Be My Boyfriend || Quanyue

531 28 3
                                    

Be My Boyfriend

Ricky × Ollie

[unicode]

ရစ်ခီတစ်ယောက် မကြာခင်ရည်းစားဖြစ်တော့မဲ့ကောင်လေးကို ဖွင့်ပြောဖို့အတွက် ဘယ်နေရာကိုခေါ်သွားရင်ကောင်းမလဲဆိုပြီး ထိုင်စဉ်းစားနေတာ သုံးနာရီလောက်ရှိနေပြီဖြစ်သည်။

ချိန်းတုန်းကချိန်းထားပြီးတော့ ဘယ်နေရာခေါ်သွားရမလဲမသိဖြစ်နေတာလေ။

မလှုပ်မရှက်နဲ့ထိုင်နေတာ‌ကြောင့် အမေဖြစ်သူက လာပြီးအသက်ရှူလာစမ်းရတဲ့အထိပင်။

"ရှန်းချွမ်ရွေ့ ရှန်းချွမ်ရွေ့ စဉ်းစားစမ်း စဉ်းစားစမ်း ယွဲ့ယွဲ့ကဘယ်လိုနေရာမျိုးကိုကြိုက်လောက်မလဲ" ခေါင်းကနေမီးထွက်မတတ် ထိုင်စဉ်းစားနေတော့တယ်။

နောက်ဆုံးစဉ်းစားမရတဲ့အဆုံး အမေဖြစ်သူကိုလှမ်းပြီးအကူအညီတောင်းတော့တယ်။

"မား မား"

"ဘယ်လိုဖြစ်လို့ လိပ်ခေါင်းထွက်မတတ်အော်နေရတာလဲ ရှန်းချွမ်ရွေ့ရယ်"

"မား တခြားဟာတွေနောက်မှပြော ဆူချင်ရင်လည်းနောက်မှပေါင်းပြီးဆူ အခုတော့သားကို အကြံဉာဏ်ပေးပါဦး"

"ဘာလဲပြော"

"မား ယွဲ့ယွဲ့ကိုသိတယ်မလား"

"မင်းက မရှင်းမရှင်းတွေမပြောနဲ့လေ ယွဲ့ယွဲ့လို့ပြောတာနဲ့ ငါကသိမလား ရှင်းယွဲ့လား ယွဲ့ချန်လား ရှင်းရှင်းပြောပါလား ငါသိတဲ့သူတွေအထဲ နာမည်မှာ ယွဲ့ ပါတဲ့သူ ဘယ်လောက်တောင်များလိုက်လဲ"

"မားရဲ့သမက်လောင်းလေး လျိုထျန်းယွဲ့ လျိုအိုလီကိုပြောတာ" ရစ်ခီလည်း စိတ်မရှည်တော့တာကြောင့် တည့်ပြောလိုက်တော့တယ်။

"အော် ငါ့သမက်လောင်းလေးထျန်းယွဲ့လေးလား_ ဘာပြောတယ် ချွမ်ရွေ့ မင်းထျန်းယွဲ့ကို ကြိုက်နေတာလား" ဒီတစ်ခါအော်တဲ့လူက မားဖြစ်တာကြောင့် ရစ်ခီမှာလန့်သွားရတော့တယ်။

"ကြိုက်တာတောင်ရိုးရိုးမဟုတ်ဘူးမားရေ နောက်အဆင့်ရောက်နေပြီ နှလုံးသားကယွဲ့ယွဲ့မှ မဟုတ်ရင်မရဘူးတဲ့ ယွဲ့ယွဲ့မှပြန်မချစ်ရင် မားရဲ့သားရူးသွားလိမ့်မယ်ထင်တယ်"

Boys Planet One Shots Collection Where stories live. Discover now