Hope Part -3🍀

6 2 0
                                    


ရည်မှန်းချက် ဝါသနာ နဲ့ အလုပ်

very peoples need to have affirmation for
success in their life 💖

ရှေ့က part တွေမှာ...
စိတ်ဓာတ်ခွန်အားရစရာတွေကိုပြောပြပေးခဲ့သလို....
ဒီ part လေးမှာကျတော့ Loon ရဲ့ own idea
နဲ့ မင်းတို့ရဲ့ဘဝမှာ success ဖြစ်စေဖို့
အကောင်းမွန်ဆုံးသော suggestion တွေကိုပေးသွားမှာပါ...
Loon က ဘယ်အရာမှာမဆို...
Loon ကြုံတွေ့ခဲ့...သိခဲ့...နားလည်ခဲ့တဲ့..
အရာတွေ...စသဖြင့်ပေါ့...
Loon ဘဝရဲ့ ဥပမာတွေနဲ့ပြောဖြစ်တာများပါတယ်.... အဲ့ဒီလိုပြောလို့ Loon ကဥပမာယူသင့်တဲ့လူတော်လူပုဂ္ဂိုလ်ကြီးပါလို့ဆိုလိုခြင်းလုံးဝမဟုတ်ပါဘူး...
ဘာကြောင့်လဲဆိုရင်တော့...
Loon ပြောနေတဲ့အကြောင်းအရာတွေဟာ..
fantastic မဟုတ်ဘဲ.... လက်တွေ့ကျကျ
အသုံးချလို့ရပြီးနားလည်သဘောပေါက်လွယ်
မယ့်... life fact လေးတွေမို့လို့ပါ...
ဒါ့ကြောင့်လူတစ်ယောက်ရဲ့ experience နဲ့ဖော်ပြထောက်ပြပေးတာဟာပိုပြီးတော့..
အဓိပ္ပါယ်ရှိနိုင်ပါတယ်...
အပေါ်မှာပြခဲ့တဲ့ topic လေးလိုဘဲ...
လူတိုင်းဟာသူတို့ဘဝမှာအောင်မြင်မှုရဖို့အတွက်...အောင်မြင်စေဖို့အတွက်..
ခံယူချက်..ဒါမှမဟုတ်...ရည်မှန်းချက်...
တစ်ခုတော့ထားသင့်ပါတယ်...
တစ်ခုမဟုတ်ဘဲအများကြီးထားလည်း
ပိုတောင်ကောင်းပါသေးတယ်...
လူအားလုံးဟာ...သူတို့လုပ်ခဲ့တဲ့အလုပ်တိုင်းအပေါ်မှာမျှော်လင့်ချက် ( hope)ဆိုတာလေးတော့ရှိကြစမြဲပါဘဲ...
နည်းနည်းလား ...များများလား...
ဒါဘဲကွာပါတယ်...
for example - လူတိုင်းအလုပ်လုပ်ကြတယ်..
ဘာလို့လဲ....ပိုက်ဆံရမယ်ဆိုတဲ့အသိစိတ်
မျှော်လင့်ချက်နဲ့ပေါ့...
ဒါပေမယ့်...ဒီအချက်ဟာအရမ်းကိုရိုးရှင်းပါတယ်...
လူတစ်ယောက်ဟာ...
ပညာမရှာနိုင်ရင်စီးပွားတော့ရှာနိုင်ရမယ်..
စီးပွားမရှာနိုင်ရင်ပညာရှာနိုင်ရမယ်ဆိုတဲ့အချက်ကို​တော့..
လက်ကိုင်သုံးစွဲထားဖို့လိုအပ်ပါတယ်....
ဒါမှသာလျင်မင်းတို့ဘဝမှာရှင်သန်နေထိုင်ရတာ
အဓိပ္ပါယ်ရှိမှာပါ...
အဓိကကတော့
ကိုယ်ရည်မှန်းချက်ထားကြည့်ကွာ..
ပန်းတိုင်တစ်ခုလား...နှစ်ခုလား...
သုံးခုလား...ကြိုက်တာထားကြည့်..
အများကြီးတော့မထားနဲ့...
