Bio Part- 1 🍀

39 7 1
                                    

ကျွန်ုပ်ဟာ 2007 ဖွားတစ်ယောက်ဖြစ်ပြီးယခုလက်ရှိမှာစနစ်သစ် G - 8 အတန်းတင်ဖြေဆိုပြီးမြောက်ထားသူတစ်ယောက်ဖြစ်ပါတယ်...
လူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာ..ကျွန်ုပ်ကိုမေးလေ့မေးထအရှိဆုံးအရာကတော့..
" အသက်ဘယ်နှစ်နှစ်လဲ...ဘယ်နှစ်တန်းရောက်ပြီလဲ..."
ဆိုတဲ့မေးခွန်းမျိုးတွေပါဘဲ...
ကျွန်ုပ်ရဲ့ပြန်လည်ဖြေကြားချက်ကတော့..
" ခုနှစ်တန်းအောင်ထားပါတယ် ...
ယခုလက်ရှိမှာအသက်ဆယ့်ခြောက်နှစ်ထဲဝင်နေပါပြီ...." လို့ပေါ့..
ဒီလိုဆိုရင်...မေးတဲ့သူကကျွန်ုပ်ရဲ့အဖြေကို..
" ဟင်...!!ဆယ့်ခြောက်နှစ်ဆိုတဲ့အသက်ကအခုဆိုရင်ကိုးတန်း..ဆယ်တန်းလောက်ဖြစ်နေရမှာ..
အခုတော့ခုနှစ်တန်းဘဲရှိသေးတာလား..."
ဆိုတာမျိုးပေါ့...
အဲ့တာဆိုရင်တော့...
တိုတိုတုတ်တုတ်ဖြေရမယ်ဆိုရင်အဖြေကရှင်းပါတယ်..
ကျွန်ုပ်ကငရုတ်သီးအနီစားရတာကြိုက်လို့ပေါ့..
နောက်တစ်မျိုးအနေနဲ့ကျယ်ကျယ်ပြန့်ပြန့်တွေးရမယ်ဆိုရင်ဖြင့်..
ငရုတ်သီးအနီကိုအမြဲတမ်းစားတယ်..
ဒါ့ကြောင့် စနစ်ဟောင်း ခြောက်တန်းကနေ..ကျောင်းနှစ်နှစ်မတက်ဘဲနားလိုက်ပါတယ်...
နောက်တော့လည်းတစ်ချို့သောသူတွေကိုအားနာမှုဟာ..ကျွန်ုပ်တို့လိုကျောင်းမပြီးသေးတဲ့ကလေးသာသာအရွယ်တွေမှာမသက်ရောက်ပါဘူး...
အထူးသဖြင့်မိဘလောင်းရိပ်အောက်ကမထွက်နိုင်ကြသေးတဲ့အရွယ်လေးတွေဖြစ်တဲ့အတွက်ကြောင့်ပါ..
လူတွေရဲ့ချီးမွမ်းခုနှစ်ရက်...
ကဲ့ရဲ့ခုနှစ်ရက်.....ဆိုတဲ့စကားဟာအရမ်းကိုမှန်ကန်ခဲ့ပါတယ်..
ဒါဟာသာမန်လူတစ်ယောက်ရဲ့အကြောင်းအရာတောင်မဟုတ်ဘဲ.. country ကြီးနဲ့ယှဥ်လာရင်တောင်...ဒီဆိုရိုးစကားလေးတစ်ခွန်းကသေချာပေါက်အကျိုးသက်ရောက်နေဆဲပါဘဲ..
ဒါဟာ အထက်တန်းလွှာလူပုဂ္ဂိုလ်တွေအတွက်
ရေရှည်အထိအဆင်ပြေနိုင်ပေမယ့်လို့..
သူလိုငါလိုအခြေခံ..ဘဝခံလူတန်းစားတွေအတွက်ကတော့..ရေရှည်မှာတောင့်ထားနိုင်စွမ်းဟာအကျိုးသက်ရောက်မှာမဟုတ်ပါဘူး..
အဆင်ပြေချောမွေ့နိုင်မှာမဟုတ်ပါဘူး..
ဒါကြောင့်..သူတို့တွေကိုလည်းသွားပြောလို့က
မဖြစ်ပြန်ပါဘူး...
ကျွန်ုပ်ရဲ့ Imagines ကိုလူကြီးမင်းတို့နဲ့ဆွေးနွေးရမယ်ဆိုရင်တော့...
အခုခေတ်ကျွန်ုပ်တို့လိုအရာရာကို..
တစ်ခုသင် တစ်ခုတတ်မြောက်ဖို့လွယ်လွန်းတဲ့
ဆယ်ကျော်သက်အရွယ်လေးတွေမှာ...
