လာတာကြောင့် ချန်းယောလ် သက်ပြင်းချမိပြန်တယ်။..လွမ်းနေလိုက်ရတာ..ဒါမျိုး စကားကိုကြားပြန်တော့ စိတ်မကောင်းဖြစ်ရတာကလည်း ချန်းယောလ်ပဲဖြစ်တယ်။..

လက်ထဲမှာကိုင်ထားတဲ့ဖုန်းကို end call နှိပ်လိုက်ပြီး အရှေ့ကစားပွဲပေါ် ခေါင်းမှီချလိုက်သည်။...ဘာလို့..ဝမ်းနည်းစရာကောင်းနေရတာလဲ။..

*

*

*
^^^^^^^^^^^^^^^^

တစ်လပြည့်ဖို့ ၅ ရက်လောက်ပဲအလိုမှာ...ဂယောင်ဆူး ဆေးရုံတက်နေရတယ်ဆိုပြီး သူ့ဆီကိုအကြောင်းကြားလာတဲ့ စကားကြောင့် ချန်းယောလ်မှာ ရရာလေယာဉ်လက်မှတ်ဖြတ်ကာ အလောတကြီး လိုက်လာခဲ့ရသည်။..

You've reached the end of published parts.

⏰ Last updated: Jul 03, 2023 ⏰

Add this story to your Library to get notified about new parts!

Ko Ko'sWhere stories live. Discover now