အများကြီးထားရင်...မင်းလွတ်သွားလိမ့်မယ်...
သုံးခုထား..နှစ်ခုဖြစ်အောင်လုပ်..
နှစ်ခုထားတစ်ခုဖြစ်အောင်လုပ်...
ကိုယ်ကပညာရေးမှာညံ့တယ်ထင်တာလား...
ပိုကြိုးစားကြည့်...
ကြိုးစားလို့မရတော့ဘူး...
စိတ်မပါတော့ဘူးလား..
ရတယ်...စိတ်မပါရင်မလုပ်နဲ့တော့...
ကိုယ်ကိုယ်တိုင်လုပ်ရမယ့်အရာက..
ပြုလုပ်တဲ့ကိုယ်...စိတ်မပါတော့ဘူးဆိုရင်...
ဘယ်လောက်လုပ်လုပ်အဓိပ္ပါယ်မရှိတော့ဘူး....
အဓိကက...
ကိုယ်ကျွမ်းကျင်တဲ့အရာကိုရှာဖွေ​​
ကြည့်...
ကိုယ်ကျွမ်းကျင်တဲ့အရာမှာကိုယ်က
ဆရာတစ်ဆူဖြစ်အောင်လုပ်ကြည့်...
ဆရာ မဖြစ်လည်းကိစ္စမရှိဘူးကွာ..
နည်းနည်းများသွားတယ်...
ကိုယ်ကျွမ်းကျင်တဲ့အရာမှာကိုယ်က
တော်အောင်လုပ်နိုင်ရမယ်လို့ပြောတာပါ...
ကိုယ်ကျွမ်းကျင်တဲ့အရာမှာသာတော်အောင်
မလုပ်နိုင်ရင်တော့...မပြောပြတတ်တော့ဘူး...
အမှန်တိုင်းပြောရရင်...Loon လည်း
အရင်ကဝါသနာရှိတယ်...ဝါသနာပါ..
ရည်မှန်းချက်ကမဖြစ်နိုင်ရင်ပြောင်းလို့ရပေမယ့်
ဝါသနာကဖျောက်လို့မရဘူး...
ပြောင်းလို့မရဘူး..
Loon က K-pop Idol တနည်းအားဖြင့်ပြောရရင်
Famous Artist တစ်ယောက်ဖြစ်ချင်ခဲ့တာ...
တကယ်ကိုတော်တော်ကြီးကိုအလှမ်းဝေးတဲ့အရာကိုဖြစ်ချင်ခဲ့တာ...
အဲ့ဒီတုန်းကနားမလည်ခဲ့ဘူး...
အခုတော့မဖြစ်နိုင်တော့မှန်းသိလို့လက်လျှော့လိုက်ပါပြီ...
လူအင်အားကော ငွေအင်အား​ကော..
ပုံပေးနိုင်မှဖြစ်နိုင်မယ့်အရာမှာ..
လူအင်အားလိုက်နိုင်ပေမယ့် ငွေအင်အားတော့
မလိုက်နိုင်ဘူးလေ...
လက်လျှော့လိုက်တာ..ရည်မှန်းချက်ပါ...
ဝါသနာကတော့ဖျောက်လို့မရလို့...
အိမ်မှာအားနေရင် dance practise တွေလုပ်ဖြစ်တယ်....
သီချင်းတွေဆိုကြည့်တယ်..
အသံပါဝါညှိကြည့်တယ်....
မဖြစ်နိုင်မှန်းသိပေမယ့်...
လုပ်နေရရင်ကိုပျော်နေတော့....
ကိုယ်ကိုကိုယ် Idol တစ်ယောက်လို
ပရိတ်သတ်တွေရှေ့မှာ အများကြီးအားပေးနေကြတယ်ဆိုတဲ့စိတ်နဲ့...လုပ်ပါတယ်...
ဒါကလည်းရူးခြင်းတစ်မျိုးပါ...
အကနဲ့ပတ်သတ်လာရင်...အရမ်းရူးမှန်းလည်းကိုယ့်ကိုကိုယ်နားလည်ပါတယ်....
ကိုယ်ပျော်ရာကိုယ်လုပ်တာ...
ဘယ်သူ့မှမထိခိုက်သရွေ့အရာအားလုံးအဆင်ပြေပါတယ်..
တကယ်တော့ Loon က ကျောင်းပညာရေးဘက်မှာတော်တာပါ...ကိုယ်ကိုကိုယ်ခွဲခြားပြီးသိသွားတာလည်းပါတာပေါ့....