ပညာရေးနဲ့ပတ်သတ်ပြီး
စိုးရိမ်ပူပန်မှုတွေ..
အာရုံမစိုက်နိုင်မှုတွေ...
စာနဲပတ်သတ်ပြီးဦးနှောက် active မဖြစ်မှုတွေ..
စတဲ့အချက်တွေကို..ကျောင်းမပြီးသေးတဲ့လူငယ်လေးတွေတော်တော်များများဖြစ်နေရတာကိုတွေ့ရှိရပါတယ်..
ဘာလို့ဆို..အဲ့ဒီအရာတွေကိုကျွန်ုပ်ကိုယ်တိုင်လည်းနေ့စဥ်နဲ့အမျှဖြစ်နေရတာကြောင့်..
သိမြင်ကိုယ်ချင်းစာပေးနိုင်ပါတယ်..
ထိုအချက်လေးတွေကိုဖြစ်ပေါ်စေတဲ့အကြောင်းလေးတွေကို..
ယေဘုယျအားဖြင့်ရိုးရိုးလေးတွေးကြည့်ကြမယ်ဆိုပါစို့...
ပျမ်းမျှအနေနဲ့တက်ရောက်ဆဲကျောင်းသား
အယောက်တစ်ရာလောက်မှာ..
အယောက်ရှစ်ဆယ်လောက်ထိ..
ငရုတ်သီးအနီစားပြီး
ကျောင်းနှစ်နှစ်နားကြတယ်...
နှစ်နှစ်အတွင်းမှာ..
အိမ်မှာစားတယ်..အိပ်တယ်..ဖုန်းကြည့်တယ်...
အပျင်းကြီးဘဲတစ်ပြီး..အလေလိုက်နေပါတယ်လို့လဲ..တစ်ထစ်ချမဆိုလိုပါဘူး..
တစ်ချို့သောအကျိုးရှိစေမယ့်အရာတွေကိုလည်းသေချာပေါက်လုပ်ဆောင်ခဲ့ကြလိမ့်မယ်လို့လည်းထင်ပါတယ်...
နှစ်နှစ်ဆိုတဲ့အချိန်ကာလဟာ..
အပြင်လောကထဲကိုထဲထဲဝင်ဝင်သိမြင်နားလည်သွားဖို့လုံလောက်တဲ့အချိန်တစ်ခုလို့တော့ကျွန်ုပ်က​တော့ယူဆပါတယ်...
တော်တော်ကြီးတော့သိမြင်နားလည်သွားကြလားလို့တော့မေးမနေချင်တော့လောက်အောင်ပါဘဲ..
ဘာလို့ဆို..
ကျွန်ုပ်လည်းဘဲမိဘအလိုကျရော..
ကျွန်ုပ်ရဲ့စဥ်းစားချင့်ချိန်မှုတွေကြောင့်ပါ..ကျောင်းပြန်တက်တဲ့အချိန်မှာ..
ကျွန်ုပ်ရဲ့ခင်မင်ရတဲ့သူငယ်ချင်းထက်ဝက်နီးပါးဟာကျောင်းမတက်ကြတော့ပါဘူး...
ငရုတ်သီးအနီကိုမစပ်တမ်းစားမြဲစား​နေကြသူတွေကိုလေးစားသမှုဖြင့်မပြောပေမယ့်...
အပြင်လောကကိုသာတစ်စိုက်မတ်မတ်
နားလည်သိမြင်သွားသူကျွန်ုပ်သူငယ်ချင်းအချို့ကတော့..သူတို့နဲ့သင့်တော်တဲ့လုပ်ငန်းခွင်လေးတွေမှာအဆင်ပြေနေကြဆဲပါ..
တစ်ချို့ကတော့အပြင်လောကကိုနားလည်သိမြင်သွားတာအရမ်းကို master ကျသွားလို့ထင်ပါရဲ့..အိမ်ထောင်ရက်သားလေးတွေကျလို့..
ကလေးတောင်ရှိနေကြပြီဆိုပါဘဲ...
ကျွန်ုပ်အနေနဲ့ယခုလိုသတင်းတွေကိုကြားရတာဟာ..သူငယ်ချင်းတစ်​ယောက်အနေနဲ့ဝမ်းသာမှုစိုးစဥ်းမျှမရှိခဲ့ပါဘူး...
အရင်ကလေးဘဝတုန်းကဆိုလျှင် ကျွန်ုပ်တို့တတွေဟာ..
ကြီးလာရင် အင်ဂျင်နီယာတို့...ဆရာဝန်တို့..
