Dreamlike || BinTae

213 25 0
                                    

[unicode]

ဒီနေ့ညမှာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းထွက်မှာဖြစ်လို့ ဟန်ဘင်းတို့သူငယ်ချင်းတစ်သိုက် စားသောက်ဆိုင်တစ်ဆိုင်မှာစုံဖြစ်ကြတယ်။

"ဟေ့ကောင်တွေ အောင်စာရင်းထွက်ဖို့ ဘယ်လောက်မှမလိုတော့ဘူးနော် ရင်ခုန်လိုက်တာ oops" ဝွန်းဂီတစ်ယောက် အောင်စာရင်းထွက်တော့မှာကိုတွေးပြီး ပျော်နေတဲ့ပုံပင်။

"အင်း စိတ်မပူနဲ့ မင်းမအောင်ဘူးတဲ့"

"ရား ပတ်ဟန်ဘင်း အစုတ်ပလုတ် ပါးစပ်‌ပုပ်ကြီးနဲ့လျှောက်မပြောစမ်းနဲ့ ဖက် ဖက် ဖက် ပတ်ခ်ဟန်ဘင်းပြောတာတွေ လွဲပါစေ ပယ်ပါစေ ငါဆိုတဲ့ ချာဝွန်းဂီအချောလေး စာမေးပွဲကိုအမှတ်ပြည့်နဲ့ အောင်ပါစေ"

ဝွန်းဂီတစ်ယောက် ဟန်ဘင်းရဲ့ပခုံးကိုရိုက်ရင်း ပါးစပ်ကဆုတောင်းနေတော့တယ်

မင်ဆော့မှာတော့ ဘာစကားမှမပြောဘဲ ခေါင်းတခါခါနဲ့ သူတို့နှစ်ယောက်ကိုသာ ထိုင်ကြည့်နေတော့တယ်။

ဟန်ဘင်းတစ်ယောက်ဝွန်းဂီကိုစပြီး‌တဲ့နောက် အပြင်ဘက်ကိုပဲ ခဏခဏကြည့်နေတော့တယ်။

"ဟူး အမြင်ကပ်ဖို့ကောင်းလိုက်တဲ့ပတ်ဟန်ဘင်း လည်ပင်းကြီးလည်းရှည်ထွက်သွားဦးမယ် အချိန်တန်ရင်လာမှာပေါ့ မျှော်နေတာများ မြင်မကောင်းလိုက်တာ"

"ဘာဖြစ်လဲချာဝွန်းဂီရယ် ငါ့မှာမှမျှော်စရာလူရှိသေးတယ် မင်းမှာဆိုရင် မျှော်စရာလူတောင်မရှိဘူးမလား"

"အောမော အောမော အောမော ချာဝွန်းဂီကို လာတိုက်ခိုက်နေတာလား ချာဝွန်းဂီကမျှော်ရမဲ့လူမဟုတ်ဘူးလေ ဝွန်းဂီကအမျှော်ခံရမဲ့သူ"

ဟန်ဘင်းလည်း ဝွန်းဂီပြောတာကို နား‌မထောင်ဘဲနဲ့ အပြင်ကိုသာမျှော်မြဲမျှော်နေတော့တယ်။

ခဏအကြာမှာ ဆိုင်ထဲကို ပခုံးဖက်ပြီးဝင်လာတဲ့လူနှစ်ယောက်ကြောင့် ဟန်ဘင်းတစ်ယောက် မျက်မှောင်ကြုတ်လိုက်တော့တယ်

"သဝန်တိုနေတာ မြင်မကောင်းချက်ပဲ" ဝွန်းဂီကဟန်ဘင်းရဲ့နားအနားကပ်ပြီး ပြောလိုက်တော့ ဟန်ဘင်းရဲ့မျက်စောင်းက ဝွန်းဂီ့ဆီကိုရောက်လာတော့တယ်။

Boys Planet One Shots Collection Where stories live. Discover now