ဒါ့ကြောင့်အခု ရည်မှန်းချက်က Civil Engineer
ဖြစ်ချင်တာပါ...ကိုယ်လက်လှမ်းမှီပြီး
ခက်ခက်ခဲခဲကြိုးစားရင်ရနိုင်မယ့်အရာတစ်ခုပေါ့...Loon ကလွယ်လွယ်လေးနဲ့ရတာကို
မကြိုက်ပါဘူး...
ခက်ခက်ခဲရတာကိုဘဲပိုသဘောကျပါတယ်...
ဒါပေမယ့် Civil Engineer က Loon ရည်မှန်းချက်ပါ...ဝါသနာမဟုတ်ပါဘူး...
Loon နဲ့သင့်တော်မယ်ထင်တဲ့အလုပ်ကို ရည်မှန်းချက်ပြောင်းထားကြည့်ရုံပါ...
အလုပ်နော်...အလုပ်....
ဝါသနာမဟုတ်ပါဘူး...
ဒီတော့...Loon အဓိကပေးချင်တဲ့ Meassage ကတော့...ဝါသနာနဲ့ရည်မှန်းချက်ကိုသေချာခွဲခြားသိနိုင်အောင်လုပ်ကြည့်ပါ...
ဝါသနာနဲ့ရည်မှန်းချက်နဲ့လုပ်ချင်တဲ့အလုပ်နဲ့
တစ်ထပ်တည်းကျရင်တော့...
အဲ့အရာသုံးခုပေါင်းပြီးပိုက်ဆံရှာရတာလောက်ပျော်ဖို့ကောင်းတာမရှိတော့ပါဘူး...
အခက်အခဲတွေဆိုတာရှိပေမယ့်လည်းပေါ့နော်..
ဝါသနာနဲ့ ရည်မှန်းချက်နဲ့မကိုက်လည်း..
ရည်မှန်းချက်ကိုမြင့်မြင့်လေးထား..
ဖြစ်နိုင်အောင်ကြိုးစားကြည့်..
ဒါမှဝါသနာကိုပံ့ပိုးပေးနိုင်မှာ...
For example - ဖုန်းလေးတစ်လုံးဝယ်ချင်တယ်..ဖုန်းဝယ်ချင်တာကိုဝါသနာထား...
ဖုန်းဝယ်ဖို့ပိုက်ဆံစုရမှာကိုရည်မှန်းချက်ထား..
ပိုက်ဆံစုရင်းစုရင်းပြည့်ပြီဆိုဖုန်းဝယ်ပစ်လိုက်..
ဒါကဝါသနာကိုပံ့ပိုးပေးတာဘဲ...
ပိုက်ဆံစုရတာကိုမဖြစ်နိုင်ဘူးလို့ထင်ပြီး
မကြိုက်ပေမယ့်ပေါ့...
ကိုယ်လုပ်ချင်တဲ့အရာတွေ...ကိုယ်တကယ်လိုချင်တဲ့အရာတွေပိုင်ဆိုင်ရဖို့အတွက်ဆိုရင်...
ဘာဘဲဖြစ်ဖြစ်သည်းခံကြိုးစားပြီး
တတ်နိုင်သလောက် လုပ်ရမှာပါဘဲ...
___________________________
အများကြီးမပြောလိုပါဘူး...
Loon စာတွေကိုဖတ်ပြီး
တစ်ယောက်လောက်ဘဲတိုးတက်အောင်...
တစ်ယောက်လောက်ဘဲကောင်းမွန်စွာနေထိုင်ပြောင်းလဲဖို့တွေးလိုက်ပြီ...
ကိုယ်ရဲ့စဥ်းစားဥာဏ်တွေနည်းနည်းရင့်ကျက်နားလည်သွားပြီလို့ထင်လိုက်ရင်ဘဲ...
လက်အညောင်းခံ..အများကြီးစဥ်းစား
ညှစ်ထုတ်ပြီးရေးလိုက်ရကျိုးနပ်ပါပြီရှင်...
Yours,
Dear Loon....🍀

You've reached the end of published parts.

⏰ Last updated: Dec 03, 2023 ⏰

Add this story to your Library to get notified about new parts!

My Good Vibes For You..🌷Where stories live. Discover now