ဆရာမတို့ဆိုတာတွေကို..ပျော်ရွှင်ကြည်နူးမှုလေးတွေနဲ့တိုင်ပင်ပြီးပြောခဲ့ကြတယ်မဟုတ်ပါလား...
ကျွန်ုပ်ကိုယ်တိုင်လဲကျောင်းနှစ်နှစ်နားခဲ့တဲ့အပေါ်မှာ..အတွေ့အကြုံရအောင်..
ပိုက်ဆံတန်ဖိုးကိုနားလည်သိမြင်အောင်..
အကြီးမားဆုံးအနေနဲ့ကတော့..
အိမ်ကမိဘတွေရဲ့ကျေးဇူးကိုနည်းနည်းဘဲဖြစ်ဖြစ်သိမြင်သွားအောင်လို့...
နှစ်နှစ်အတောအတွင်းမှာ
လုပ်ငန်းခွင်နှစ်ခုကိုတစ်လစီကြာအောင်ထိဝင်ရောက်လုပ်ကိုင်ခဲ့ဖူးပါတယ်...
ကျွန်ုပ်ဆိုသည်မှာမိဘကပေးတဲ့မုန့်ဖိုးကိုစားတုန်းကကျအဆင်​ပြေနိုင်သလောက်..
ကျွန်ုပ်ရဲ့ပထမဆုံးလုပ်ငန်းခွင်ကရတဲ့
တစ်ရက်လုပ်ခပိုက်ဆံကျတော့...
​မေမေကဝယ်စားပါလို့ပြောယူရလောက်တဲ့အထိ..အဲ့ဒီအထဲကတစ်ရာဖိုးတောင်ဝယ်မစားနိုင်ဖြစ်ခဲ့ရပါတယ်...
ပထအဆုံးလုပ်အားခမို့အရမ်းကိုနှမြောတသဖြစ်မိခြင်းလည်းပါခဲ့ပါတယ်...
ပြီးတော့ကျွန်ုပ်အတွက်လုပ်ငန်းအတွေ့အကြုံတွေလည်းရခဲ့သလို...
လောကကြီးနဲ့လူသားတွေအပေါ်သိမြင်နားလည်လာမှုဟာလည်းနှစ်နှစ်ပတ်ဝန်းကျင်မှာအဆင်​ပြေပြေရင့်ကျက်သင့်သလောက်ရင့်ကျက်လာခဲ့တယ်လို့ဆိုလာရမှာပါ...
အကယ်၍ကျွန်ုပ်ဟာနှစ်နှစ်အားလပ်ချိန်မရခဲ့ပါဘဲ..ထိုနှစ်နှစ်အတွင်းမှာ..
ကျောင်းနဲ့အိမ်..
အိမ်နဲ့ကျောင်း...ဘဲဖြစ်နေခဲ့မည်ဆိုလျှင်
သေချာပေါက်ယခုလိုတန်ဖိုးရှိလှတဲ့အတွေ့အကြုံတွေနဲ့...ရင့်ကျက်မှုတွေကိုရရှိနိုင်မှာမဟုတ်ပါဘူး...
ဒါ့ကြောင့်ကျောင်းနှစ်နှစ်ခဏတာနားခြင်းနဲ့ကျောင်းနှစ်နှစ်နားခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းကိုတောင်ကျေးဇူးတင်ရမလိုဖြစ်နေ
ပေမယ့်လို့...ကျွန်ုပ်ကတော့သေတာတောင်ကျေးဇူးမတင်နိုင်ပါဘူး..
ကိုယ်ယူတတ်လို့ကိုယ်ရတယ်လို့ဘဲ..
မြင်မိပါတယ်..
တကယ်တော့ကျွန်ုပ်တို့လိုအရာရာသိတတ်​​မြင်တတ်နေပြီဖြစ်တဲ့..
ဆယ်ကျော်သက်အရွယ်လေးတွေဟာ..
ယခုလိုခေတ်အခြေအနေမှာ..
ဘာဆိုဘာမျှတည်ငြိမ်ခိုင်မာမှုမရှိတဲ့..
အမျိုးမျိုးသောအကြောင်းအရာတွေ..စသဖြင့်..
ပညာရေး..လူမှုရေး..မိသားစုရေး..စားဝတ်နေရေး.... စတဲ့အချက်တွေကြားမှာ
အဆင်ပြေ​ပြေရပ်တည်နေထိုင်နိုင်သည်ဆိုထဲက
ကျွန်ုပ်တို့ဟာ..တော်တော်လေးကိုသန်မာနေကြပြီလို့ကျွန်ုပ်တော့ယူဆမိပါတယ်...
