Show me love || jeongri

346 41 1
                                    

[unicode]

"အီဂျောင်ဟျွန်းမကောင်းတဲ့လူ
အီဂျောင်ဟျွန်းကတကယ်မကောင်းဘူး"

ရစ်ခီတစ်ယောက်လမ်းလျှောက်ရင်းနဲ့ လမ်းပေါ်မှာရှိတဲ့ကျောက်ခဲတုံးလေးတွေကို ကန်ထုတ်နေရင်းနဲ့ ရေရွတ်နေတော့တယ်။

"ရစ်ခီ တစ်ယောက်တည်းဘာတွေပြောနေတာလဲ"

သူ့ဘေးကိုရုတ်တရက်ရောက်လာပြီး စကားပြောလာတဲ့လူကြောင့် ရစ်ခီလည်းလန့်သွားတော့တယ်။

"ရား အီဂျောင်ဟျွန်းမကောင်းတဲ့လူ လူကိုလန့်အောင်လို့ အသံမပေးဘာမပေးနဲ့ ရောက်လာပြီး ရုတ်တရက်စကားပြောရတာလဲ"

"ဘာတွေတွေးနေလို့ ဒီလောက်တောင်လန့်သွားရတာလဲ ကလေးရဲ့" ဂျောင်ဟျွန်းက ရစ်ခီရဲ့ဆံပင်ကိုဖွပြီး ခေါင်းကိုပွတ်ကာပြောနေတော့တယ်။

"ဖယ်စမ်း ဘယ်သူကမင်းရဲ့ကလေးလဲ ဆွဲထိုးလိုက်ရတာ" ရစ်ခီကဂျောင်ဟျွန်းရဲ့လက်ကို ပုတ်ချပြီးတော့ ထွက်သွားတော့တယ်။

ဂျောင်ဟျွန်းမှာလည်း ထွက်သွားတဲ့ရစ်ခီအနောက်ကို ပြေးလိုက်ရတော့တယ်။

"ရှန်ချွမ်ရွေ့ဘာဖြစ်နေတာလဲ စိတ်ကောက်နေတာလား"

"ဘယ်သူကစိတ်ကောက်နေလို့လဲ"

ပြန်အော်တဲ့ရစ်ခီကိုကြည့်‌ရုံနဲ့ စိတ်ကောက်နေမှန်း ဂျောင်ဟျွန်းသိလိုက်တော့တယ်။

"ဟုတ်ပါတယ် စိတ်ကောက်နေတာပဲ
ဒီတစ်ခါရောဘာဖြစ်ပြန်ပြီလဲ"

"ဘယ်သူက စိတ်ကောက်နေလို့လဲ အီဂျောင်ဟျွန်းရယ် ဘလိုင်းဒိတ်သွားလုပ်တာမဟုတ်ဘူးလား ဘာကိစ္စဒီကိုရောက်လာရတာလဲ"

ဘလိုင်းဒိတ်? ကြည့်ရတာ တစ်စုံတစ်ခီက ကြားချင်တာတွေကြားပြီး စိတ်ကောက်နေတဲ့ပုံပါပဲ။

"ဘလိုင်းဒိတ်ကိစ္စကြောင့်စိတ်ကောက်နေလို့လဲ"

"မင်းဘလိုင်းဒိတ်သွားတာနဲ့ ငါကစိတ်ကောက်ရအောင် ငါနဲ့မင်းကဘာတွေမို့လို့လဲ အီဂျောင်ဟျွန်းရယ်"

"ငါတို့ကသူငယ်ချင်းတွေလေ" ဂျောင်ဟျွန်းကမဆိုင်းမတွပြန်ဖြေတော့တယ်။

You've reached the end of published parts.

⏰ Last updated: Apr 17, 2023 ⏰

Add this story to your Library to get notified about new parts!

Boys Planet One Shots Collection Where stories live. Discover now