My Omega {8}

1K 90 6
                                    


unicode💛🖤

idolကိုထိခိုက်လိုစိတ်မရှိပါ

သူတို့တွေ neoအဖေရဲ့ဟိုတယ်မှာ ၁ပတ်လောက်ထိ ပျော်ပါးခဲ့ကြပြီးတဲ့အခါမှာတော့ ကျောင်းဖွင့်ရက်နီးလာတာကြောင့် ဒီနေ့မှာ အိမ်ပြန်ကြတော့မည်ဖြစ်သည်။

"ဟျောင့်တွေ...အားလုံးစုံပြီးလား"

"အေး...သွားတော့"

ပြန်ဖြေသံရပြီးတာနဲ့ firstကားကို တစ်ခါတည်းမောင်းထွက်လာခဲ့သည်။

အလာတုန်းက neoက မောင်းလာတာဖြစ်တာမို့ အပြန်မှာတော့ သူပဲမောင်းလိုက်တော့သည်။

"အေး...ငါမေးအုံးမယ်၊ မင်းတို့နှစ်ကောင် ဟိုနေ့က ပင်လယ်လိုက်မဆင်းပဲ ဘယ်ပျောက်သွားတာလဲ"

အရင်နေ့တွေက အပျော်အပါးမက်နေကြကာ သူတို့ကိစ္စကို အာရုံမထားကြတာကြောင့် သူစိတ်ပေါ့နေခဲ့ပေမယ့် အခုအချိန်မှာမှ ajက ဘယ်လိုသတိရသွားလဲမသိ...လူစုံနေတဲ့အချိန် မေးလာသည်။

"အမ်...ငါရုတ်တရက်ကြီး ပင်လယ်ထဲမဆင်းချင်တော့လို့ အခန်းပြန်သွားတာ"

firstအပြောကို အားလုံးက ယုံလားမယုံလား မသိပေမယ့် ဘာမှတော့ မပြောကြပေ။

"ငါက ဗိုက်နာလာလို့ကွ၊...ဗိုက်နာတော့ ရေဆော့ချင်စိတ်မရှိတော့လို့ အခန်းပြန်ပြီးအိပ်လိုက်တာ"

khaotungကလည်း သူ့နည်းတူပင် လိမ်ပြောလာသည်။

"အော်...ငါ့ထင်တာက မင်းတို့နှစ်ယောက်......"

ajရဲ့ အသံရှည်ဆွဲကာပြောလာမှုကြောင့် firstနဲ့khaotung နှစ်ယောက်လုံး မလုံမလဲဖြစ်သွားကြသည်။

"မင်းတို့နှစ်ယောက်က တစ်ခုခုသွားစားကြတာလားလို့"

ဒီတော့မှ နှစ်ယောက်လုံးစိတ်သက်သာရာ ရသွားကာ သက်ပြင်းအား ခိုးချလိုက်ကြသည်။

"ပေါက်ကရတွေပြောပြန်ပြီး...ငါတို့ တစ်ခုခုသွားစားရင် မင်းတို့ကိုခေါ်မှာပေါ့ကွ"

"မသိဘူးလေ၊ ငါတို့ကို ကျွေးရမှာကြောက်လို့ မခေါ်သွားတာလားလို့"

"ငါက ကပ်စီးကုပ်တဲ့သူမျိုးမဟုတ်ဘူး"

"သိတာပေါ့ဗျာ...ငါ့သူငယ်ချင်းကြီးfirstက အရမ်းအရမ်းချမ်းသာပြီး စိတ်သဘောထားလည်း ကောင်းတယ်ဆိုတာကို"

MY OMEGA✨🔥[ Completed ]Where stories live. Discover now