ပြီးတော့ကျွန်ုပ်တို့ဘဝတွေဟာ..
ဒီတိုင်းကြီးဘဲရှိနေပါမည်လို့..
မည်သူကပြောနိုင်သလဲ..
လသည်အမြဲတမ်းမသာနိုင်သလို..
အမြဲတမ်းလည်းမမိုက်နိုင်ပါ..
မုန်တိုင်းပြီးလျင်လေပွေလာသလိုမျိုး...
အဆိုးတွေကိုဒုက္ခခံအပြီးမှာ..အကောင်းတွေကိုရရှိလာနိုင်မည်ဆိုတာတော့..
ကျွန်ုပ်ကမလွဲဧကန်ပြောဆိုရဲပါသည်...
အကောင်းတွေရောက်ရှိဖို့အတွက်..
အချိန်သည်
ကြာသလား..မြန်သလား..ဒါဘဲကွာပါသည်...
ဒါ့အပြင်ကျွန်ုပ်တို့ဟာ..
ဆယ်​ကျော်သက်အရွယ်တဖြစ်လဲ..
နုနယ်တဲ့ခံစားချက်လေးတွေနဲ့စိတ်ခံစားမှုလွယ်တဲ့အရွယ်လေးတွေလဲဖြစ်ကြပါ​​သေးတယ်..
ဒါ့ကြောင့်တစ်ချို့သောအဖုအထစ်လေးတွေကိုစိတ်အနှောက်အယှက်ဖြစ်စရာလိုသဘောထားမနေဘဲ...ယခုလက်ရှိပိုင်ဆိုင်ထားရတဲ့ဆယ်ကျော်သက်ဘဝမှာသာ..
ကိုယ်ဝါသနာပါရာလေးတွေကိုရွေးချယ်ပြီး..ရှေ့လျှောက်ကိုယ့်ဘဝအတွက်
အဆင်ပြေချောမွေ့စေမယ့်လမ်းတစ်ခုကိုသေသေချာချာရွေးချယ်စဥ်းစားထား​​ခြင်းကသာ..အကောင်းဆုံးအဖြေတစ်ခုပါ...
ယခုလက်ရှိ teenager တွေမှာ ဖုန်းတစ်လုံးဟာမရှိမဖြစ်ရှိကြစမြဲမို့...
Youtube ကနေ ကိုယ်ဝါသနာပါရာ language တွေလေ့လာမယ်...
တစ်ခြားကိုယ့်အတွက်အဆင်ပြေအကျိုးပြုစေမယ့်သင်တန်းမျိုးလေးတွေရွေးချယ်ပြီးတက်မယ်..ယုတ်စွအဆုံးဘာမျှမလုပ်နိုင်ရင်တောင်..
တစ်နေ့ကိုအကျိုးရှိ​​စေမယ့်စာတွေကိုအနည်းဆုံး 1 နာရီလောက်အားလပ်ချိန်ပေးပြီးဖတ်မယ်ဆိုရင်ဖြင့်...
သင်ရဲ့ personal life မှာလူကြီးသူမတွေ..
သူစိမ်းတရံသာတွေနဲ့ပြောဆိုဆက်ဆံမှု
တွေမှာ..သင်ရဲ့နေထိုင်သွားလာမှုတွေမှာပါ..
ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေဖြစ်စေမှာပါ...ဒါ့အပြင်ဒီ့ထက်အံ့ဩစရာအချက်ဆိုရင်ဖြင့်..သင်တစ်ချိန်ကျ professional life
တစ်ခုရလာတဲ့အချိန်ကြရင်..
ယခုလိုအလေ့အကျင့်ကောင်းတွေကြောင့်သေချာပေါက်...အောင်မြင်ဖြစ်ထွန်းတဲ့သူတစ်ယောက်ဖြစ်လာမှာမလွဲဧကန်ပါဘဲ..
ယခုစာဖတ်ပရိတ်သတ် teenager လေးတွေထဲမှာလဲ..တစ်ချိန်ကျ professional life
တစ်ခုကိုပိုင်ပိုင်နိုင်နိုင်ရရှိစွမ်းဆောင်နိုင်တယ့်
သူလေးတွေမပါဘူးလို့ပြောလို့မရနိုင်ပါဘူး..
ဒါ့ကြောင့်...ဝီရိယနဲ့စဥ်းစားချင့်ချိန်နိုင်စွမ်းသာရှိမယ်ဆိုရင်..ရခဲလှတဲ့ပညာတိုင်းဟာသင့်ရဲ့လက်တစ်ကမ်းအလိုမှာပါဘဲ...
_____________

My Good Vibes For You..🌷Where stories live. Discover now