one shot

454 44 4
                                    

သက်ြန်နားနီးပြီဖြစ်တာကြောင့် ရပ်ကွက်တိုင်းလိုလိုမှာ မဏ္ဍပ်တွေဆောက်‌ပြီးနေကြပြီ တချို့ဆို မဏ္ဍပ်နာမည်လေးတွေတောင်ထိုးပြီးနေပြီ
"မိချောတို့သက်ြန်"  "ဖြူနီပြာဝါ " "သက်ြန်မိုး"
စသဖြင့်ပေါ့.....

ကိုး တို့ရပ်ကွက်ထဲမှာလည်း မဏ္ဍပ်တခုဆောက်လုပ်နေတုန်း အိမ်ပေါ်ထပ် ဝရံတာကနေလှမ်းကြည့်နေသည်

"ဟဲ့ မိကိုး..."

သူငယ်ချင်းတွေ အိမ်ပေါ်တတ်လာတာမသိလိုက်တာမို့လို့ ငေးကောင်းနေတဲ့ ကိုး ကိုအနောက်ကနေ လှမ်းဟန့်လိုက်သည်

"အမလေး...ဟင် နင်တို့ဘာလာလုပ်ကြတာလဲ..."

"ဟယ် နင်ပဲချိန်းထားတာလေ သက်ြန်မရောက်ခင် နှစ်ရက်အလိုအိမ်လာခဲ့ဆို "

"မိကိုးရယ် နင်အဲ့လောက်မေ့တတ်ရန်ကော... ရည်းစားထားရင် ရည်းစားပါမေ့မလားမသိပါဘူး.."

"မိကိုး. ပြောပြော ဘာကျွေးမလို့ခေါ်လိုက်တာလဲ..."

"ဘာမှမကျွေးဘူး သက်ြန်ကျ ငါတို့ရပ်ကွက်ထဲက မဏ္ဍပ်မှာ စတုဒီသာကျွေးမှာ အဲ့တာ ငါတို့အိမ်က အကြိုနေ့တာဝန်ကျလို့ လုပ်အားပေးဖို့ခေါ်လိုက်တာ "

"ခိုင်းစားဖို့ဆိုသူငယ်ချင်းတွေသတိရတယ် .."

"ကုသိုလ်အတူတူပါအောင်လို့ပါဟ.. "

စိတ်တူကိုယ်တူမှမဖြစ်ရင် စကားတောင်မပြောချင်တဲ့ ကိုး မှာ သူငယ်ချင်းဆိုလို့ များများစားစားမရှိပါဘူး အခုလည်း ရှိတဲ့ သူငယ်ချင်း၃‌ယောက်ကိုပဲ အလုပ်ကူဖို့အိမ်ခေါ်ထားသည် မိန်းကလေးနှစ်ယောက် ယောကျာ်းလေးတယောက်

"နင်ကဘာကျွေးဖို့စီစဉ်ထားလို့လဲ..."

အောက်ထပ်သို့ဆင်းရင်း သွယ်သွယ် မေးလိုက်သည်

ရေခဲသေတ္တာထဲမှစားစရာသောက်စရာများကို ထွေးထွေးက ထုတ်လာပြီး

အောင်မျိုးက လက်ဆင့်ကမ်းယူကာ ဆက်တီခုံပေါ်သို့တင်လိုက်သည်

"ကျွေးဖို့စီစဉ်တာ ငါလုပ်လို့မရဘူးလေ မေမေတို့လုပ်မှာ ငါတို့က ကူပေးရုံပဲ ဘာကျွေးလဲ အဲ့နေ့မှသိရတာပေါ့ နင်တို့စောစောလာခဲ့ကြ..."

You've reached the end of published parts.

⏰ Last updated: Apr 02, 2023 ⏰

Add this story to your Library to get notified about new parts!

ပိတောက်တခက် ကိုး ခူးခဲ့သည် (One Shot)Where stories live. Discover now